ၾကားသိသမွ်

လုံခြုံရေး တင်းကျပ်တဲ့နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်ရုံး ခြံဝင်းရှေ့ ဗုံးပေါက်ကွဲ

ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်ရုံး ခြံဝင်းရှေ့ ဗုံးပေါက်ကွဲ

ဧပြီ ၁၆ သင်္ကြန်အတက်နေ့

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံး ခြံဝင်း အပြင်ဘက် ကားလမ်းဘေးက လူသွားလမ်းနေရာ မှာ သင်္ကြန်အတက်နေ့ည ၉ နာရီလောက် အချိန် အဝေးထိန်း ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိပါတယ်။

ဘယ်သူတွေက လာရောက် ဗုံးထောင် ဖေါက်ခွဲတယ် ဆိုတာကိုတော့ မသိရသေးပါ။ လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိပါ။
တခြား မြို့ရွာ ဒေသက ပြည်ခိုင်ဖြိုး ရုံးတွေ ဗုံးခွဲ တိုက်ခိုက်ခံ ရတာတွေ ရှိပေမယ့် အခုလို လုံခြုံရေး တင်းကျပ်တဲ့ နေပြည်တော် ဌာနချုပ်ရုံး အနီး ဗုံးခွဲမှုကတော့ ဒါ ပထမဆုံး ဖြစ်မယ်လို့ ယူဆရပါတယ်။

အခုလ ၂ ရက်နေ့တုန်း ကတော့ မန္တလေးက ပြည်ခိုင်ဖြိုးပါတီ ရုံး ၂ ခု ကို ဗုံးနဲ့ တိုက်ခိုက်တာ မျိုး နောက်ဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်မှုတွေ နိုင်ငံ အနှံ့ အများ အပြား ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်ဘက်က ရပ်တည် ကာကွယ် သူတွေနဲ့ ထောက်ခံ သူတွေ တိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ နီးစပ်သူ အရေအတွက် ၁၅၀၀ လောက် သတ်ဖြတ်ခံခဲ့ ရပြီလည်း ဖြစ်ပါတယ်။

အခု ပြည်ခိုင်ဖြိုး ဌာနချုပ် ခြံဝင်းထဲမှာလည်း အဲဒီလို သတ်ဖြတ်ခံရသူတွေ အတွက် အထိမ်းအမှတ် ကျောက်တိုင်ကို ပြည်ခိုင်ဖြိုး ပါတီက မတ်လ ၂၆ ရက်နေ့က စိုက်ထူထားပါတယ်။
#THN f j

ျပည္ခိုင္ၿဖိဳး ပါတီ ဌာနခ်ဳပ္႐ုံး ၿခံဝင္းေရွ႕ ဗုံးေပါက္ကြဲ

ဧၿပီ ၁၆ သၾကၤန္အတက္ေန႔

ေနျပည္ေတာ္ ျပည္ခိုင္ၿဖိဳးပါတီ ဌာနခ်ဳပ္႐ုံး ၿခံဝင္း အျပင္ဘက္ ကားလမ္းေဘးက လူသြားလမ္းေနရာ မွာ သၾကၤန္အတက္ေန႔ည ၉ နာရီေလာက္ အခ်ိန္ အေဝးထိန္း ဗုံးတလုံး ေပါက္ကြဲခဲ့ေၾကာင္း သတင္း ရရွိပါတယ္။

ဘယ္သူေတြက လာေရာက္ ဗုံးေထာင္ ေဖါက္ခြဲတယ္ ဆိုတာကိုေတာ့ မသိရေသးပါ။ လူတဦးတေယာက္မွ ထိခိုက္ဒဏ္ရာ မရရွိပါ။

တျခား ၿမိဳ႕ရြာ ေဒသက ျပည္ခိုင္ၿဖိဳး ႐ုံးေတြ ဗုံးခြဲ တိုက္ခိုက္ခံ ရတာေတြ ရွိေပမယ့္ အခုလို လုံျခဳံေရး တင္းက်ပ္တဲ့ ေနျပည္ေတာ္ ဌာနခ်ဳပ္႐ုံး အနီး ဗုံးခြဲမႈကေတာ့ ဒါ ပထမဆုံး ျဖစ္မယ္လို႔ ယူဆရပါတယ္။

အခုလ ၂ ရက္ေန႔တုန္း ကေတာ့ မႏၲေလးက ျပည္ခိုင္ၿဖိဳးပါတီ ႐ုံး ၂ ခု ကို ဗုံးနဲ႔ တိုက္ခိုက္တာ မ်ိဳး ေနာက္ဆုံး ျဖစ္ပြားခဲ့ေၾကာင္းလည္း သိရပါတယ္။

၂၀၂၁ ေဖေဖၚဝါရီ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီကို လက္နက္ကိုင္ ဆန႔္က်င္ တိုက္ခိုက္မႈေတြ နိုင္ငံ အႏွံ့ အမ်ား အျပား ေပၚေပါက္လာခဲ့ၿပီး စစ္တပ္ဘက္က ရပ္တည္ ကာကြယ္ သူေတြနဲ႔ ေထာက္ခံ သူေတြ တိုက္ခိုက္သတ္ျဖတ္ခံရမႈေတြ ရွိခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီဝင္နဲ႔ နီးစပ္သူ အေရအတြက္ ၁၅၀၀ ေလာက္ သတ္ျဖတ္ခံခဲ့ ရၿပီလည္း ျဖစ္ပါတယ္။

အခု ျပည္ခိုင္ၿဖိဳး ဌာနခ်ဳပ္ ၿခံဝင္းထဲမွာလည္း အဲဒီလို သတ္ျဖတ္ခံရသူေတြ အတြက္ အထိမ္းအမွတ္ ေက်ာက္တိုင္ကို ျပည္ခိုင္ၿဖိဳး ပါတီက မတ္လ ၂၆ ရက္ေန႔က စိုက္ထူထားပါတယ္။

#THN f j