ၾကားသိသမွ်

“တော်လှန်ရင်း ပညာရှာ၊ တော်လှန်ရင်း သင်ယူပါ”

“တော်လှန်ရင်း ပညာရှာ၊ တော်လှန်ရင်း သင်ယူပါ”

“CDM လုပ်ပြီး တော်လှန်ရေးမှာ ပါဝင်ရင် ငါတို့ခလေးတွေ ဒုက္ခရောက်ပြီလား။ ဘယ်လိုတွေ လုပ်ကိုင်စားသောက်ကြမှာလဲ။” ဒါမျိုးတွေက စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကနေ မိသားစုလိုက်တိမ်းရှောင်ရတဲ့ CDM သမားတွေ အတွက် ရင်ပူစရာ မေးခွန်းတွေပါ။

ဒီလို အခက်အခဲတွေကို ဖြေလျော့စေဖို့ ပြည်သူ့ပန်းတိုင်အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး Defection ပြုလုပ်တာကို လက်ခံဆောင်ရွက်ပေးနေသလို တဖက်ကလည်း ပြည်သူ့ဘက် ရပ်တည်လာပြီးတဲ့ စစ်သည်တွေနဲ့ သူတို့ မိသားစုတွေကို ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှု စတာတွေကို ပြည်သူတွေရဲ့ အထောက်အပံ့နဲ့ ကူညီမှုတွေ ပြုလုပ်နေပါတယ်။

အခု နွေရာသီ ကျောင်းပိတ်ရက်အတွင်းမှာတော့ လွတ်မြောက်နယ်မြေတနေရာမှာ ပြည်သူ့ပန်းတိုင်က တည်ထောင်ထားတဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ လူထုစင်တာမှာ ကွန်ပျူတာ သင်တန်း၊ အိတ်အလှချုပ် လက်မှုပညာသင်တန်း စတာတွေကို ပြုလုပ်ဖြစ်ပါတယ်။

ကွန်ပျူတာ သင်တန်းကို CDM ဒု-ပညာရေးမှူးတစ်ဦးမှ သင်ကြားပေးနေပြီး အိတ်အလှချုပ်နည်းတော့ CDM ဒုတပ်ကြပ်ဇနီး မချယ်ရီက မျှဝေပေးနေပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ ရံပုံငွေကနေ အရင်းအနှီးမတည်ပေးကာ မချယ်ရီတို့မိသားစု ဝင်ငွေရရှိစေရန် ပြန်လည်ရောင်းချနိုင်သည်အထိ ကူညီပေးထားပါတယ်။

​ရှေ့ဆက်ပြီး ပြည်သူတွေရဲ့ အကူအညီနဲ့ စာကြည်တိုက်လေး ဖွင့်နိုင်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုလုပ်ဆောင်နိုင်အောင် ကြိုးစားသွားပါမယ်။

ပြည်သူတွေအနေနှင့်လည်း ပြည်သူ့ပန်းတိုင်​အဖွဲ့ကို ထောက်ပံ့ကူညီချင်လိုပါက ပြည်သူ့ပန်းတိုင် page messenger, Telegram https://t.me/CDMSOLDIERS, Website https://www.peoplesoldiers.org/support တို့မှ ဆက်သွယ်ပေးကြပါ။






