ၾကားသိသမွ်

NUG ကာ/ဝန် ရဲ့ ဒီခရီးစဉ်က အရမ်းလှတယ် ကာချုပ် ဘာလုပ် မလဲ..?

ကာချုပ် ဘာလုပ် မလဲ..?

မအလအုပ်စု ဝါဒဖြန့်မှိုင်းတိုက်လေ့ရှိတဲ့စကားက…မင်းတို့PDFတွေက ရူးလို့တိုက်နေတာ…NUGက ဝန်ကြီးဆိုတဲ့ကောင်တွေက…ပြည်ပမှာနေပြီး…ဘာဖြစ် ညာဖြစ် ဆိုတဲ့ အောက်လုံးသုံးပြီးတော်လှန်ရေးမှာ ပါဝင်နေသူတွေကိုဇဝေ ဇဝါ ဖြစ်အောင် သွေးထိုးတယ်။

ခုတော့…NUG ကာ/ဝန် ရဲ့ ဒီခရီးစဉ်က အရမ်းလှတယ်။ပြည်သူနဲ့အတူ၊ ရဲဘော်တွေနဲ့တသားထဲ ရှိ‌ေနကြောင်း အပြောမဟုတ် လက်တွေ့ပြလိုက်တဲ့သဘောပါပဲ။အမှန်တော့…ခုလို စစ်မြေပြင်က ရှေ့တန်းစခန်းလိုနေရာအထိ…ကာ/ဝန်တစ်ဦးအနေနဲ့ မလာလို့လည်း…ဘယ်PDF-ဘယ်တော်လှန်ရေးအဖွဲ့ကမှအပြစ်မမြင် အပြစ်မတင်ပါဘူး။

သို့သော်…ယခုလို လာလိုက်တဲ့အတွက်ကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့စိတ်ပိုင်းဆိုင်ရာ အတွက်က…လဘက်ပေါ်ဆီကျ ဆိုသလို…ပိုလို့ကောင်းပြီပေါ့။

ယနေ့ နိုင်ငံတကာမြင်ကွင်းထဲကယူကရိန်း…ကမ္ဘာစစ်အင်အားအကြီးဆုံးစာရင်းထဲက ထိပ်ဆုံးအဆင့်နားမှာရှိတဲ့ ရုရှားကိုယနေ့အထိ ဘာကြောင့် ခုခံတိုက်ခိုက်နိုင်နေတာလည်း ဆိုလျှင်စိတ်ဓာတ်ကြောင့်…ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းစစ်သားတွေရဲ့ စိတ်ဓာတ်ကို ြမင့်တင်ပေးနိုင်သူက …သူတို့ရဲ့ခေါင်းဆောင် ဇီလန်စကီကြောင့်ပါ။

ရုရှရဲ့ပထမဆုံးနေ့ ကျူးကျော်မှုကိုပြည်သူတွေနဲ့အတူ စစ်သည်တွေနဲ့အတူခုခံပြခဲ့တဲ့ ဇီလန်စကီ၏ ဆုံးဖြတ်ချက်နဲ့ သတ်တိက…ယနေ့အထိ….ယူကရိန်းစစ်သည်တွေနဲ့ပြည်သူတွေဟာယုံကြည်မှုအပြည့်နဲ့ ရုရှကို ခုခံရင်ဆိုင်နေနိုင်တဲ့ အကြောင်းပါပဲ။

ခုလဲ….ထို့အတူ….ဆိုတော့….NUGကာ/ဝန်ကတော့ စစ်မြေပြင်ကစခန်းတွေအထိ ကိုယ်တိုင်ကိုယ်ကျ …ဆင်းပြီး…စိတ်ဓာတ်စွမ်းရည်မြင့်ပေးနေပါပြီဗျာ။

မအလရေ…ဘယ်လိုလဲ..?ပြည်ပကနေ အော်တာပါဆိုတဲ့ မအလမွေးစားသားတို့ရေ…မင်းတို့ကာချုပ်ကြီး မအလ ကို ကချင်ဘက်က ရှေ့တန်းစခန်း(သို့)ကရင်ဘက်ကရှေ့တန်းစခန်း(or) စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း ကယားပြည်နယ်ဘက်က..စခ စခန်းတွေဆီ အားပေးစကား လာပြောဖို့ခေါ်ကြည့်ပါလား….

မင်းတို့စခတွေအပေါ် မအလက ဘယ်လောက် အလေးနက်ထားကြောင်းမသေခင် သိသွားရအောင်လို့ပါ။

ဘယ်သူ ဘာပြောပြော…ဒီအကွက်က လှကို လှတယ်။

🗼🗼🗼
🚀သံပါးစပ်
16.4.2022