ၾကားသိသမွ်

မုံရွာ – ချောင်ဦးလမ်းပိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ် ကင်း​ပွိုင့်နေရာ စီးနင်းခံရပြီး PDF ငါးဦးကျဆုံး

မုံရွာ – ချောင်ဦးလမ်းပိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ် ကင်း​ပွိုင့်နေရာ စီးနင်းခံရပြီး PDF ငါးဦးကျဆုံး

အောင်ဇေယျ/ People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ ကင်းပွိုင့်နေရာတစ်ခု စီးနင်းခံရပြီး ​ဒေသခံPDF ငါးဦး ပစ်သတ်ခံရ၍ ကျဆုံးခဲ့ရကြောင်း မုံရွာသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက အတည်ပြုသည်။

ယနေ့ (ဧပြီ ၁၇ ရက်) နှစ်ဆန်းတစ်ရက်​နေ့ နံနက်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ ​ဒေသခံPDF ကင်းပွိုင့်တစ်ခုအား ဒလန်သတင်းပေးမှုဖြင့် ပျူစောထီးများရောက်ရှိလာပြီး PDF ငါးဦးအား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

“သပိတ်စစ်ကြောင်းအပြီး ခဏအကြာမှာပဲ မုံရွာ – ချောင်းဦး လမ်းပိုင်းကို တာဝန်ယူကြီးကြပ်ဆောင်ရွက်နေတဲ့ Local PDF ကင်းပွိုင့်တစ်ခုကို တောပုရွာက ပျူစောထီးတွေက ဒလံသတင်းပေးမှုအရ PDF ပွိုင့်နေရာအတိအကျကိုသိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။PDF ငါးဦးအဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်”ဟု ကိုသန်းကျော်ဦးက ပြောသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာပင်မ သပိတ်စစ်ကြောင်းသည် PDFများနှင့်အတူ လူထုအင်အားအများအပြားဖြင့် မိနစ် ၂၀ကြာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ သပိတ်စစ်ကြောင်းသည် စကစ၊ ပျူများနှင့် ထိတွေ့မှု တစ်စုံတစ်ရာမှ မဖြစ်ခဲ့သလို သပိတ်စစ်ကြောင်းလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာ လူစုခွဲနိုင်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းတွင် လိုက်ပါလာသည့် မိဘပြည်သူများနှင့် PDF များ အန္တရာယ်မရှိခဲ့ကြောင်း မုံရွာပင်မသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက ပြောသည်။

မုံရြာ – ေခ်ာင္ဦးလမ္းပိုင္းရွိ ျပည္သူ႔ကာကြယ္​ေရးတပ္ ကင္း​ပြိဳင့္ေနရာ စီးနင္းခံရၿပီး PDF ငါးဦးက်ဆုံး

ေအာင္ေဇယ်/ People’s Spring

စစ္ကိုင္းတိုင္း၊ မုံရြာ-ေခ်ာင္းဦးလမ္းပိုင္းရွိ ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕တစ္ဖြဲ႕၏ ကင္းပြိဳင့္ေနရာတစ္ခု စီးနင္းခံရၿပီး ​ေဒသခံPDF ငါးဦး ပစ္သတ္ခံရ၍ က်ဆုံးခဲ့ရေၾကာင္း မုံရြာသပိတ္စစ္ေၾကာင္းေကာ္မတီမွ ကိုသန္းေက်ာ္ဦးက အတည္ျပဳသည္။

ယေန႔ (ဧၿပီ ၁၇ ရက္) ႏွစ္ဆန္းတစ္ရက္​ေန႔ နံနက္တြင္ မုံရြာ-ေခ်ာင္းဦးလမ္းပိုင္းရွိ ​ေဒသခံPDF ကင္းပြိဳင့္တစ္ခုအား ဒလန္သတင္းေပးမႈျဖင့္ ပ်ဴေစာထီးမ်ားေရာက္ရွိလာၿပီး PDF ငါးဦးအား သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း ကိုသန္းေက်ာ္ဦးက ေျပာသည္။

“သပိတ္စစ္ေၾကာင္းအၿပီး ခဏအၾကာမွာပဲ မုံရြာ – ေခ်ာင္းဦး လမ္းပိုင္းကို တာဝန္ယူႀကီးၾကပ္ေဆာင္ရြက္ေနတဲ့ Local PDF ကင္းပြိဳင့္တစ္ခုကို ေတာပုရြာက ပ်ဴေစာထီးေတြက ဒလံသတင္းေပးမႈအရ PDF ပြိဳင့္ေနရာအတိအက်ကိုသိၿပီး ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။PDF ငါးဦးအဖမ္းခံရၿပီးေတာ့ ခ်က္ခ်င္းပဲ ပ်ဴေစာထီးေတြက ရက္ရက္စက္စက္ပစ္သတ္ခဲ့ပါတယ္”ဟု ကိုသန္းေက်ာ္ဦးက ေျပာသည္။

မုံရြာ – မႏၲေလးလမ္းမႀကီးေပၚတြင္ မုံရြာပင္မ သပိတ္စစ္ေၾကာင္းသည္ PDFမ်ားႏွင့္အတူ လူထုအင္အားအမ်ားအျပားျဖင့္ မိနစ္ ၂၀ၾကာ စစ္ေကာင္စီကို ဆန႔္က်င္ေၾကာင္း ခ်ီတက္သပိတ္ေမွာက္ ဆႏၵျပခဲ့ၾကသည္။

အဆိုပါ သပိတ္စစ္ေၾကာင္းသည္ စကစ၊ ပ်ဴမ်ားႏွင့္ ထိေတြ႕မႈ တစ္စုံတစ္ရာမွ မျဖစ္ခဲ့သလို သပိတ္စစ္ေၾကာင္းလည္း ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ၿပီး ေဘးအႏၲရာယ္ကင္းစြာ လူစုခြဲနိုင္ခဲ့ေၾကာင္း၊ သပိတ္စစ္ေၾကာင္းတြင္ လိုက္ပါလာသည့္ မိဘျပည္သူမ်ားႏွင့္ PDF မ်ား အႏၲရာယ္မရွိခဲ့ေၾကာင္း မုံရြာပင္မသပိတ္စစ္ေၾကာင္းေကာ္မတီမွ ကိုသန္းေက်ာ္ဦးက ေျပာသည္။