ၾကားသိသမွ်

မအူပင်မှာ သီလရှင် ၁ ပါး အပါအဝင်ဒေသခံ ၁၅ ဦး PDF ဟုစွပ်စွဲကာ ဖမ်းဆီးခံရ

မအူပင်မှာ သီလရှင် ၁ ပါး အပါအဝင်ဒေသခံ ၁၅ ဦး PDF ဟုစွပ်စွဲကာ ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ် /ဧပြီ၁၄ရက်
ကိုကိုမောင်/မအူပင်

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်ကောင်စီက သီ လရှင် ၁ပါး အပါဝင် ဒေသခံပြည်သူ ၁၅ ဦးကို PDF ဟုစွပ်စွဲကာ ယမန်နေ့ ဧပြီ ၁၃ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။

PDF တပ်ဖွဲ့ဝင်တဦး၏အမျိုးတော်စပ်သူ မအူပင်မြို့ခံမှ မသက်ဆိုင်သူများကိုပါ သတင်းပေးမှုကြောင့် ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

” ဖမ်းခံရတာက PDFထဲက ကလေးတစ်ယောက်ရဲ့အမျိုးကဒလန်လုပ်ပြီး ပေါက်ကရသတင်းပေးလို့ ဖမ်းခံရတာ။ သီလရှင်ဆရာလေး ၁ ပါးပါ အဖမ်းခံရတာ။ အားလုံး ၁၅ ယောက်လောက်ပါသွားတယ်။ အခုချိန်မှာက မဟုတ်လည်းဖမ်း ဟုတ်လည်းဖမ်းနေတာ” ဟု မအူပင်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရတဲ့သီလရှင်ဟာ တရားဘောင်သို့ဝင်ရောက်နေတာကြာမြင့်ပြီဖြစ်ပေမယ့် PDF နဲ့ သားတော်စပ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မအူပင္မွာ သီလရွင္ ၁ ပါး အပါအဝင္ေဒသခံ ၁၅ ဦး PDF ဟုစြပ္စြဲကာ ဖမ္းဆီးခံရ

ဧရာဝတီတိုင္းမ္ /ဧၿပီ၁၄ရက္
ကိုကိုေမာင္/မအူပင္

ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕တြင္ စစ္ေကာင္စီက သီ လရွင္ ၁ပါး အပါဝင္ ေဒသခံျပည္သူ ၁၅ ဦးကို PDF ဟုစြပ္စြဲကာ ယမန္ေန႔ ဧၿပီ ၁၃ ရက္တြင္ ဖမ္းဆီးထားေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

PDF တပ္ဖြဲ႕ဝင္တဦး၏အမ်ိဳးေတာ္စပ္သူ မအူပင္ၿမိဳ႕ခံမွ မသက္ဆိုင္သူမ်ားကိုပါ သတင္းေပးမႈေၾကာင့္ ယင္းကဲ့သို႔ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

” ဖမ္းခံရတာက PDFထဲက ကေလးတစ္ေယာက္ရဲ့အမ်ိဳးကဒလန္လုပ္ၿပီး ေပါက္ကရသတင္းေပးလို႔ ဖမ္းခံရတာ။ သီလရွင္ဆရာေလး ၁ ပါးပါ အဖမ္းခံရတာ။ အားလုံး ၁၅ ေယာက္ေလာက္ပါသြားတယ္။ အခုခ်ိန္မွာက မဟုတ္လည္းဖမ္း ဟုတ္လည္းဖမ္းေနတာ” ဟု မအူပင္ၿမိဳ႕ခံတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ဖမ္းဆီးခံရတဲ့သီလရွင္ဟာ တရားေဘာင္သို႔ဝင္ေရာက္ေနတာၾကာျမင့္ၿပီျဖစ္ေပမယ့္ PDF နဲ႔ သားေတာ္စပ္တယ္ဆိုၿပီး ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။