ၾကားသိသမွ်

ဝက်လက်မြို့နယ် အရှေ့ဘက် ဧရာဝတီမြစ်ကြောင်းရှိ ရေကြောင်းရဲကင်းစခန်းကို ဝင်ရောက်စီးနင်းရာ ရဲနှစ်ဦး ေ-ဆုံးပြီး သုံးဦး အရှင်ဖမ်းမိ

ဝက်လက်မြို့နယ် အရှေ့ဘက် ဧရာဝတီမြစ်ကြောင်းရှိ ရေကြောင်းရဲကင်းစခန်းကို ဝင်ရောက်စီးနင်းရာ ရဲနှစ်ဦး သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိ

ဝက်လက်၊ ဧပြီ ၁၆

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ဘက်၊ အင်ဒေါင်းကျေးရွာအနီးဧရာဝတီမြစ်ကြောင်းရှိ ရေကြောင်းရဲကင်းစခန်းတစ်ခုကို တောကြီးမြွေပွေး( ရှိမ်းမကားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က ဝင်ရောက်စီးနင်းခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ သုံးဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ၁၅ရက် ည၈နာရီကျော်က ဝက်လက်မြို့နယ်အရှေ့ပိုင်း၊ အင်ဒေါင်းကျေးရွာအနီးရှိ ရေကြောင်းရဲကင်းကိုဝင် ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“နှစ်ယောက်ကတော့တိုက်ပွဲမှာတင်သေသွားတယ်။ ဒုရဲအုပ်၊ ဒုတပ်ကြပ်နဲ့တပ် သားတစ်ဦးကိုအရှင်ဖမ်းမိပြီး သက်ဆိုင်ရာကိုလွှဲပေးလိုက်ပါပြီ “ဟု တောကြီးမြွေပွေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရေကြောင်းရဲကင်းဝင်စီးခံရပြီးနောက် လက်ရှိအချိန်တွင်အဆိုပါနေရာတွင် စစ်ကောင်စီအင်အား ၁၀၀ခန့် ရေကြောင်းမှရောက်ရှိနေကြောင်းသိရသည်။

“ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်နေတယ်။ အခုအင်အားတော်တော်များများနဲ့ ခြေရှုပ်နေတယ်။ ဝက်လက်နယ်ဘက်ကိုဆက်တက်မလားတော့ မသေချာသေးဘူး “ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

ဝက္လက္ၿမိဳ႕နယ္ အေရွ႕ဘက္ ဧရာဝတီျမစ္ေၾကာင္းရွိ ေရေၾကာင္းရဲကင္းစခန္းကို ဝင္ေရာက္စီးနင္းရာ ရဲႏွစ္ဦး ေသဆုံးၿပီး သုံးဦး အရွင္ဖမ္းမိ

ဝက္လက္၊ ဧၿပီ ၁၆

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ဝက္လက္ၿမိဳ႕နယ္အေရွ႕ဘက္၊ အင္ေဒါင္းေက်းရြာအနီးဧရာဝတီျမစ္ေၾကာင္းရွိ ေရေၾကာင္းရဲကင္းစခန္းတစ္ခုကို ေတာႀကီးေႁမြေပြး( ရွိမ္းမကားျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ) က ဝင္ေရာက္စီးနင္းခဲ့ၿပီး ရဲႏွစ္ဦးေသဆုံးကာ သုံးဦးအရွင္ဖမ္းမိခဲ့ေၾကာင္းသိရသည္။

ယမန္ေန႔ ဧၿပီလ၁၅ရက္ ည၈နာရီေက်ာ္က ဝက္လက္ၿမိဳ႕နယ္အေရွ႕ပိုင္း၊ အင္ေဒါင္းေက်းရြာအနီးရွိ ေရေၾကာင္းရဲကင္းကိုဝင္ ေရာက္စီးနင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“ႏွစ္ေယာက္ကေတာ့တိုက္ပြဲမွာတင္ေသသြားတယ္။ ဒုရဲအုပ္၊ ဒုတပ္ၾကပ္နဲ႔တပ္ သားတစ္ဦးကိုအရွင္ဖမ္းမိၿပီး သက္ဆိုင္ရာကိုလႊဲေပးလိုက္ပါၿပီ “ဟု ေတာႀကီးေႁမြေပြးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ေရေၾကာင္းရဲကင္းဝင္စီးခံရၿပီးေနာက္ လက္ရွိအခ်ိန္တြင္အဆိုပါေနရာတြင္ စစ္ေကာင္စီအင္အား ၁၀၀ခန႔္ ေရေၾကာင္းမွေရာက္ရွိေနေၾကာင္းသိရသည္။

“ကၽြန္ေတာ္တို႔ဆက္ၿပီးေစာင့္ၾကည့္ေနတယ္။ အခုအင္အားေတာ္ေတာ္မ်ားမ်ားနဲ႔ ေျခရႈပ္ေနတယ္။ ဝက္လက္နယ္ဘက္ကိုဆက္တက္မလားေတာ့ မေသခ်ာေသးဘူး “ဟု အဆိုပါတာဝန္ရွိသူကေျပာသည္။