ၾကားသိသမွ်

လေယာဉ်နဲ့အတူ အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင် အယောက်၃၀နီးပါးရှိ

လေယာဉ်နဲ့အတူ အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင် အယောက်၃၀နီးပါးရှိ
—————————

KNA| April 16,2022./နွေဦးပြည့်စုံ

လေယာဉ်နဲ့အတူ အလင်းဝင်လာဖို့ ဆက်သွယ်တဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ အယောက်၂၀ကြားက‌ နေ ၃၀အထိရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က Press Secretaryဦးနေဘုန်းလတ်ကပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဧပြီ၁၆ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ လေတပ်CDMနဲ့ပတ်သက်လို့ မေးမြန်းမှုကို Press Secretaryဦးနေဘုန်းလတ်ကပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဘယ်ကွင်း၊ ဘယ်ကွင်းတွေမှာ ဆင်းလို့ရတယ်ဆိုတာတော့ ဒါလုံ ခြုံရေးအရ မပြောပါဘူး။ဒါပေမဲ့ ဒါနဲ့ပတ်သတ်လို့ ကျနော်တို့ကို ဆက်သွယ်ဆောင်ရွက်နေတာတွေ အများကြီးကြုံတွေ့နေပါတယ်။ကျနော်တို့ဆီကို ဆက်သွယ်လာတာတွေရှိပါတယ်။ကျနော်တို့ အစုိးရအဖွဲ့ ဝန်ကြီးတွေဆီကို ဆက်သွယ်တာရှိပါတယ်။

အဲဒီလိုဟာမျိုးတွေကို စနစ်တကျ စိစစ်ဖို့ အဖွဲ့အစည်းဖွဲ့ပြီးဆောင်ရွက်နေတာရှိပါတယ်။သူတို့က တကယ် CDMဝင်ချင်တာလား။ကျနော်တို့လုပ်ငန်းစဥ်တွေနှောက့်နှေးအောင်လုပ်ချင်တာလားပေါ့။ စီ စစ်လို့မှန်ကန်ရင်တော့ တကယ်လက်ခံသွားမှာပါ။ တရားဝင်တယ်လီဂရမ်ကဆက်သွယ်လာတာတော့ ၂၀နဲ့၃၀ကြားရှိပါတယ်။ ဒါအခုထုတ်ပြန်တာပေါ့။မကြာခင် လက်တွေ့လည်းထွက်လာတာ မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

တိုက်လေယာဉ်နဲ့အတူ ‌ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာရင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်းပေးမယ်လို့ ဧပြီလ (၇) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကကြေညာခဲ့ပါတယ်။

“မည်သူမဆို- ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ပေးအပ်မယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ေလယာဥ္နဲ႔အတူ အလင္းဝင္ဖို႔ ဆက္သြယ္လာတဲ့ စစ္‌ေကာင္စီတပ္ဖြဲ႕ဝင္ အေယာက္၃၀နီးပါးရွိ
—————————

KNA| April 16,2022./ေႏြဦးျပည့္စုံ

ေလယာဥ္နဲ႔အတူ အလင္းဝင္လာဖို႔ ဆက္သြယ္တဲ့ စစ္‌ေကာင္စီတပ္ဖြဲ႕ဝင္ေတြ အေယာက္၂၀ၾကားက‌ ေန ၃၀အထိရွိေနတယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရအဖြဲ႕ က Press Secretaryဦးေနဘုန္းလတ္ကေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ဧၿပီ၁၆ရက္မွာ က်င္းပတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရအဖြဲ႕တႏွစ္ျပည့္သတင္းစာရွင္းလင္းပြဲမွာ ေလတပ္CDMနဲ႔ပတ္သက္လို႔ ေမးျမန္းမႈကို Press Secretaryဦးေနဘုန္းလတ္ကျပန္လည္ေျဖၾကားခဲ့ပါတယ္။

“ဘယ္ကြင္း၊ ဘယ္ကြင္းေတြမွာ ဆင္းလို႔ရတယ္ဆိုတာေတာ့ ဒါလုံ ျခဳံေရးအရ မေျပာပါဘူး။ဒါေပမဲ့ ဒါနဲ႔ပတ္သတ္လို႔ က်ေနာ္တို႔ကို ဆက္သြယ္ေဆာင္ရြက္ေနတာေတြ အမ်ားႀကီးၾကဳံေတြ႕ေနပါတယ္။က်ေနာ္တို႔ဆီကို ဆက္သြယ္လာတာေတြရွိပါတယ္။က်ေနာ္တို႔ အစုိးရအဖြဲ႕ ဝန္ႀကီးေတြဆီကို ဆက္သြယ္တာရွိပါတယ္။

အဲဒီလိုဟာမ်ိဳးေတြကို စနစ္တက် စိစစ္ဖို႔ အဖြဲ႕အစည္းဖြဲ႕ၿပီးေဆာင္ရြက္ေနတာရွိပါတယ္။သူတို႔က တကယ္ CDMဝင္ခ်င္တာလား။က်ေနာ္တို႔လုပ္ငန္းစဥ္ေတြေႏွာက့္ေႏွးေအာင္လုပ္ခ်င္တာလားေပါ့။ စီ စစ္လို႔မွန္ကန္ရင္ေတာ့ တကယ္လက္ခံသြားမွာပါ။ တရားဝင္တယ္လီဂရမ္ကဆက္သြယ္လာတာေတာ့ ၂၀နဲ႔၃၀ၾကားရွိပါတယ္။ ဒါအခုထုတ္ျပန္တာေပါ့။မၾကာခင္ လက္ေတြ႕လည္းထြက္လာတာ ျမင္ရလိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္”လို႔ ဦးေနဘုန္းလတ္က ဆိုပါတယ္။

တိုက္ေလယာဥ္နဲ႔အတူ ‌ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံလာရင္ ဆုေငြ အေမရိကန္ေဒၚလာ ၅ သိန္းေပးမယ္လို႔ ဧၿပီလ (၇) ရက္ေန႔မွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ ယာယီသမၼတ ဒူဝါလရွီးလကေၾကညာခဲ့ပါတယ္။

“မည္သူမဆို- ျပည္သူလူထုအား ပစ္ခတ္တိုက္ခိုက္မႈ အလ်ဥ္းမျပဳလုပ္ဘဲ၊ ေလယာဥ္၊ ရဟတ္ယာဥ္၊ တိုက္ေရယာဥ္ႏွင့္တကြ ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံလာလၽွင္ ဆုေငြ အေမရိကန္ေဒၚလာ ၅ သိန္း (သို႔) ျမန္မာက်ပ္ေငြ သိန္း ၁၀,၀၀၀။ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္၊ ေထာက္ပို႔ေလယာဥ္၊ တိုက္ေရယာဥ္မ်ားအား အၾကမ္းဖက္စစ္တပ္ အေျခစိုက္စခန္းတြင္ ရပ္နားထားစဥ္ အႀကီးစားပ်က္စီးမႈ ျဖစ္သည့္အထိ ဖ်က္ဆီးနိုင္လၽွင္ တစ္စီးလၽွင္ ဆုေငြ အေမရိကန္‌ေဒၚလာ ၃ သိန္း (သို႔) ျမန္မာက်ပ္ေငြ သိန္း ၆,၀၀၀ေပးအပ္မယ္”လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။