ၾကားသိသမွ်

မုံရွာ-မန္တ​​လေးလမ်းမ​ပေါ် ချီတက်ခဲ့သည့် မုံရွာပင်မသပိတ်စစ်​ကြောင်း ဖြိုခွင်းခံရပြီး PDF ငါးဦး​​ကျဆုံးဆိုသည်မှာ သတင်းအမှားသာဖြစ်

မုံရွာ-မန္တ​​လေးလမ်းမ​ပေါ် ချီတက်ခဲ့သည့် မုံရွာပင်မသပိတ်စစ်​ကြောင်း ဖြိုခွင်းခံရပြီး PDF ငါးဦး​​ကျဆုံးဆိုသည်မှာ သတင်းအမှားသာဖြစ်

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ်တွင် PDFများဝန်းရံကာ ချီတက်ဆန္ဒပြခဲ့သည့် မုံရွာပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြောင်း မုံရွာပင်မသပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက ​ပြောသည်။

မုံရွာပင်မသပိတ်ဦးဆောင်သည့် လူထုသပိတ်စစ်ကြောင်းသည် ယနေ့နံနက်က မုံရွာ- မန္တလေးလမ်းမကြီးပေါ်တွင် မိနစ် ၂ဝကျော်ကြာသည်အထိ ချီတက်ဆန္ဒပြခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) များကလည်း လက်နက်များကိုင်ဆောင်ကာ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြပြီး မကြာမီတွင် သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး PDF ငါးဦးကျဆုံးသည်ဆိုသည့် သတင်းအမှားများ လူမှုကွန်ရက်စာမျက်နှာတွင် ထွက်​ပေါ်လာခဲ့ခြင်းဖြစ်သည်။

“သတင်းအမှားပါ။မုံရွာ-မန္တလေးလမ်းပိုင်းပေါ် ချီတက်ခဲ့တဲ့ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ ပျူ၊ စကစတွေနဲ့ ထိတွေ့မှုလုံးဝမဖြစ်ခဲ့ပါဘူး။ အောင်အောင်မြင်မြင်ပဲ လူစုခွဲနိုင်ခဲ့ပါတယ်။ သတင်းအမှားတွေပြန့်နေလို့ပါ။ စစ်ကြောင်းထဲက မိဘပြည်သူတွေအကုန်ဘေးကင်းပါတယ်”ဟု ကိုသန်းကျော်ဦးက ပြောသည်။

“စကစရဲ့ဖိနှိပ်မှုတွေကို ခါးဆီးခံပြီး ငါတို့ပိုင်တဲ့ ပြည်သူ့နယ်မြေတွေကို ပြန်သိမ်းယူကြမယ်။ မုံရွာလူထုကြီး အနေနဲ့လည်းဆက်လက်ပြီး ပူးပေါင်းပါဝင်ပေးကြပါ၊ အရေးတော်ပုံကြီးက အောင်တော့မှာပါ တောင့်ခံပေးထားကြပါ”ဟု မုံရွာပင်မသပိတ်စစ်ကြောင်း ကော်မတီက တိုက်တွန်းသည်။

ရုပ်သံ – မုံရွာပင်မသပိတ်စစ်ကြောင်း ကော်မတီ

မုံရြာ-မႏၲ​​ေလးလမ္းမ​ေပၚ ခ်ီတက္ခဲ့သည့္ မုံရြာပင္မသပိတ္စစ္​ေၾကာင္း ၿဖိဳခြင္းခံရၿပီး PDF ငါးဦး​​က်ဆုံးဆိုသည္မွာ သတင္းအမွားသာျဖစ္

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံရြာၿမိဳ႕နယ္ မုံရြာ-မႏၲေလးကားလမ္းမေပၚတြင္ PDFမ်ားဝန္းရံကာ ခ်ီတက္ဆႏၵျပခဲ့သည့္ မုံရြာပင္မသပိတ္စစ္ေၾကာင္း ၿဖိဳခြင္းခံရမႈမရွိဘဲ ေအာင္ျမင္စြာ လူစုခြဲနိုင္ခဲ့ေၾကာင္း မုံရြာပင္မသပိတ္စစ္ေၾကာင္းေကာ္မတီမွ ကိုသန္းေက်ာ္ဦးက ​ေျပာသည္။

မုံရြာပင္မသပိတ္ဦးေဆာင္သည့္ လူထုသပိတ္စစ္ေၾကာင္းသည္ ယေန႔နံနက္က မုံရြာ- မႏၲေလးလမ္းမႀကီးေပၚတြင္ မိနစ္ ၂ဝေက်ာ္ၾကာသည္အထိ ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္(PDF) မ်ားကလည္း လက္နက္မ်ားကိုင္ေဆာင္ကာ ပူးေပါင္းပါဝင္ခဲ့ၾကသည္။

ဆႏၵျပၿပီး မၾကာမီတြင္ သပိတ္စစ္ေၾကာင္းၿဖိဳခြင္းခံရၿပီး PDF ငါးဦးက်ဆုံးသည္ဆိုသည့္ သတင္းအမွားမ်ား လူမႈကြန္ရက္စာမ်က္ႏွာတြင္ ထြက္​ေပၚလာခဲ့ျခင္းျဖစ္သည္။

“သတင္းအမွားပါ။မုံရြာ-မႏၲေလးလမ္းပိုင္းေပၚ ခ်ီတက္ခဲ့တဲ့ မုံရြာပင္မသပိတ္စစ္ေၾကာင္းဟာ ပ်ဴ၊ စကစေတြနဲ႔ ထိေတြ႕မႈလုံးဝမျဖစ္ခဲ့ပါဘူး။ ေအာင္ေအာင္ျမင္ျမင္ပဲ လူစုခြဲနိုင္ခဲ့ပါတယ္။ သတင္းအမွားေတြျပန႔္ေနလို႔ပါ။ စစ္ေၾကာင္းထဲက မိဘျပည္သူေတြအကုန္ေဘးကင္းပါတယ္”ဟု ကိုသန္းေက်ာ္ဦးက ေျပာသည္။

“စကစရဲ့ဖိႏွိပ္မႈေတြကို ခါးဆီးခံၿပီး ငါတို႔ပိုင္တဲ့ ျပည္သူ႔နယ္ေျမေတြကို ျပန္သိမ္းယူၾကမယ္။ မုံရြာလူထုႀကီး အေနနဲ႔လည္းဆက္လက္ၿပီး ပူးေပါင္းပါဝင္ေပးၾကပါ၊ အေရးေတာ္ပုံႀကီးက ေအာင္ေတာ့မွာပါ ေတာင့္ခံေပးထားၾကပါ”ဟု မုံရြာပင္မသပိတ္စစ္ေၾကာင္း ေကာ္မတီက တိုက္တြန္းသည္။

႐ုပ္သံ – မုံရြာပင္မသပိတ္စစ္ေၾကာင္း ေကာ္မတီ