ၾကားသိသမွ်

ရခိုင်သင်္ကြန် စည်ကားနေတာနဲ့ပတ်သက်ပြီး လူကြိုက်မှာ မဟုတ်တဲ့ စကားမျိုးပေမယ့် မပြောရမနေနိုင် အသဲယားလို့ ဆိုတဲ့ပန်ဆယ်လို

လူကြိုက်မှာ မဟုတ်တဲ့ စကားမျိုးပေမယ့် မပြောရမနေနိုင် အသဲယားလို့။ ရခိုင်သင်္ကြန် စည်ကားနေတာကို ဝင်ဆဲနေတဲ့သူတွေကို တစ်ခုလောက် မေးချင်တယ်။

ရခိုင်မှာ အင်တာနက်ဖြတ်ပြီး ထိုးစစ်ဆင်တဲ့အချိန်က စာနာပေးခဲ့ကြလို့လား။ စစ်ဘေးရှောင်တွေ အများကြီးနဲ့ အကူအညီလိုအပ်နေချိန်က သနားပါတယ်ဆိုတာအပြင် တကယ့်စာနာမှုကို ပေးခဲ့ကြဖူးလို့လား။

သူတို့ဖိနှိပ်ခံရစဉ်က မတရားပါဘူးလို့ အင်တိုက်အားတိုက် အသံထွက်ပေးခဲ့ကြဖူးလို့လား။ ရခိုင်ကို ဖိနှိပ်ခဲ့ခြင်းအပေါ် တရားသောစစ်လို့ စကစရဲ့ ဝါဒဖြန့်မှုအောက်မှာ အမှန်လို့ ထင်ခဲ့ကြဖူးတယ် မဟုတ်လား။

အခု သူတို့ လွတ်လပ်ပြီ။ သူတို့ ပျော်ပါစေလား။ သူတို့ရဲ့ သွေးနဲ့ချွေးနဲ့ ရင်းနှီးခဲ့ရတဲ့ လွတ်လပ်မှုအသီးအပွင့်ကို သူတို့စရပြီ။ သူတို့ပျော်ပါစေ။


AA က ရက္ခိတလမ်းစဉ်အရ၊ သူတို့ရဲ့ မူဝါဒအရ တရားဝင်ပူးပေါင်းပြတာမျိုး ရှိချင်မှ ရှိမယ်။ ဒါပေမယ့် ဒီနွေဦးမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့သူဆိုရင် AAရဲ့ ပါဝင်မှုကို သိတယ်။ ခင်ဗျားတို့ ထင်ထားတာထက် ပိုတယ်။

သူတို့ရဲ့ င်္သကြန်မှာ စကစထုတ်ကုန်တွေကို ရောင်းချခွင့် အပြီးပိတ်ထားတယ်။ သူတို့ရခိုင်အဆိုရှင်တွေနဲ့ ကျင်းပတယ်။ သူတို့ဆီမှာ င်္သကြန်ဆိတ်သုဉ်းနေတုန်းက ရခိုင်ကို အားနာလို့ ပြည်မက သင်္ကြန်မကျင်းပဘူး ရှိခဲ့ဖူးလို့လား။

ပြောစရာရှိရင် သူတို့လူမျိုးအချင်းချင်း ဝင်ရုန်းကြသူအချင်းချင်းပြောကြပါစေ။ ရေတွင်းတူးတုန်းက မပါခဲ့ဘဲ ရေကြည်သောက်ချိန်မှ ငါတို့ကို မတိုက်ရကောင်းလား၊ ကိုယ်ချင်းမစာရကောင်းလား ပြစ်တင်နေတာကမှ ကိုယ်ချင်းစာတရား မဲ့တာ။


တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်ရေးက အဓိကဖြစ်နေတဲ့အချိန်မှာ ကိုယ်တို့ ပြည်မသားတွေ အနေအစားတတ်သင့်ပြီ။ အပြောအဆိုတွေ ဆင်ခြင်သင့်ပြီ။ ကိုယ်တို့ ပြည်မသားတွေရဲ့ စစ်တပ်လိုလိုဖြစ်ခဲ့တဲ့ သဘောရောက်ခဲ့တဲ့ မအလစစ်တပ်က အခုလို ရက်စက်သတ်ဖြတ်နေချိန်မှာ ကိုယ်တို့ပြည်မသားတွေမှာ အားကိုးရာမဲ့နေတယ်ဆိုတဲ့ အရှိတရားကို နားလည်ကြသင့်ပြီ။

ကိုယ်တို့ပြည်မက စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုကို ပြန်ခံရတာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ တိုင်းရင်းသားနယ်မြေတွေက နှစ်ဆွေးနေပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေခဲ့ပြီ။ ကိုယ်တွေ စစ်တပ်ကို နာကျည်းတယ်ဆိုတာထက် သူတို့က အဆပေါင်းများစွာ။

ပြည်သူတွေ သင်္ကြန်ကို သပိတ်မှောက်တယ်ဆိုတာက စကစရဲ့လက်အောက်မှာ ငြိမ်ဝပ်ပိပြားပျော်ရွှင်နေပါတယ်လို့ ပုံဖော်ဝါဒဖြန့်ခြင်းကို ဆန့်ကျင်တာ။ စကစရဲ့လက်အောက်က ကျင်းပခြင်း မဟုတ်တဲ့ စကစဩဇာမလွှမ်းတဲ့ဒေသက သင်္ကြန်၊ စကစကို ဆန့်ကျင်တဲ့ သင်္ကြန်တွေနဲ့ ဘာမှမဆိုင်ဘူး။ မြန်မာတွေက သင်္ကြန်ကို သပိတ်မှောက်တာ မဟုတ်ဘူး။ စကစရဲ့ ဝါဒဖြန့်မှုကို သပိတ်မှောက်တာ။

အခုအချိန်မှာ စကစ အကြောက်ဆုံးက ပြည်မသားတွေနဲ့ တိုင်းရင်းသားတွေ တသားတည်း စည်းလုံးညီညွတ်သွားမှာကိုပဲ။ ဒီတည်ဆောက်လက်စ စည်းလုံးညီညွတ်မှုတွေကို ထိခိုက်မယ့် အပြောအဆို အရေးအသားတွေ ဆင်ခြင်ထိန်းသိမ်းကြဖို့လိုတယ်။

ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ချင်းစာခဲ့ဖူးမှ ရဲရဲဝံ့ဝံ့ တောင်းဆိုရဲသင့်တဲ့အရာ။🙂#ပန်ဆယ်လို

လူႀကိဳက္မွာ မဟုတ္တဲ့ စကားမ်ိဳးေပမယ့္ မေျပာရမေနနိုင္ အသဲယားလို႔။ ရခိုင္သၾကၤန္ စည္ကားေနတာကို ဝင္ဆဲေနတဲ့သူေတြကို တစ္ခုေလာက္ ေမးခ်င္တယ္။

ရခိုင္မွာ အင္တာနက္ျဖတ္ၿပီး ထိုးစစ္ဆင္တဲ့အခ်ိန္က စာနာေပးခဲ့ၾကလို႔လား။ စစ္ေဘးေရွာင္ေတြ အမ်ားႀကီးနဲ႔ အကူအညီလိုအပ္ေနခ်ိန္က သနားပါတယ္ဆိုတာအျပင္ တကယ့္စာနာမႈကို ေပးခဲ့ၾကဖူးလို႔လား။ သူတို႔ဖိႏွိပ္ခံရစဥ္က မတရားပါဘူးလို႔ အင္တိုက္အားတိုက္ အသံထြက္ေပးခဲ့ၾကဖူးလို႔လား။ ရခိုင္ကို ဖိႏွိပ္ခဲ့ျခင္းအေပၚ တရားေသာစစ္လို႔ စကစရဲ့ ဝါဒျဖန္႔မႈေအာက္မွာ အမွန္လို႔ ထင္ခဲ့ၾကဖူးတယ္ မဟုတ္လား။

အခု သူတို႔ လြတ္လပ္ၿပီ။ သူတို႔ ေပ်ာ္ပါေစလား။ သူတို႔ရဲ့ ေသြးနဲ႔ေခၽြးနဲ႔ ရင္းႏွီးခဲ့ရတဲ့ လြတ္လပ္မႈအသီးအပြင့္ကို သူတို႔စရၿပီ။ သူတို႔ေပ်ာ္ပါေစ။

AA က ရကၡိတလမ္းစဥ္အရ၊ သူတို႔ရဲ့ မူဝါဒအရ တရားဝင္ပူးေပါင္းျပတာမ်ိဳး ရွိခ်င္မွ ရွိမယ္။ ဒါေပမယ့္ ဒီေႏြဦးမွာ ထဲထဲဝင္ဝင္ ပါဝင္ေနတဲ့သူဆိုရင္ AAရဲ့ ပါဝင္မႈကို သိတယ္။ ခင္ဗ်ားတို႔ ထင္ထားတာထက္ ပိုတယ္။

သူတို႔ရဲ့ သၤၾကန္မွာ စကစထုတ္ကုန္ေတြကို ေရာင္းခ်ခြင့္ အၿပီးပိတ္ထားတယ္။ သူတို႔ရခိုင္အဆိုရွင္ေတြနဲ႔ က်င္းပတယ္။ သူတို႔ဆီမွာ သၤၾကန္ဆိတ္သုဥ္းေနတုန္းက ရခိုင္ကို အားနာလို႔ ျပည္မက သၾကၤန္မက်င္းပဘူး ရွိခဲ့ဖူးလို႔လား။

ေျပာစရာရွိရင္ သူတို႔လူမ်ိဳးအခ်င္းခ်င္း ဝင္႐ုန္းၾကသူအခ်င္းခ်င္းေျပာၾကပါေစ။ ေရတြင္းတူးတုန္းက မပါခဲ့ဘဲ ေရၾကည္ေသာက္ခ်ိန္မွ ငါတို႔ကို မတိုက္ရေကာင္းလား၊ ကိုယ္ခ်င္းမစာရေကာင္းလား ျပစ္တင္ေနတာကမွ ကိုယ္ခ်င္းစာတရား မဲ့တာ။

တိုင္းရင္းသားေတြနဲ႔ စည္းလုံးညီညြတ္ေရးက အဓိကျဖစ္ေနတဲ့အခ်ိန္မွာ ကိုယ္တို႔ ျပည္မသားေတြ အေနအစားတတ္သင့္ၿပီ။ အေျပာအဆိုေတြ ဆင္ျခင္သင့္ၿပီ။ ကိုယ္တို႔ ျပည္မသားေတြရဲ့ စစ္တပ္လိုလိုျဖစ္ခဲ့တဲ့ သေဘာေရာက္ခဲ့တဲ့ မအလစစ္တပ္က အခုလို ရက္စက္သတ္ျဖတ္ေနခ်ိန္မွာ ကိုယ္တို႔ျပည္မသားေတြမွာ အားကိုးရာမဲ့ေနတယ္ဆိုတဲ့ အရွိတရားကို နားလည္ၾကသင့္ၿပီ။

ကိုယ္တို႔ျပည္မက စစ္တပ္ရဲ့ ဖိႏွိပ္ရက္စက္မႈကို ျပန္ခံရတာ တစ္ႏွစ္ေက်ာ္ပဲ ရွိေသးတယ္။ တိုင္းရင္းသားနယ္ေျမေတြက ႏွစ္ေဆြးေနၿပီ။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျဖစ္ေနခဲ့ၿပီ။ ကိုယ္ေတြ စစ္တပ္ကို နာက်ည္းတယ္ဆိုတာထက္ သူတို႔က အဆေပါင္းမ်ားစြာ။

ျပည္သူေတြ သၾကၤန္ကို သပိတ္ေမွာက္တယ္ဆိုတာက စကစရဲ့လက္ေအာက္မွာ ၿငိမ္ဝပ္ပိျပားေပ်ာ္ရႊင္ေနပါတယ္လို႔ ပုံေဖာ္ဝါဒျဖန္႔ျခင္းကို ဆန္႔က်င္တာ။ စကစရဲ့လက္ေအာက္က က်င္းပျခင္း မဟုတ္တဲ့ စကစဩဇာမလႊမ္းတဲ့ေဒသက သၾကၤန္၊ စကစကို ဆန္႔က်င္တဲ့ သၾကၤန္ေတြနဲ႔ ဘာမွမဆိုင္ဘူး။ ျမန္မာေတြက သၾကၤန္ကို သပိတ္ေမွာက္တာ မဟုတ္ဘူး။ စကစရဲ့ ဝါဒျဖန္႔မႈကို သပိတ္ေမွာက္တာ။

အခုအခ်ိန္မွာ စကစ အေၾကာက္ဆုံးက ျပည္မသားေတြနဲ႔ တိုင္းရင္းသားေတြ တသားတည္း စည္းလုံးညီညြတ္သြားမွာကိုပဲ။ ဒီတည္ေဆာက္လက္စ စည္းလုံးညီညြတ္မႈေတြကို ထိခိုက္မယ့္ အေျပာအဆို အေရးအသားေတြ ဆင္ျခင္ထိန္းသိမ္းၾကဖို႔လိုတယ္။

ကိုယ္ခ်င္းစာတရားဆိုတာ ကိုယ္ခ်င္းစာခဲ့ဖူးမွ ရဲရဲဝံ့ဝံ့ ေတာင္းဆိုရဲသင့္တဲ့အရာ။🙂#ပန်ဆယ်လို