ၾကားသိသမွ်

ထိုင်းဘက်ခြမ်းမှာ ထိုင်း-စစ်ကောင်စီ-KNLA သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံ

ထိုင်းဘက်ခြမ်းမှာ ထိုင်း-စစ်ကောင်စီ-KNLA သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံ

RiSE News| ဧပြီ ၁၅


ထိုင်းနဲ့ မြန်မာနှစ်သစ်ကူးအခါသမယ ချစ်ကြည်ရေး အဓွန့်ရှည်ဖို့ဆိုပြီး ထိုင်းနယ်ခြားစောင့်တပ်-စစ်ကောင်စီတပ်-KNLA တပ်မှူးတွေ သုံး

ပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်ကို ကိုးကားပြီး ကရင်အမျိုးသားမီဒီယာက ဖော်ပြပါတယ်။

နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ခြမ်းတင်တွေ့ဆုံကြခြင်းဖြစ်ပြီး ထာ့ဆောင်ရမ်းမြို့နယ်အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ် ၊ စစ်

ကောင်စီတပ်(မဲသဝေါအခြေစိုက်တပ်) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး

စောဒီးကွယ်နဲ့ တပ်ရင်းမှူးတစ်ဦး တက်ရောက်တွေ့ဆုံခဲ့ကြတာလို့ ဖော်ပြပါတယ်။


သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို တက်ရောက်လာကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ် တပ်မှူးတွေကို

ထိုင်းနယ်ခြားစောင့်တပ်က နှစ်သစ်လက်ဆောင်အချို့ ပေးအပ်ခဲ့တာလည်း တွေ့ရပါတယ်။

ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်

ထိုင္းဘက္ျခမ္းမွာ ထိုင္း-စစ္ေကာင္စီ-KNLA သုံးပြင့္ဆိုင္ အလြတ္သေဘာေတြ႕ဆုံ

RiSE News| ဧၿပီ ၁၅

ထိုင္းနဲ႔ ျမန္မာႏွစ္သစ္ကူးအခါသမယ ခ်စ္ၾကည္ေရး အဓြန႔္ရွည္ဖို႔ဆိုၿပီး ထိုင္းနယ္ျခားေစာင့္တပ္-စစ္ေကာင္စီတပ္-KNLA တပ္မႉးေတြ သုံးပြင့္ဆိုင္ အလြတ္သေဘာေတြ႕ဆုံခဲ့ၾကတယ္လို႔ ထိုင္းနယ္ျခားေစာင့္တပ္ကို ကိုးကားၿပီး ကရင္အမ်ိဳးသားမီဒီယာက ေဖာ္ျပပါတယ္။

နယ္ျခားေသာင္ရင္းျမစ္ ထိုင္းဘက္ျခမ္းတင္ေတြ႕ဆုံၾကျခင္းျဖစ္ၿပီး ထာ့ေဆာင္ရမ္းၿမိဳ႕နယ္အေျခစိုက္ ထိုင္းနယ္ျခားေစာင့္တပ္ ၊ စစ္ေကာင္စီတပ္(မဲသေဝါအေျခစိုက္တပ္) နဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္မဟာ (၇) ဗ်ဴဟာမႉး ဗိုလ္မႉးႀကီးေစာဒီးကြယ္နဲ႔ တပ္ရင္းမႉးတစ္ဦး တက္ေရာက္ေတြ႕ဆုံခဲ့ၾကတာလို႔ ေဖာ္ျပပါတယ္။

သုံးပြင့္ဆိုင္ေတြ႕ဆုံပြဲကို တက္ေရာက္လာၾကတဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA နဲ႔ စစ္ေကာင္စီတပ္ တပ္မႉးေတြကို ထိုင္းနယ္ျခားေစာင့္တပ္က ႏွစ္သစ္လက္ေဆာင္အခ်ိဳ႕ ေပးအပ္ခဲ့တာလည္း ေတြ႕ရပါတယ္။

ဓာတ္ပုံ-ထိုင္းနယ္ျခားေစာင့္တပ္