ၾကားသိသမွ်

မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းမှု အောင်မြင်နေပြီးလို့ NUG ပြော (ရုပ်သံ)

မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းမှု အောင်မြင်နေပြီးလို့ NUG ပြော (ရုပ်သံ)

ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ဟာ အာဏသိမ်း စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ NUG လက်အောက်ခံ တပ်ရင်းတွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ဖွဲ့စည်းထားတဲ့ ကော်မတီ တစ်ခု ဖြစ်ပါတယ်။

ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C မှာတော့ စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့တွေ ပါဝင်ပြီး အဆင့်ဆင့်ကွပ်ကဲမှုစနစ်နဲ့ စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားတာပါ။

လက်ရှိမှာတော့ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်နေတဲ့ C3C ဟာ ကောင်းမွန်တဲ့ မဟာဗျူဟာတွေနဲ့ တိုက်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိနေပြီးလို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။



