ၾကားသိသမွ်

ဟင်းခတ်အမွှေးအကြိုင် ရောင်းဝယ်မှုကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်လိုက်သဖြင့် ဒေသခံများ အခက်တွေ့နေ

ဟင်းခတ်အမွှေးအကြိုင် ရောင်းဝယ်မှုကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်လိုက်သဖြင့် ဒေသခံများ အခက်တွေ့နေ

ခေါင်လန်ဖူး – ဧပြီ ၁၄၊ ၂၀၂၂။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ခေါင်လန်ဖူးဒေသထွက်ကုန် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့် ရှောက်ကောကို သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရမည်ဟု ခြိမ်းခြောက်နေသဖြင့် ဒေသခံပြည်သူများအခက်တွေ့နေကြောင်း သိရသည်။

ဈေးပိုပေးသူကို ရောင်းချလိုသော်လည်း ရှောက်ကော တစ်ပိဿာလျင် ၇၅၀၀ ကျပ်ထက် ပိုမိုရောင်းချလျင် ပစ္စည်းသိမ်းမည်ဟု ခြိမ်းခြောက်ထားသဖြင့် မရောင်းချသူများလည်းရှိသည်ဟု ရှောက်ကောစိုက်သည့် ဒေသခံတောင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အပင်ပန်းခံ လုပ်ထားတဲ့ဟာကို အဲ့လို ပြည်သူစစ်က ထိန်းချုပ်ထားတော့ စိတ်တိုတာပေါ့။ ကျွန်တော်တို့က ဈေးများများပေးတဲ့သူဆီ ရောင်းချင်တယ်။ သတ်မှတ်ထားတဲ့အတိုင်း မရောင်းရင် ရှောက်ကောပါးကောတွေ အကုန်သိမ်းပေးလိုက်မယ်တို့ ရောင်းလို့မရအောင် လုပ်ပေးမယ်တို့ အဲ့လို အမျိုးမျိုး ခြိမ်းခြောက်လို့ မရောင်းတဲ့သူတောင်ရှိတယ် ဒီထိုင်းပဲ ထားတာ ဈေး မကိုက်လို့ပေါ့။” ဟုပြောသည်။

အာဏာမသိမ်းခင်က တရုတ် – မြန်မာ နယ်စက်ရှိ ရှိန်းခေါင်သို့ သွားရောက်လျင် တစ်ပိဿာ တစ်သောင်းခွဲခန့် ရရှိကြောင်း သူကပြောသည်။

ရှောက်ကော ရောင်းချပြီးရရှိသည့် ဝင်‌ငွေဖြင့်သာ မိသားစုစားဝတ်နေရေးဖြေရှင်းနေရသောကြောင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်မှ ပြည်သူများကို ခေါင်းပုံဖြတ်သည်ဟု သူကဆက်ပြောသည်။

“ကုန်ဈေးနှုန်း အရမ်းတက်တယ် ဆန်တစ်အိတ်ကို တစ်သိန်းနှစ်သောင်း၊ သုံးသောင်းပေးဝယ်ရတယ်။ ဓာတ်ဆီအဝါပုံးတစ်ပုံး ငါးဂါလံကိုတောင် တစ်သိန်းခွဲပေးရတယ်။ အဲ့လို ဖိနှိပ်ရင်လည်း မရောင်းရင် ဘာစားစရာမရှိလို့ ရောင်းနေကြတယ်” ဟုပြောသည်။

ဝယ်ယူသူမျာကိုလည်း လပြည့်ဝန်းကုမ္ပဏီလက်မှတ်မပါဘဲ ဝယ်ယူလျင် ပစ္စည်းသိမ်းမည်ဟု ခြိမ်းခြောက်ကာ အခွန်ကိုလည်း ရှောက်ကော ၃၅ ပိဿာဆန့် တစ်အိတ်လျင် ယခင် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိ တိုးကောက်နေကြောင်း အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောသည်။

“သူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းထက် ပိုပေးရင် ဝယ်သူတွေကို ဒဏ်ခတ်တာလေး။ လပြည့်ဝန်းကုမ္ပဏီလက်မှတ်မပါတဲ့ အပြင်လောပန်းတွေ သွားဝယ်ရင် ရှောက်ကောတွေ အကုန်သိမ်းမယ်လို့ ခြိမ်းခြောက်တယ်။ မတရားအခွန်ကောက်တယ် အရမ်းနိမ်တယ်။” ဟုပြောသည်။

လပြည့်ဝန်းကုမ္ပဏီသည်ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးဒမ်ဂူးတန်ဦးဆောင်သည့် ကုမ္ပဏီဖြစ်ပြီး မြေရှားသတ္တုရှာဖွေ‌ရေးလုပ်ငန်းနှင့် ရွှေတူးဖော်‌ရေးလုပ်ငန်းများလုပ်ကိုင်သည်။

ရှောက်ကော၊ ပါကောသည် တရုတ်ဟင်းခတ် အ‌မွှေးအကြိုင်တစ်မျိုးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ တွင်သာ စိုက်ပျိုးရသော အပင်တစ်မျိုးဖြစ်သည်။ အပင်မှ ဟင်းခတ် အ‌မွှေးအကြိုင် ပြုလုပ်သည့် အသီး ရရှိရန် ငါးနှစ်ခန့် ကြာမြင့် ကြောင်းသိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် လူဦးရေ တစ်သောင်းကျော်ခန့်နေထိုင်ပြီး အများစုသည် ရှောက်ကော၊ ပါကော စိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

ဟင္းခတ္အေမႊးအႀကိဳင္ ေရာင္းဝယ္မႈကို စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္အဖြဲ႕က ထိန္းခ်ဳပ္လိုက္သျဖင့္ ေဒသခံမ်ား အခက္ေတြ႕ေန

ေခါင္လန္ဖူး – ဧၿပီ ၁၄၊ ၂၀၂၂။

စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္အဖြဲ႕က ေခါင္လန္ဖူးေဒသထြက္ကုန္ ဟင္းခတ္အေမႊးအႀကိဳင္ျဖစ္သည့္ ေရွာက္ေကာကို သတ္မွတ္ေဈးႏႈန္းအတိုင္းသာ ေရာင္းခ်ရမည္ဟု ၿခိမ္းေျခာက္ေနသျဖင့္ ေဒသခံျပည္သူမ်ားအခက္ေတြ႕ေနေၾကာင္း သိရသည္။

ေဈးပိုေပးသူကို ေရာင္းခ်လိုေသာ္လည္း ေရွာက္ေကာ တစ္ပိႆာလ်င္ ၇၅၀၀ က်ပ္ထက္ ပိုမိုေရာင္းခ်လ်င္ ပစၥည္းသိမ္းမည္ဟု ၿခိမ္းေျခာက္ထားသျဖင့္ မေရာင္းခ်သူမ်ားလည္းရွိသည္ဟု ေရွာက္ေကာစိုက္သည့္ ေဒသခံေတာင္သူတစ္ဦးက The 74 Media ကိုေျပာသည္။

“အပင္ပန္းခံ လုပ္ထားတဲ့ဟာကို အဲ့လို ျပည္သူစစ္က ထိန္းခ်ဳပ္ထားေတာ့ စိတ္တိုတာေပါ့။ ကၽြန္ေတာ္တို႔က ေဈးမ်ားမ်ားေပးတဲ့သူဆီ ေရာင္းခ်င္တယ္။ သတ္မွတ္ထားတဲ့အတိုင္း မေရာင္းရင္ ေရွာက္ေကာပါးေကာေတြ အကုန္သိမ္းေပးလိုက္မယ္တို႔ ေရာင္းလို႔မရေအာင္ လုပ္ေပးမယ္တို႔ အဲ့လို အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္လို႔ မေရာင္းတဲ့သူေတာင္ရွိတယ္ ဒီထိုင္းပဲ ထားတာ ေဈး မကိုက္လို႔ေပါ့။” ဟုေျပာသည္။

အာဏာမသိမ္းခင္က တ႐ုတ္ – ျမန္မာ နယ္စက္ရွိ ရွိန္းေခါင္သို႔ သြားေရာက္လ်င္ တစ္ပိႆာ တစ္ေသာင္းခြဲခန႔္ ရရွိေၾကာင္း သူကေျပာသည္။

ေရွာက္ေကာ ေရာင္းခ်ၿပီးရရွိသည့္ ဝင္‌ေငြျဖင့္သာ မိသားစုစားဝတ္ေနေရးေျဖရွင္းေနရေသာေၾကာင့္ စစ္ေကာင္စီႏွင့္ ျပည္သူ႔စစ္မွ ျပည္သူမ်ားကို ေခါင္းပုံျဖတ္သည္ဟု သူကဆက္ေျပာသည္။

“ကုန္ေဈးႏႈန္း အရမ္းတက္တယ္ ဆန္တစ္အိတ္ကို တစ္သိန္းႏွစ္ေသာင္း၊ သုံးေသာင္းေပးဝယ္ရတယ္။ ဓာတ္ဆီအဝါပုံးတစ္ပုံး ငါးဂါလံကိုေတာင္ တစ္သိန္းခြဲေပးရတယ္။ အဲ့လို ဖိႏွိပ္ရင္လည္း မေရာင္းရင္ ဘာစားစရာမရွိလို႔ ေရာင္းေနၾကတယ္” ဟုေျပာသည္။

ဝယ္ယူသူမ်ာကိုလည္း လျပည့္ဝန္းကုမၸဏီလက္မွတ္မပါဘဲ ဝယ္ယူလ်င္ ပစၥည္းသိမ္းမည္ဟု ၿခိမ္းေျခာက္ကာ အခြန္ကိုလည္း ေရွာက္ေကာ ၃၅ ပိႆာဆန႔္ တစ္အိတ္လ်င္ ယခင္ ၃၀၀၀ က်ပ္မွ ၇၀၀၀ က်ပ္ထိ တိုးေကာက္ေနေၾကာင္း အေရာင္းအဝယ္ျပဳလုပ္ေနသူတစ္ဦးကေျပာသည္။

“သူတို႔သတ္မွတ္ထားတဲ့ေဈးႏႈန္းထက္ ပိုေပးရင္ ဝယ္သူေတြကို ဒဏ္ခတ္တာေလး။ လျပည့္ဝန္းကုမၸဏီလက္မွတ္မပါတဲ့ အျပင္ေလာပန္းေတြ သြားဝယ္ရင္ ေရွာက္ေကာေတြ အကုန္သိမ္းမယ္လို႔ ၿခိမ္းေျခာက္တယ္။ မတရားအခြန္ေကာက္တယ္ အရမ္းနိမ္တယ္။” ဟုေျပာသည္။

လျပည့္ဝန္းကုမၸဏီသည္ေခါင္လန္ဖူးဌာေနျပည္သူ႔စစ္ေခါင္းေဆာင္ ဦးဒမ္ဂူးတန္ဦးေဆာင္သည့္ ကုမၸဏီျဖစ္ၿပီး ေျမရွားသတၱဳရွာေဖြ‌ေရးလုပ္ငန္းႏွင့္ ေရႊတူးေဖာ္‌ေရးလုပ္ငန္းမ်ားလုပ္ကိုင္သည္။

ေရွာက္ေကာ၊ ပါေကာသည္ တ႐ုတ္ဟင္းခတ္ အ‌ေမႊးအႀကိဳင္တစ္မ်ိဳးျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေပ ၃၀၀၀ တြင္သာ စိုက္ပ်ိဳးရေသာ အပင္တစ္မ်ိဳးျဖစ္သည္။ အပင္မွ ဟင္းခတ္ အ‌ေမႊးအႀကိဳင္ ျပဳလုပ္သည့္ အသီး ရရွိရန္ ငါးႏွစ္ခန႔္ ၾကာျမင့္ ေၾကာင္းသိရသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ လူဦးေရ တစ္ေသာင္းေက်ာ္ခန႔္ေနထိုင္ၿပီး အမ်ားစုသည္ ေရွာက္ေကာ၊ ပါေကာ စိုက္ပ်ိဳးသည့္ လုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳၾကသည္။