ၾကားသိသမွ်

အကြိုနေ့က သီချင်းဖွင့်ပြီး ကနေကြတဲ့ ပျူစောထီးတွေကို PDF တွေ တိုက်ခိုက်လို့ (၈)ကောင်ခန့်ဂန့်

အကြိုနေ့က သီချင်းဖွင့်ပြီး ကနေကြတဲ့ ပျူစောထီးတွေကို PDF တွေ တိုက်ခိုက်လို့ (၈)ဦးနီးပါးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်းမထီးကျေးရွာမှာ ဆောင်းဘောက်ဖွင့်ပြီးကနေကြတဲ့ ပျူစောထီးစခန်းကို PRA အပါအဝင် PDF ၈ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၈ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်ဂျပန်ဆီက သိရပါတယ်။

သင်္ကြန်အကြိုနေ့ မနေ့က ညနေ ၃နာရီဝန်းကျင်က ပျူစောထီးစခန်းမှာ ကနေကြတဲ့ စစ်သားတွေနဲ့ ပျူစောထီးအင်အား ၈၀နီးပါးကို ဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ People Revolution Army (PRA) ခေါင်း‌ဆောင် ဗိုလ်ဂျပန်က ပြောပါတယ်။

” အင်မထီးမှာ ခွေးတွေက ဆောင်းဘောက်စက်ဖွင့်ပြီးကနေတာ၊အင်အားက ၈၀ လောက်ရှိတယ်၊ပျူစောထီးသင်တန်းပေးတဲ့နေရာမှာ သူတို့လုပ်နေတာ၊ကနေကြတာကို အလစ်ဝင်ဆော်ကြတာ၊ဒီမနက်မှာ ကြားရတာက စစ်သားနဲ့ပျူစောထီး (၈) ယောက်ကျတယ်” လို့ ပြောပါတယ်။

People Revolution Army (PRA)၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် အဖွဲ့ ၊ PPDG၊ MVRF ၊ Myaing Youths Revolution ၊ Guerrilla Ranger နဲ့ Local PDF တွေ ဝင်တိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#Myaelattathan






#Myaelattathan