ၾကားသိသမွ်

နှစ် ၂၀ ကျော် ပျောက်နေတဲ့အမေကို ဖေ့ဘုတ်ပေါ်မှာ တွေ့ရှိခြင်း ….

နှစ် ၂၀ ကျော် ပျောက်နေတဲ့အမေကို ဖေ့ဘုတ်ပေါ်မှာ တွေ့ရှိခြင်း ….

သင်္ကြန်မတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက နှစ် ၂၀ ကျော် ကွဲကွာနေတဲ့ အမေပျောက်ရှာနေတဲ့ ညီငယ် ချာတိတ် မောင်စိုင်းလေးအကြောင်း ရေးဖြစ်ခဲ့ပါတယ် ။

ဟောင်းနွမ်းနေတဲ့ သဲလွန်စ ဓါတ်ပုံလေးက ကံကောင်းအကြောင်းလှစွာ သူတို့သားအမိနှစ်ယောက်ရဲ့ကွဲကွာနေတဲ့ဘဝကို ပေါင်းစည်းပေးနိုင်ခဲ့ပါတယ် ။


ဒီလိုပေါင်းစည်းနိုင်ဘို့အတွက် ကံကောင်းအကြောင်းလှခဲ့တဲ့အထောက်အပံ့တွေကလည်း အများကြီးရှိခဲ့ပါတယ် ။အထူးသဖြင့်ကိုယ်ချင်းတရားနဲ့ဂရုဏာပြည့်ဝတဲ့ အွန်လိုင်းမိတ်ဆွေတွေက အဓိကပေါ့ ။ကာယကံရှင်တွေကိုယ်စားလည်း အားလုံးကို ကျေးဇူးတင်ပါတယ် ။

တိုးတက်လာတဲ့ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ခေတ်မှီနည်းပညာတွေဟာ လူသားတို့ အတွက်အကျိုးရှိရှိအသုံးချတတ်ရင် အသုံးဝင်တယ်ဆိုတာ ဒီဖြစ်စဉ်လေးက သင်ခန်းစာယူဘို့ကောင်းပါတယ် ။


နှစ်၂၀ကျော်ကွဲကွာနေတဲ့အမေ ၊ ဘယ်သောင်ဘယ်စခန်းရောက်နေမှန်းမသိတဲ့အမေ ၊ ဖြူသလားညိုသလားမဲသလား မသိတဲ့အမေ ၊ ဟောင်းနွမ်းနေတဲ့ဓါတ်ပုံထဲက ငယ်ရုပ်ကိုယ်သာ မြင်ဘူးတဲ့အမေကို လက်ဝါးလောက်ရှိတဲ့ဖုန်းလေးနဲ့ အနှစ်နှစ်အလလ အမေရှာပုံဖွင့်ခဲ့တဲ့မောင်စိုင်းလေးဟာ ခုတော့ သူတွေ့ချင်တဲ့အမေကို ရှာဖွေတွေ့ရှိသွားပါပြီ ။


နှစ်သစ်မှာ နိုင်ငံသူ နိုင်ငံသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလို့ ဘေးဘရာဝေးကွာကြပါစေ …

ဇော်မိုးထက် ( ဖားကန့် )

ကျနော်ရေးခဲ့တဲ့Mg Sailay တို့သားအမိအကြောင်း 👉 https://www.facebook.com/100003145345828/posts/5014941651953963/?d=n

#crd

ႏွစ္ ၂၀ ေက်ာ္ ေပ်ာက္ေနတဲ့အေမကို ေဖ့ဘုတ္ေပၚမွာ ေတြ႕ရွိျခင္း ….

သၾကၤန္မတိုင္ခင္ ၿပီးခဲ့တဲ့ရက္ပိုင္းက ႏွစ္ ၂၀ ေက်ာ္ ကြဲကြာေနတဲ့ အေမေပ်ာက္ရွာေနတဲ့ ညီငယ္ ခ်ာတိတ္ ေမာင္စိုင္းေလးအေၾကာင္း ေရးျဖစ္ခဲ့ပါတယ္ ။

ေဟာင္းႏြမ္းေနတဲ့ သဲလြန္စ ဓါတ္ပုံေလးက ကံေကာင္းအေၾကာင္းလွစြာ သူတို႔သားအမိႏွစ္ေယာက္ရဲ့ကြဲကြာေနတဲ့ဘဝကို ေပါင္းစည္းေပးနိုင္ခဲ့ပါတယ္ ။

ဒီလိုေပါင္းစည္းနိုင္ဘို႔အတြက္ ကံေကာင္းအေၾကာင္းလွခဲ့တဲ့အေထာက္အပံ့ေတြကလည္း အမ်ားႀကီးရွိခဲ့ပါတယ္ ။အထူးသျဖင့္ကိုယ္ခ်င္းတရားနဲ႔ဂ႐ုဏာျပည့္ဝတဲ့ အြန္လိုင္းမိတ္ေဆြေတြက အဓိကေပါ့ ။ကာယကံရွင္ေတြကိုယ္စားလည္း အားလုံးကို ေက်းဇူးတင္ပါတယ္ ။

တိုးတက္လာတဲ့႐ုပ္ဝတၳဳပစၥည္းေတြနဲ႔ေခတ္မွီနည္းပညာေတြဟာ လူသားတို႔ အတြက္အက်ိဳးရွိရွိအသုံးခ်တတ္ရင္ အသုံးဝင္တယ္ဆိုတာ ဒီျဖစ္စဥ္ေလးက သင္ခန္းစာယူဘို႔ေကာင္းပါတယ္ ။

ႏွစ္၂၀ေက်ာ္ကြဲကြာေနတဲ့အေမ ၊ ဘယ္ေသာင္ဘယ္စခန္းေရာက္ေနမွန္းမသိတဲ့အေမ ၊ ျဖဴသလားညိဳသလားမဲသလား မသိတဲ့အေမ ၊ ေဟာင္းႏြမ္းေနတဲ့ဓါတ္ပုံထဲက ငယ္႐ုပ္ကိုယ္သာ ျမင္ဘူးတဲ့အေမကို လက္ဝါးေလာက္ရွိတဲ့ဖုန္းေလးနဲ႔ အႏွစ္ႏွစ္အလလ အေမရွာပုံဖြင့္ခဲ့တဲ့ေမာင္စိုင္းေလးဟာ ခုေတာ့ သူေတြ႕ခ်င္တဲ့အေမကို ရွာေဖြေတြ႕ရွိသြားပါၿပီ ။

ႏွစ္သစ္မွာ နိုင္ငံသူ နိုင္ငံသားမ်ား အားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာလို႔ ေဘးဘရာေဝးကြာၾကပါေစ …

ေဇာ္မိုးထက္ ( ဖားကန႔္ )

က်ေနာ္ေရးခဲ့တဲ့Mg Sailay တို႔သားအမိအေၾကာင္း 👉 https://www.facebook.com/100003145345828/posts/5014941651953963/?d=n

#crd