ၾကားသိသမွ်

ခရမ်းအထိရောက်လာပြီအဘ

ခရမ်းအထိရောက်လာပြီအဘ

တော်လှန်ရေးအစပိုင်းမှာ မုံရွာ နမခနယ်ထဲ မအလတပ်တွေ မိုင်းဆွဲခံရပြီး အသေအပျောက်များခဲ့ပါတယ်။ အစပိုင်းမှာ PDF က မိုင်းဆွဲရင်ထိပေမယ့် သူတို့ကသတင်းကို ဖုံးဖိပါတယ်။ Facebook ပေါ်မှာ ခေတ်သစ်ကတင်ရင်လဲ ဒီသတင်းက မဟုတ်ဘူး သေရင်အလောင်းပြရမှာပေါ့ ဘာညာဆိုပြီး ဝိုင်းလိမ်ခဲ့ပါတယ်။ စစ်ရေးအရလဲ ပြန်လည်ပြင်ဆင်ခြင်းမရှိခဲ့ပါ။ ဗျူဟာမှူးကိုဖမ်း ရာထူးချတာလောက်သာ လုပ်ခဲ့ပါတယ်။ ထိုအချိန်လောက်မှာ ဘူးလက်တို့ မောင်မြင့်တို့က စအော်နေပါပြီ။ ဖုံးဖုံးဖိဖိရှင်းဖို့လုပ်ရာကနေ ဖုံးမရဘဲ တိုင်းမှူးပြုတ်သွားတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

နောက်တိုင်းမှူးအသစ်တက်အပြီး ရွာတွေကို မီးရှို့တာ ယင်းမာပင်နဲ့ ပုလဲက ဌာနချုပ်ကို ဒလန်အကူအညီနဲ့ ရဟတ်ယာဉ်နဲ့ ဝင်စီးတာတွေလုပ်ခဲ့ပြီး အစပိုင်းမှာ အောင်မြင်သလိုရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေသခံ PDF တွေက ဗျူဟာပြောင်းပြီး မီးရှို့တဲ့အဖွဲ့ကို ဝိုင်းတိုက်တာ မိုင်းဆွဲတာတွေလုပ်လာနိုင်လို့ အသေများခဲ့ပါတယ်။ PDF တွေရဲ့ လက်နက်က NUG က ထောက်ပံ့လို့ အတန်အသင့်ကောင်းလာတာလဲ ပါပါတယ်။ နေရာတိုင်းတော့ မဟုတ်သေးပါ။ ဒါပေမယ့် မိသူတွေ သေသူတွေဓာတ်ပုံကို PDF ကမတင်လို့ လော်ဘီများက ဘယ်မှာလဲပုံဆိုပြီး ဆိုက်ဝါးဆက်လုပ်ခဲ့ပါတယ်။

ဒါပေမယ့် KNU က သူတို့မိတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေရဲ့ ပုံတွေကိုတင်တာ ပင်လည်ဘူးမှာ အဖမ်းခံရတာ အသတ်ခံရတာတွေ လူသိရှင်ကြားလိုင်းပေါ်တက်လာချိန်မှာ မအလတပ်ထဲနဲ့ လော်ဘီတွေကြားမှာ ဂယက်အကြီးကြီး ထသွားခဲ့ပါတယ်။ ကုဋေဖြိုးအောင် လမ်းမတော်မှာ အသတ်ခံရပြီးသေတာကို ဇော်မဲလုံးက မသေသေးဘူးလို့ အင်တာဗျူးမှာ ဗြောင်လိမ်သွားရတဲ့အထိ တပ်ထဲကလူတွေ စိတ်ဓာတ်မကျအောင် ထိန်းနေရပါတယ်။ ခေတ်သစ်က ဇော်မဲလုံးမသေဘူးလိမ်ထားသူကို အလောင်းပုံတင်လို့ တပ်ထဲမှာ ဇော်မဲလုံးကိုဆဲတဲ့အထိ ဖြစ်လာနေပါပြီ။

နောက်ရက်ပိုင်းအတွင်း ခရမ်းမှာ မအလတပ်ကို ဝိုင်းတိုက်တာကလဲ အော်တိုသေနတ်တွေနဲ့ပါ။ နယ်စပ်မှာ စစ်ဖြစ်သလို ဝင်တိုက်တာကို ခံလိုက်ရတာပါ။ ဒါကတော့ ရန်ကုန်တပ်အသိုင်းအဝိုင်းမှာပါ ရိုက်ခတ်သွားပြီး မလုံခြုံတော့ဘူးဆိုတာကို ပြနေပါတယ်။ လုံခြုံရေးအမြင်အရပြောရရင် ရန်ကုန်ထဲမှာ အော်တိုရှိနေလို့ ၁၀၇ မမ ရှိနေလို့ ဘယ်အချိန်မဆို မအလရုံးများက ပစ်မှတ်ဖြစ်လာနိုင်နေပါပြီ။ ဟိုက အရပ်သားအိမ်တွေကို ရှောင်နေလို့သာပါ။

ရလာဒ်က တပ်ထဲကလူတွေ ခေတ်သစ်မဖတ်အောင် ယခင်ကထက် ကြပ်မတ်လုပ်ဆောင်ဖို့ မိုးမြင့်ထွန်းက အမိန့်ထုတ်လာတာပါ။ နောက်ပိုင်း တပ်ထဲကလူတွေကို တပ်ပြင်ပ မိသားစုတွေနဲ့ တွေ့ဆုံတာပါ အဆက်ဖြတ်ဖို့ လုပ်လာတာပါ။ ဘာလို့လဲဆိုတော့အချို့က မိမိရွာနဲ့ စကားပြောချိန်မှာ မိဘအိမ်မီးထဲပါသွားတာတွေသိလာသလို အချို့ကလဲ ဖုန်းခေါ်ချိန် မိဘတွေ အမျိုးတွေရဲ့အဆဲတွေ စခံနေရပါပြီ။ အားလုံးသိထားရမှာက အဆိုပါတပ်တွေရဲ့ အမာခံနယ်တွေက အညာဒေသ ဗမာဒေသပါ။

နောက်ပိုင်းတိုက်ပွဲတွေမှာ PDF တွေရဲ့ လက်နက်က တိုးတက်လာပြီး ပစ်မှတ်တွေကလဲ ယခင်ကထက် ပိုထိရောက်လာသလို နည်းပညာကလဲ ပိုအဆင့်မြင့်လာတာ တွေ့ရပါတယ်။ မအလက ရန်ကုန်မှာ ကိုဂျင်မီကိုဖမ်းလဲ တော်လှန်ရေးက မရပ်သွားပါ။ ယခုအချိန် မန္တလေးမှာလဲ ဒလန်အချို့ကြောင့်အဖမ်းခံခဲ့ရပေမယ့် တိုက်ပွဲတွေက ဆက်ဖြစ်နေမှာပါ။

ယခုလက်ရှိမှာ တပ်ထဲမှာ ဖိအားကတိုးလာနေပြီး တပ်မိသားစုအားလုံး အကျယ်ချုပ်စဖြစ်လာနေပါပြီ။ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်ကနေ ဘယ်သူခွဲခွဲမကွဲကွဲ ဒို့က ကွဲတော့မည်ဖြစ်လာနေပါပြီ။ တပ်ထဲမှာ စပေါက်ကွဲလာရင်တော့ ပေါက်ကွဲမှုတွေက မြန်ဆန်လာမှာပါလို့ ပြောပါရစေ။ အချို့ကိစ္စက ငွေကြိုက်သူကို ငွေ၊ အခွင့်အရေးကြိုက်သူကို အခွင့်အရေး၊ ကြောက်တတ်သူကို ကြောက်အောင်လုပ်ပြလိုက်ရင် တော်လှန်ရေးက အမြန်အောင်မြင်မှာပါ။ အထဲမှာတော့ ခရမ်းအထိရောက်လာပြီအဘရေလို့ စအော်လာနေပါပြီ။Myat Tun Oo

ခရမ္းအထိေရာက္လာၿပီအဘ

ေတာ္လွန္ေရးအစပိုင္းမွာ မုံရြာ နမခနယ္ထဲ မအလတပ္ေတြ မိုင္းဆြဲခံရၿပီး အေသအေပ်ာက္မ်ားခဲ့ပါတယ္။ အစပိုင္းမွာ PDF က မိုင္းဆြဲရင္ထိေပမယ့္ သူတို႔ကသတင္းကို ဖုံးဖိပါတယ္။ Facebook ေပၚမွာ ေခတ္သစ္ကတင္ရင္လဲ ဒီသတင္းက မဟုတ္ဘူး ေသရင္အေလာင္းျပရမွာေပါ့ ဘာညာဆိုၿပီး ဝိုင္းလိမ္ခဲ့ပါတယ္။ စစ္ေရးအရလဲ ျပန္လည္ျပင္ဆင္ျခင္းမရွိခဲ့ပါ။ ဗ်ဴဟာမႉးကိုဖမ္း ရာထူးခ်တာေလာက္သာ လုပ္ခဲ့ပါတယ္။ ထိုအခ်ိန္ေလာက္မွာ ဘူးလက္တို႔ ေမာင္ျမင့္တို႔က စေအာ္ေနပါၿပီ။ ဖုံးဖုံးဖိဖိရွင္းဖို႔လုပ္ရာကေန ဖုံးမရဘဲ တိုင္းမႉးျပဳတ္သြားတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။

ေနာက္တိုင္းမႉးအသစ္တက္အၿပီး ရြာေတြကို မီးရွို႔တာ ယင္းမာပင္နဲ႔ ပုလဲက ဌာနခ်ဳပ္ကို ဒလန္အကူအညီနဲ႔ ရဟတ္ယာဥ္နဲ႔ ဝင္စီးတာေတြလုပ္ခဲ့ၿပီး အစပိုင္းမွာ ေအာင္ျမင္သလိုရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ေဒသခံ PDF ေတြက ဗ်ဴဟာေျပာင္းၿပီး မီးရွို႔တဲ့အဖြဲ႕ကို ဝိုင္းတိုက္တာ မိုင္းဆြဲတာေတြလုပ္လာနိုင္လို႔ အေသမ်ားခဲ့ပါတယ္။ PDF ေတြရဲ့ လက္နက္က NUG က ေထာက္ပံ့လို႔ အတန္အသင့္ေကာင္းလာတာလဲ ပါပါတယ္။ ေနရာတိုင္းေတာ့ မဟုတ္ေသးပါ။ ဒါေပမယ့္ မိသူေတြ ေသသူေတြဓာတ္ပုံကို PDF ကမတင္လို႔ ေလာ္ဘီမ်ားက ဘယ္မွာလဲပုံဆိုၿပီး ဆိုက္ဝါးဆက္လုပ္ခဲ့ပါတယ္။

ဒါေပမယ့္ KNU က သူတို႔မိတဲ့ ဗိုလ္ႀကီး၊ ဗိုလ္မႉးေတြရဲ့ ပုံေတြကိုတင္တာ ပင္လည္ဘူးမွာ အဖမ္းခံရတာ အသတ္ခံရတာေတြ လူသိရွင္ၾကားလိုင္းေပၚတက္လာခ်ိန္မွာ မအလတပ္ထဲနဲ႔ ေလာ္ဘီေတြၾကားမွာ ဂယက္အႀကီးႀကီး ထသြားခဲ့ပါတယ္။ ကုေဋၿဖိဳးေအာင္ လမ္းမေတာ္မွာ အသတ္ခံရၿပီးေသတာကို ေဇာ္မဲလုံးက မေသေသးဘူးလို႔ အင္တာဗ်ဴးမွာ ေျဗာင္လိမ္သြားရတဲ့အထိ တပ္ထဲကလူေတြ စိတ္ဓာတ္မက်ေအာင္ ထိန္းေနရပါတယ္။ ေခတ္သစ္က ေဇာ္မဲလုံးမေသဘူးလိမ္ထားသူကို အေလာင္းပုံတင္လို႔ တပ္ထဲမွာ ေဇာ္မဲလုံးကိုဆဲတဲ့အထိ ျဖစ္လာေနပါၿပီ။

ေနာက္ရက္ပိုင္းအတြင္း ခရမ္းမွာ မအလတပ္ကို ဝိုင္းတိုက္တာကလဲ ေအာ္တိုေသနတ္ေတြနဲ႔ပါ။ နယ္စပ္မွာ စစ္ျဖစ္သလို ဝင္တိုက္တာကို ခံလိုက္ရတာပါ။ ဒါကေတာ့ ရန္ကုန္တပ္အသိုင္းအဝိုင္းမွာပါ ရိုက္ခတ္သြားၿပီး မလုံျခဳံေတာ့ဘူးဆိုတာကို ျပေနပါတယ္။ လုံျခဳံေရးအျမင္အရေျပာရရင္ ရန္ကုန္ထဲမွာ ေအာ္တိုရွိေနလို႔ ၁၀၇ မမ ရွိေနလို႔ ဘယ္အခ်ိန္မဆို မအလ႐ုံးမ်ားက ပစ္မွတ္ျဖစ္လာနိုင္ေနပါၿပီ။ ဟိုက အရပ္သားအိမ္ေတြကို ေရွာင္ေနလို႔သာပါ။

ရလာဒ္က တပ္ထဲကလူေတြ ေခတ္သစ္မဖတ္ေအာင္ ယခင္ကထက္ ၾကပ္မတ္လုပ္ေဆာင္ဖို႔ မိုးျမင့္ထြန္းက အမိန္႔ထုတ္လာတာပါ။ ေနာက္ပိုင္း တပ္ထဲကလူေတြကို တပ္ျပင္ပ မိသားစုေတြနဲ႔ ေတြ႕ဆုံတာပါ အဆက္ျဖတ္ဖို႔ လုပ္လာတာပါ။ ဘာလို႔လဲဆိုေတာ့အခ်ိဳ႕က မိမိရြာနဲ႔ စကားေျပာခ်ိန္မွာ မိဘအိမ္မီးထဲပါသြားတာေတြသိလာသလို အခ်ိဳ႕ကလဲ ဖုန္းေခၚခ်ိန္ မိဘေတြ အမ်ိဳးေတြရဲ့အဆဲေတြ စခံေနရပါၿပီ။ အားလုံးသိထားရမွာက အဆိုပါတပ္ေတြရဲ့ အမာခံနယ္ေတြက အညာေဒသ ဗမာေဒသပါ။

ေနာက္ပိုင္းတိုက္ပြဲေတြမွာ PDF ေတြရဲ့ လက္နက္က တိုးတက္လာၿပီး ပစ္မွတ္ေတြကလဲ ယခင္ကထက္ ပိုထိေရာက္လာသလို နည္းပညာကလဲ ပိုအဆင့္ျမင့္လာတာ ေတြ႕ရပါတယ္။ မအလက ရန္ကုန္မွာ ကိုဂ်င္မီကိုဖမ္းလဲ ေတာ္လွန္ေရးက မရပ္သြားပါ။ ယခုအခ်ိန္ မႏၲေလးမွာလဲ ဒလန္အခ်ိဳ႕ေၾကာင့္အဖမ္းခံခဲ့ရေပမယ့္ တိုက္ပြဲေတြက ဆက္ျဖစ္ေနမွာပါ။

ယခုလက္ရွိမွာ တပ္ထဲမွာ ဖိအားကတိုးလာေနၿပီး တပ္မိသားစုအားလုံး အက်ယ္ခ်ဳပ္စျဖစ္လာေနပါၿပီ။ ဘယ္သူခြဲခြဲ ဒို႔မကြဲ အျမဲစည္းလုံးမည္ကေန ဘယ္သူခြဲခြဲမကြဲကြဲ ဒို႔က ကြဲေတာ့မည္ျဖစ္လာေနပါၿပီ။ တပ္ထဲမွာ စေပါက္ကြဲလာရင္ေတာ့ ေပါက္ကြဲမႈေတြက ျမန္ဆန္လာမွာပါလို႔ ေျပာပါရေစ။ အခ်ိဳ႕ကိစၥက ေငြႀကိဳက္သူကို ေငြ၊ အခြင့္အေရးႀကိဳက္သူကို အခြင့္အေရး၊ ေၾကာက္တတ္သူကို ေၾကာက္ေအာင္လုပ္ျပလိုက္ရင္ ေတာ္လွန္ေရးက အျမန္ေအာင္ျမင္မွာပါ။ အထဲမွာေတာ့ ခရမ္းအထိေရာက္လာၿပီအဘေရလို႔ စေအာ္လာေနပါၿပီ။Myat Tun Oo