ၾကားသိသမွ်

မန္တလေး ဒဟတ္တောကွန်ပျူတာ တက္ကသိုလ်က Non CDM များ ကျုံးဘေး၌ မဏ္ဍပ်ထိုင်ဖို့ တာဝန်ကျလို့ ကားနှင့်လာချိန် ဗုံးထုခံရ

မန္တလေး ဒဟတ္တောကွန်ပျူတာ တက္ကသိုလ်က Non CDM များ ကျုံးဘေး၌ မဏ္ဍပ်ထိုင်ဖို့ တာဝန်ကျလို့ ကားနှင့်လာချိန် ဗုံးထုခံရ

MFP ၊ ဧပြီ – ၁၄

စစ်အုပ်စုက ပြုလုပ်သည့်သင်္ကြန်ပွဲ ဆင်နွှဲရန် ထွက်လာသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်ယာဉ်တန်းကို ယနေ့နံနက်ပိုင်းက ဗုံးထုခံခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားမ​တောင်ကျေးရွာအနိီး၊ မန္တလေး-မတ္တရာသွားကားလမ်းတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ဆရာ/မများ၊ကျောင်းသား/သူများ၊ ဝန်ထမ်းများလိုက်ပါလာသော (၃)စီးပါ မော်တော်ယာဥ်တန်းကို ယနေ့နံနက် (၇)နာရီခန့်က ဗုံးထုခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါယာဉ်တန်းတွင် ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စုရှိ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်သန္တာစိုး ဦးဆောင်ပြီးဆရာ/မကျောင်းသား/သူ၊ ဝန်ထမ်းများ (၄၃)ဦး လိုက်ပါလာကြပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၂၆) လမ်းနှင့် (၆၈) လမ်းထောင့်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန မဏ္ဍာပ်သို့ သွားရောက်ရန်အတွက် ထွက်လာစဉ် ယင်းကဲ့သို့ ဗုံးထုခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဗုံးထုခံရမှုကြောင့် မော်တော်ယာဉ်၏ ဘယ်ဘက်ခြမ်း ကားဘော်ဒီနှင့် ကားမှန်တို့ အနည်းငယ်ထိခိုက် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှနကြောင်း စစ်အုပ်စုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးပေ။

(ပြီးခဲ့သည့်နှစ် မတ်လအတွင်းက မန္တလေးကွန်ပျူတာတက္ကသိုလ်ရှေ့မြင်ကွင်း)

မႏၲေလး ဒဟေတၱာကြန္ပ်ဴတာ တကၠသိုလ္က Non CDM မ်ား က်ဳံးေဘး၌ မ႑ပ္ထိုင္ဖို႔ တာဝန္က်လို႔ ကားႏွင့္လာခ်ိန္ ဗုံးထုခံရ

MFP ၊ ဧၿပီ – ၁၄

စစ္အုပ္စုက ျပဳလုပ္သည့္သၾကၤန္ပြဲ ဆင္ႏႊဲရန္ ထြက္လာသည့္ မႏၲေလးကြန္ပ်ဴတာတကၠသိုလ္ယာဥ္တန္းကို ယေန႔နံနက္ပိုင္းက ဗုံးထုခံခဲ့ရေၾကာင္း သတင္းရရွိသည္။

မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ကုလားမ​ေတာင္ေက်းရြာအနိီး၊ မႏၲေလး-မတၱရာသြားကားလမ္းတြင္ မႏၲေလးကြန္ပ်ဴတာ တကၠသိုလ္မွ ဆရာ/မမ်ား၊ေက်ာင္းသား/သူမ်ား၊ ဝန္ထမ္းမ်ားလိုက္ပါလာေသာ (၃)စီးပါ ေမာ္ေတာ္ယာဥ္တန္းကို ယေန႔နံနက္ (၇)နာရီခန႔္က ဗုံးထုခံခဲ့ရျခင္း ျဖစ္သည္။

အဆိုပါယာဥ္တန္းတြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဒဟေတၱာေက်းရြာအုပ္စုရွိ မႏၲေလးကြန္ပ်ဴတာတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ ေဒါက္တာ ခင္သႏၲာစိုး ဦးေဆာင္ၿပီးဆရာ/မေက်ာင္းသား/သူ၊ ဝန္ထမ္းမ်ား (၄၃)ဦး လိုက္ပါလာၾကၿပီး မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၂၆) လမ္းႏွင့္ (၆၈) လမ္းေထာင့္ရွိ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာန မ႑ာပ္သို႔ သြားေရာက္ရန္အတြက္ ထြက္လာစဥ္ ယင္းကဲ့သို႔ ဗုံးထုခံခဲ့ရျခင္းျဖစ္ေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။

ဗုံးထုခံရမႈေၾကာင့္ ေမာ္ေတာ္ယာဥ္၏ ဘယ္ဘက္ျခမ္း ကားေဘာ္ဒီႏွင့္ ကားမွန္တို႔ အနည္းငယ္ထိခိုက္ ပ်က္စီးခဲ့ၿပီး လူထိခိုက္မႈမရွနေၾကာင္း စစ္အုပ္စုႏွင့္ နီးစပ္သူအခ်ိဳ႕ထံမွ သိရသည္။

ယင္းတိုက္ခိုက္မႈကို မည္သည့္အဖြဲ႕အစည္းက လုပ္ေဆာင္ေၾကာင္း မသိရေသးေပ။

(ၿပီးခဲ့သည့္ႏွစ္ မတ္လအတြင္းက မႏၲေလးကြန္ပ်ဴတာတကၠသိုလ္ေရွ႕ျမင္ကြင္း)