ၾကားသိသမွ်

ကျောက်ထုအမြောက်တပ်နှင့် ရဲစခန်းအား PDF ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက် ၊ ရဲနှင့်စစ်သားများ ေ သဆုံးထိခိုက်များနိုင်ဟု ထုတ်ပြန်

ကျောက်ထုအမြောက်တပ်နှင့် ရဲစခန်းအား PDF ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက် ၊ ရဲနှင့်စစ်သားများ သေဆုံးထိခိုက်များနိုင်ဟု ထုတ်ပြန်

မောင်မောင်/People’s Spring

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့ရှိ စစ်ကောင်စီ အမြောက်တပ် နှင့် ရဲစခန်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ညပိုင်းတွင် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာရဲနှင့်စစ်သားများသေဆုံးထိခိုက်များနိုင်ကြောင်း ကျောက်ထု PDFက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ည ၁၁နာရီခွဲခန့်တွင် ကျောက်ထုအမြှောက်တပ် နှင့်လေတပ်အတွင်းသို့ ကျောက်ထု PDF နှင့် The Youth Force (saw & kyaukhtu) ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ၁၀ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း၌ပင် ကျောက်ထုရဲစခန်းအား ကျောက်ထု PDF နှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့ တို့မှ လက်နက်ကြီးဖြင့် ၂၇ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ လက်နက်ကြီး အချက်(၂၀ ) ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။ လက်နက်ငယ်များဖြင့်လည်း ၁နာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“အရင်တစ်နေ့က PDF သင်တန်းဆင်းပွဲရှိတယ်။ အဲဒါကို သူတို့ က လှမ်းပြီး အမြောက်နဲ့ထုတာ။ အဲဒါ သင်တန်းဆင်းပွဲ မလုပ်ဘဲ သိမ်းလာခဲ့တာ မနေ့ညက လက်စားချေတာပေါ့” ဟု ဆောမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

လက်နက်ကြီးများစွာ ကျရောက်ပေါက်ကွဲခဲ့သည့် ရဲစခန်း၌အသေအပျောက်များနိုင်ကြောင်း၊ လက်ရှိအချိန်ထိ ရဲစခန်းနားသို့ မည်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ၎င်းကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် ကျောက်ထု PDFမှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီ လက်ပါးစေစစ်သားနှင့် ရဲများဘက်ကလည်း ထိခိုက်ကျဆုံးမှုများနိုင်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကျောက်ထု PDFက သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး ၁၀မိနစ်ခန့်အကြာတွင် လေယာဉ်တစ်စီး ဝဲပြန်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် စစ်သား၊ရဲများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ၎င်းတို့နှင့် အနီးကပ်သွား လာနေထိုင်ခြင်းများ မပြုရန် အထူးမေတ္တာရပ်ခံကြောင်းလည်း ကျောက်ထု PDFက ထုတ်ပြန်သည်။

(The Youth Force (saw & kyaukhtu)တပ်ဖွဲ့ဝင်အချို့)

#လူထုနွေဦး

ေက်ာက္ထုအေျမာက္တပ္ႏွင့္ ရဲစခန္းအား PDF ပူးေပါင္းတပ္က လက္နက္ႀကီးမ်ားျဖင့္ တိုက္ခိုက္ ၊ ရဲႏွင့္စစ္သားမ်ား ေသဆုံးထိခိုက္မ်ားနိုင္ဟု ထုတ္ျပန္

ေမာင္ေမာင္/People’s Spring

မေကြးတိုင္း ေဆာၿမိဳ႕နယ္ ေက်ာက္ထုၿမိဳ႕ရွိ စစ္ေကာင္စီ အေျမာက္တပ္ ႏွင့္ ရဲစခန္းတို႔အား ျပည္သူ႔ကာကြယ္ေရးတပ္(PDF) ပူးေပါင္းတပ္ဖြဲ႕က ယမန္ေန႔ညပိုင္းတြင္ တစ္ၿပိဳင္တည္း တိုက္ခိုက္ခဲ့ရာရဲႏွင့္စစ္သားမ်ားေသဆုံးထိခိုက္မ်ားနိုင္ေၾကာင္း ေက်ာက္ထု PDFက သတင္းထုတ္ျပန္သည္။

ဧၿပီ ၁၆ရက္ သၾကၤန္အတက္ေန႔ည ၁၁နာရီခြဲခန႔္တြင္ ေက်ာက္ထုအေျမႇာက္တပ္ ႏွင့္ေလတပ္အတြင္းသို႔ ေက်ာက္ထု PDF ႏွင့္ The Youth Force (saw & kyaukhtu) ပူးေပါင္းအဖြဲ႕မွ လက္နက္ႀကီးျဖင့္ ၁၀ ခ်က္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ တစ္ခ်ိန္တည္း၌ပင္ ေက်ာက္ထုရဲစခန္းအား ေက်ာက္ထု PDF ႏွင့္ ၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖြဲ႕ တို႔မွ လက္နက္ႀကီးျဖင့္ ၂၇ခ်က္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ရဲစခန္းအတြင္းသို႔ လက္နက္ႀကီး အခ်က္(၂၀ ) က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ေဖာ္ျပထားသည္။ လက္နက္ငယ္မ်ားျဖင့္လည္း ၁နာရီခန႔္ၾကာ အျပန္အလွန္ ပစ္ခတ္ခဲ့သည္ဟုဆိုသည္။

“အရင္တစ္ေန႔က PDF သင္တန္းဆင္းပြဲရွိတယ္။ အဲဒါကို သူတို႔ က လွမ္းၿပီး အေျမာက္နဲ႔ထုတာ။ အဲဒါ သင္တန္းဆင္းပြဲ မလုပ္ဘဲ သိမ္းလာခဲ့တာ မေန႔ညက လက္စားေခ်တာေပါ့” ဟု ေဆာၿမိဳ႕နယ္ ေဒသခံ တစ္ဦးက ေျပာသည္။

လက္နက္ႀကီးမ်ားစြာ က်ေရာက္ေပါက္ကြဲခဲ့သည့္ ရဲစခန္း၌အေသအေပ်ာက္မ်ားနိုင္ေၾကာင္း၊ လက္ရွိအခ်ိန္ထိ ရဲစခန္းနားသို႔ မည္သူ႔ကိုမွ ျဖတ္သန္းသြားလာခြင့္မျပဳေၾကာင္း ၎ကဆိုသည္။

အဆိုပါ တိုက္ခိုက္မႈျဖစ္စဥ္တြင္ ေက်ာက္ထု PDFမွ ရဲေဘာ္ တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ စစ္ေကာင္စီ လက္ပါးေစစစ္သားႏွင့္ ရဲမ်ားဘက္ကလည္း ထိခိုက္က်ဆုံးမႈမ်ားနိုင္ၿပီး အတည္ျပဳနိုင္ျခင္းမရွိေသးေၾကာင္း ေက်ာက္ထု PDFက သတင္းထုတ္ျပန္သည္။

တိုက္ခိုက္မႈျဖစ္စဥ္အၿပီး ၁၀မိနစ္ခန႔္အၾကာတြင္ ေလယာဥ္တစ္စီး ဝဲျပန္ခဲ့ေၾကာင္းလည္း ေဖာ္ျပထားသည္။

ျပည္သူမ်ားအေနျဖင့္ စစ္သား၊ရဲမ်ားႏွင့္ ေပါင္းသင္းဆက္ဆံျခင္း၊ ၎တို႔ႏွင့္ အနီးကပ္သြား လာေနထိုင္ျခင္းမ်ား မျပဳရန္ အထူးေမတၱာရပ္ခံေၾကာင္းလည္း ေက်ာက္ထု PDFက ထုတ္ျပန္သည္။

(The Youth Force (saw & kyaukhtu)တပ္ဖြဲ႕ဝင္အခ်ိဳ႕)

#လူထုေႏြဦး