ၾကားသိသမွ်

သင်္ကြန်အကြိုနေ့က ရန်ကုန် ဗဟိုမဏ္ဍပ်ရှေ့မှာ အကြိမ်ကြိမ်လှည့်လည် ရေပက်ခံခဲ့သူတွေက ဘယ်သူတွေလဲ

သင်္ကြန်အကြိုနေ့က ရန်ကုန် ဗဟိုမဏ္ဍပ်ရှေ့မှာ အကြိမ်ကြိမ်လှည့်လည် ရေပက်ခံခဲ့သူတွေက ဘယ်သူတွေလဲ

ဧရာဝတီတိုင်းမ်

ဧပြီလ ၁၄ ရက်

သင်္ကြန်သင်္ကြန် အကြိုနေ့က ရန်ကုန်တိုင်း၊ ဗဟိုမဏ္ဍပ်မှာ အကြိမ်ကြိမ် လှည့်လည်ကာ ရေပက်ခံခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဝါဒဖြန့်နေတဲ့သူတွေဟာ သင်္ဃန်းကျွန်းမြို့နယ်မှာ နေနေတဲ့ စည်ပင်သာယာဝန်ထမ်းတွေ ဖြစ်တယ်လို့ အဆိုပါ ဝန်ထမ်းတချို့ ကိုယ်တိုင်က အတည်ပြုလိုက်ပါတယ်။

မဖြစ်မနေ ရေပတ်ခံထွက်ရမယ်ဆိုပြီးတော့ စည်ပင်ဝန်ထမ်းတွေထဲက ပန်းဥယျာဉ်ဌာနက ဝန်ထမ်းမိသားစုတွေကို ခေါ်ယူကာ ဝါဒဖြန့်ဖို့အတွက် ရိုက်ကူးရေးလုပ်နေစဉ် ၃ နာရီခန့်ကို ရန်ကုန်မြို့တော်ခန်းမကို ပတ်ကာ လှည့်ပတ်ခိုင်းခဲ့တယ်လို့ ၎င်းဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။

ကျနော်တို့ကို မနက်စောစောထဲက ခေါ်သွားတယ်။ ထမင်းဘူးပေးတယ်။ တရက်တာ အလုပ်မလုပ်ရပဲနဲ့ နေ့တွက်စရိတ်ကို ဌာနက ထုတ်ပေးတယ်။ မလိုက်လို့မှမရတာ။ မလိုက်ရင် ကျနော်တို့က သူတို့ပေးတဲ့ လိုင်းခန်းမှာ နေနေကြရတဲ့သူတွေဆိုတော့ သူတို့ခိုင်းတာ လိုက်လုပ်ရတာပဲလို့ အဆိုပါ စည်ပင်လိုင်းခန်းမှာ နေထိုင်နေတဲ့ ဝန်ထမ်းတဦးက ဧရာဝတီတိုင်းကို ပြောပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်မှာ သင်္ကြန်ကာလ ပြည်သူတွေ စည်ကားနေတယ်ဆိုတဲ့ ဝါဒဖြန့်ဖို့ကို ဘယ်လိုပဲ ကြိုးစားနေပါစေ သူတို့ထုတ်ပြန်တဲ့ ရုပ်သံတွေသာမကပဲ ပြည်သူအများကနေ လူမှု့ကွန်ယက်တွေမှာ ထုတ်ပြခဲ့တဲ့ ရုပ်သံတွေကို ကြည့်လိုက်မယ်ဆိုရင် ပြည်သူအများဟာ စစ်ကောင်စီကလုပ်တဲ့ သင်္ကြန်ကို တော်လှန်နေတာကို သိသာမြင်သာ ရှိခဲ့ပါတယ်။

သၾကၤန္အႀကိဳေန႔က ရန္ကုန္ ဗဟိုမ႑ပ္ေရွ႕မွာ အႀကိမ္ႀကိမ္လွည့္လည္ ေရပက္ခံခဲ့သူေတြက ဘယ္သူေတြလဲ

ဧရာဝတီတိုင္းမ္
ဧၿပီလ ၁၄ ရက္

သၾကၤန္သၾကၤန္ အႀကိဳေန႔က ရန္ကုန္တိုင္း၊ ဗဟိုမ႑ပ္မွာ အႀကိမ္ႀကိမ္ လွည့္လည္ကာ ေရပက္ခံခဲ့တယ္လို႔ အာဏာသိမ္း စစ္ေကာင္စီက ဝါဒျဖန္႔ေနတဲ့သူေတြဟာ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာ ေနေနတဲ့ စည္ပင္သာယာဝန္ထမ္းေတြ ျဖစ္တယ္လို႔ အဆိုပါ ဝန္ထမ္းတခ်ိဳ႕ ကိုယ္တိုင္က အတည္ျပဳလိုက္ပါတယ္။

မျဖစ္မေန ေရပတ္ခံထြက္ရမယ္ဆိုၿပီးေတာ့ စည္ပင္ဝန္ထမ္းေတြထဲက ပန္းဥယ်ာဥ္ဌာနက ဝန္ထမ္းမိသားစုေတြကို ေခၚယူကာ ဝါဒျဖန္႔ဖို႔အတြက္ ရိုက္ကူးေရးလုပ္ေနစဥ္ ၃ နာရီခန္႔ကို ရန္ကုန္ၿမိဳ႕ေတာ္ခန္းမကို ပတ္ကာ လွည့္ပတ္ခိုင္းခဲ့တယ္လို႔ ၎ဌာနက ဝန္ထမ္းတဦးက ေျပာပါတယ္။

က်ေနာ္တို႔ကို မနက္ေစာေစာထဲက ေခၚသြားတယ္။ ထမင္းဘူးေပးတယ္။ တရက္တာ အလုပ္မလုပ္ရပဲနဲ႔ ေန႔တြက္စရိတ္ကို ဌာနက ထုတ္ေပးတယ္။ မလိုက္လို႔မွမရတာ။ မလိုက္ရင္ က်ေနာ္တို႔က သူတို႔ေပးတဲ့ လိုင္းခန္းမွာ ေနေနၾကရတဲ့သူေတြဆိုေတာ့ သူတို႔ခိုင္းတာ လိုက္လုပ္ရတာပဲလို႔ အဆိုပါ စည္ပင္လိုင္းခန္းမွာ ေနထိုင္ေနတဲ့ ဝန္ထမ္းတဦးက ဧရာဝတီတိုင္းကို ေျပာပါတယ္။

စစ္ေကာင္စီဟာ ရန္ကုန္မွာ သၾကၤန္ကာလ ျပည္သူေတြ စည္ကားေနတယ္ဆိုတဲ့ ဝါဒျဖန္႔ဖို႔ကို ဘယ္လိုပဲ ႀကိဳးစားေနပါေစ သူတို႔ထုတ္ျပန္တဲ့ ႐ုပ္သံေတြသာမကပဲ ျပည္သူအမ်ားကေန လူမႈ႔ကြန္ယက္ေတြမွာ ထုတ္ျပခဲ့တဲ့ ႐ုပ္သံေတြကို ၾကည့္လိုက္မယ္ဆိုရင္ ျပည္သူအမ်ားဟာ စစ္ေကာင္စီကလုပ္တဲ့ သၾကၤန္ကို ေတာ္လွန္ေနတာကို သိသာျမင္သာ ရွိခဲ့ပါတယ္။