ၾကားသိသမွ်

ဗဟိုမဏ္ဍပ်ကို သွားရောက်ဖျော်ဖြေမယ့် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ စစ်တီးဝိုင်းကားတန်းကိုလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်ကို သွားရောက်ဖျော်ဖြေမယ့် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ စစ်တီးဝိုင်းကားတန်းကို မြို့ပြပျောက်ကြားအဖွဲ့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်

ဧပြီ ၁၅ ရက် (ရန်ကုန်)

ရန်ကုန်မြို့တော်ခန်းမရှေ့မှာရှိတဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေမယ့် ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့ယာဉ်တန်းကို ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက

ဒီကနေ့မနက်ပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

တပ်မတော်စစ်တီးဝိုင်းအဖွဲ့နဲ့ ယိမ်းသမတွေပါတဲ့ ယာဉ်တန်းဟာ မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေဖို့ ထွက်လာစဉ် ဗဟန်းမြို့နယ်အတွင်း ရောက်ရှိချိန်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။

“တပ်မတော်စစ်တီးဝိုင်းအဖွဲ့က ယာဉ်တန်းနဲ့ မြို့တော်ခန်းမကို ဖျော်ဖြေဖို့အသွားမှာ ကျနော်တို့ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ထိခိုက်ဒဏ်ရာရမှုအခြေအနေတော့ မသိရသေးဘူး”လို့ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘင်ခရာတီးဝိုင်းယာဉ်တန်း ဗုံးပစ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ကို စစ်ကောင်စီက မင်္ဂလာဒုံမြို့နယ်က အမှတ် (၁) တပ်မတော် စစ်ဆေးရုံကို ပို့ဆောင်ထားပြီး ဗုံးနဲ့ပစ်သွားတဲ့ကား ကိုလည်း စစ်ကောင်စီတပ်နဲ့ရဲတွေ လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဗဟိုမ႑ပ္ကို သြားေရာက္ေဖ်ာ္ေျဖမယ့္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၏ စစ္တီးဝိုင္းကားတန္းကို ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္

ထက္ေခါင္လင္း/ဧရာဝတီတိုင္းမ္

ဧၿပီ ၁၅ ရက္ (ရန္ကုန္)

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာရွိတဲ့ ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ ေဖ်ာ္ေျဖမယ့္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ရဲ့ တပ္မေတာ္စစ္တီးဝိုင္းအဖြဲ႕ယာဥ္တန္းကို ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖြဲ႕ေတြက

ဒီကေန႔မနက္ပိုင္းက လက္ပစ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။

တပ္မေတာ္စစ္တီးဝိုင္းအဖြဲ႕နဲ႔ ယိမ္းသမေတြပါတဲ့ ယာဥ္တန္းဟာ ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ ေဖ်ာ္ေျဖဖို႔ ထြက္လာစဥ္ ဗဟန္းၿမိဳ႕နယ္အတြင္း ေရာက္ရွိခ်ိန္မွာ လက္ပစ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖြဲ႕ထံက သိရပါတယ္။

“တပ္မေတာ္စစ္တီးဝိုင္းအဖြဲ႕က ယာဥ္တန္းနဲ႔ ၿမိဳ႕ေတာ္ခန္းမကို ေဖ်ာ္ေျဖဖို႔အသြားမွာ က်ေနာ္တို႔ လက္ပစ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္တယ္။ ထိခိုက္ဒဏ္ရာရမႈအေျခအေနေတာ့ မသိရေသးဘူး”လို႔ ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ ဘင္ခရာတီးဝိုင္းယာဥ္တန္း ဗုံးပစ္ခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူတခ်ိဳ႕ကို စစ္ေကာင္စီက မဂၤလာဒုံၿမိဳ႕နယ္က အမွတ္ (၁) တပ္မေတာ္ စစ္ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ဗုံးနဲ႔ပစ္သြားတဲ့ကား ကိုလည္း စစ္ေကာင္စီတပ္နဲ႔ရဲေတြ လိုက္လံရွာေဖြေနေၾကာင္း သိရပါတယ္။