ၾကားသိသမွ်

ဗိုလ်နဂါး၏ပြည်သူအားလုံးအတွက် နှစ်သစ်ဆုတောင်း

မြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံး နှစ်သစ်မှာ စိတ်သစ် လူသစ် ခွန်အားသစ် အတွေးအမြင်သစ်တွေပြည့်ဝနေပြီး သစ်လွင်တောက်ပတဲ့ နိုင်ငံတော်ကြီးကိုဖန်တီးရယူဖို့ စိတ်ရောကိုယ်ပါ ကြံခိုင်သန်မာသူများဖြစ်ကြပါစေ……

ဒီကာလအတွင်း အာဏာသိမ်းစစ်အုပ်စုကကျင်းပတဲ့ သက်ြန်ပွဲတွေမှာ ပါဝင်ဆင်နွဲခြင်းမပြုပဲ ဆန့်ကျင်ပေးကြတဲ့ပြည်သူအားလုံးကိုလည်း လေးစားကျေးဇူးတင်ကြောင်းပြောလိုပါတယ်…..

ဒီပွဲဟာ လက်နက်ကိုင်ပြီး လူတွင်ကျယ်လူမိုက်ကြီးတွေလုပ်ခဲ့သမျှပြည်သူတွေက အာဏာသိမ်းတဲ့ဖြစ်စဉ်တခုလုံးကိုဆန့်ကျင်ကြောင်းပြသရာရောက်သလို စစ်ဗိုလ်ချုပ်ကြီးတွေ စစ်ခေါင်းဆောင်ကြီးတွေကို ပြည်သူကလူရာမသွင်းကြောင်း ပြသရာလည်းရောက်ပါတယ်……

သက်ြန်ဆိုတာလည်း အဟောင်းအဆိုး အညစ်အနွမ်းတွေထဲကနေ သစ်လွင်ကောင်းမွန်တဲ့ဆီကို ကူးပြောင်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်းပြည်ရဲ့ခေတ်အဆက်ဆက် ပွဲသတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်…..

အခုက ကျွန်ုပ်တို့တိုင်းပြည်ဟာ စစ်အုပ်စုပေးတဲ့ဒုက္ခတွေ အဟောင်းအဆိုးအညစ်အနွမ်းတွေ အနာတရတွေကြားထဲမှာပဲနစ်မြုပ်နေဆဲမို့ ယခု စစ်အုပ်ကကျင်းပတဲ့သက်ြန်ပွဲဆိုတာလည်း အတုအယောင် သက်ြန်ပွဲပဲဖြစ်တယ်……

ဒါကြောင့် ကျွန်ုပ်တို့တိုင်းပြည်နဲ့လူထုဘဝ စစ်အုပ်စုလက်အောက်ကရုန်းထွက်နိုင်ပြီးနောက် လွတ်လပ်ငြိမ်းချမ်းပြီး သစ်လွင်တောက်ပ သုခတွေနဲ့ပြည့်နှက်နေတဲ့ ခေတ်မှီနိုင်ငံတော်ကြီးတည်ဆောက်နိုင်သည်အထိ ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားကြပြီး ပန်းတိုင်ရောက်မှ ဘယ်လပဲဖြစ်ဖြစ် သက်ြန်ပွဲအစစ်ကျင်းပကြရအောင်ပါ……


စစ်အုပ်စုပြုတ်ကြ တိုင်းပြည်လွတ်လပ်ရေးရတဲ့နေ့မှ ပြည်သူတွေ မြူးတူးခုန်ကရေသဘင်ပွဲတော် သက်ြန်ကိုကျင်းပကြရအောင်ပါ……

အဲဒီအတွက် အောင်ပွဲရဖို့ တိုက်တဲ့သူကတိုက် ကူတဲ့သူကကူ ပြည်သူ့အင်အားနဲ့ တိုင်းပြည်ကို စစ်နွံထဲကဆွဲထုတ်ဖို့ အားတိုက်အင်တိုက် ညီညာဖျဖျ ဆက်ကြိုးစားကြပါစို့လို့ ဆုတောင်းမေတ္တာစာရေးရင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်……

#ဗိုလ်နဂါး

#မြန်မာ့တော်ဝင်နဂါးတပ်တော်


ဒီကာလအတွင်း အာဏာသိမ်းစစ်အုပ်စုကကျင်းပတဲ့ သက်န်ြပွဲတွေမှာ ပါဝင်ဆင်နွဲခြင်းမပြုပဲ ဆန့်ကျင်ပေးကြတဲ့ပြည်သူအားလုံးကိုလည်း လေးစားကျေးဇူးတင်ကြောင်းပြောလိုပါတယ်…..


သက်န်ြဆိုတာလည်း အဟောင်းအဆိုး အညစ်အနွမ်းတွေထဲကနေ သစ်လွင်ကောင်းမွန်တဲ့ဆီကို ကူးပြောင်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်းပြည်ရဲ့ခေတ်အဆက်ဆက် ပွဲသတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်…..

အခုက ကျွန်ုပ်တို့တိုင်းပြည်ဟာ စစ်အုပ်စုပေးတဲ့ဒုက္ခတွေ အဟောင်းအဆိုးအညစ်အနွမ်းတွေ အနာတရတွေကြားထဲမှာပဲနစ်မြုပ်နေဆဲမို့ ယခု စစ်အုပ်ကကျင်းပတဲ့သက်န်ြပွဲဆိုတာလည်း အတုအယောင် သက်န်ြပွဲပဲဖြစ်တယ်……

ဒါကြောင့် ကျွန်ုပ်တို့တိုင်းပြည်နဲ့လူထုဘဝ စစ်အုပ်စုလက်အောက်ကရုန်းထွက်နိုင်ပြီးနောက် လွတ်လပ်ငြိမ်းချမ်းပြီး သစ်လွင်တောက်ပ သုခတွေနဲ့ပြည့်နှက်နေတဲ့ ခေတ်မှီနိုင်ငံတော်ကြီးတည်ဆောက်နိုင်သည်အထိ ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားကြပြီး ပန်းတိုင်ရောက်မှ ဘယ်လပဲဖြစ်ဖြစ် သက်န်ြပွဲအစစ်ကျင်းပကြရအောင်ပါ……

စစ်အုပ်စုပြုတ်ကြ တိုင်းပြည်လွတ်လပ်ရေးရတဲ့နေ့မှ ပြည်သူတွေ မြူးတူးခုန်ကရေသဘင်ပွဲတော် သက်န်ြကိုကျင်းပကြရအောင်ပါ……


#ဗိုလ်နဂါး
