ၾကားသိသမွ်

ကမ္ဘာ့ဒီမိုကရေစီ တံခါးကြီးကို ခေါက်ဖွင့်ခြင်း

ကမ္ဘာ့ဒီမိုကရေစီ တံခါးကြီးကို ခေါက်ဖွင့်ခြင်း
___________________________________

ကာဝန်ပုံ တင်လိုက်တာ ဇာလန်းစကီးတောင် နောက်ရောက်သွားသလိုပဲ ပြည်သူတွေ ဘယ်လောက် အောင်စိတ်ကို သွေးဆာ နေကြသလဲဆိုတာ

အချို့ဆို ကာဗာရော ပရိုဖိုင်းပါချိန်း အားမန်တွေ ကြွတက်လာနေတာ ယူကရိန်းပြည်သူသားတွေ သိရင် မနာလိုတောင် ဖြစ်နေမလားပဲ
ကိုယ့်အမြင်အရဆို အောက်မှာ PDF ခေါင်းဆောင်တွေ အများကြီး ပေါ်ထွန်းခဲ့ပေမယ့် ပြည်သူ့အပေါ် အာဏာစက်နဲ့ ဩဇာစီးပိုးနိုင်သူဟာ နုကြည်ဝန်တွေပဲ ဖြစ်နေတာကို တွေ့ရတယ်

ဒါဟာ ဦးဆောင်မှု ခေါင်းဆောင်မှုကောင်း ပေးနိုင်မယ်လို့ ပြည်သူက တထစ်ချ ယုံကြည် ပုံအပ်ထားသလို သူတို့ရဲ့ ဩဇာပါဝါဟာ လူထုအပေါ်မှာ စီးမိုးထားနိုင်မှုက အောင်ပွဲအတွက် အဖြေရလဒ်တခုပါဟု ဆိုချင်တာ

သဘောသည် လူထုသည် ဗိုလ်ချုပ်ကို ချစ်သလိုမျိုး သူ့ရဲဩဇာသည် ပြည်သူအတွက် အောင်မြင်မှုကို ရရှိ ဖြစ်ထွန်းစေလေသည် တနည်းအားဖြင့်လည်း စစ်ရေးမှာ ဒီလိုခေါင်းဆောင်တွေသာ လိုအပ်ပြီး ရှိမှ အောင်မြင်မှာ ဖြစ်သလို ပဲ့ကို ထိန်းပေး ဦးရွက်နိုင်သူမှ ပြည်သူကို ထိန်းချုပ် လွှမ်းမိုးနိုင်မည်ဖြစ်ရာ

သေချာပါတယ်လေ ကာဝန်သာ ပြည်သူလိုအပ်နေတဲ့ ဆာလောင်မှုနဲ့ စစ်ရေး တော်လှန်ရေး အောင်မြင်မှုကို နဲနဲ လုပ်ပြလိုက် ပြည်သူဟာ တညီညွတ်ထဲ နောက်ကနေ လိုက်ပါပြီး အောင်လံကို ဆွတ်ခူးကြမည်ဆိုတာနဲ့ ဆာလန်းစကီး ပုံရိပ်ပျောက်ပြီး

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ဦးဆောင်သူတွေဟာ ကမ္ဘာ့စင်မြင်ထက်မှာ အခိုင်မာ နေရာယူပြီး ရပြီး ကမ္ဘာ အာရုံစိုက် လက်ခံ အသိမှတ်ပြုပြီး ဝိုင်းဝန်းလာကြလိမ့်မယ်ဆိုတာ

ထို့အတွက် တော်လှန်ရေးသာ ပုံဖော်ပြပါ ယူကရိန်း ဇာလန်းစကီးဆိုတာ နွေဦးတော်လှန်ရေး နောက်မှာ ဒုတိယပုံရိပ်အဖြစ်နဲ့ ပြတ်ကျန်ခဲ့မှာ အသေချာပါဟု ဆိုချင်လေသည်

ထိုအတွက် EU တံခါးထွက်ပေါက်အတွက် ယူကရိန်းနဲ့ အာဆန်ဒေသ တံခါးအတွက် မြန်မာနွေဦးတော်လှန်ရေးက ကမ္ဘာ့ဒီမိုကရေစီ တံခါးကြီးကို ဖွင့်ဖောက်ဖို့အတွက် အသံကျယ်ကျယ်နဲ့ ခေါက်ဖွင့်လာနေကြပြီ‌ဆိုတာ‼️

#မင်းကြည်ညိုနေ 🕊️

___________________________________










#မင်းကြည်ညိုနေ 🕊️