ၾကားသိသမွ်

အကြမ်းဖက်စစ်ကောင်စီ ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်တဲ့ ဗဟိုမဏ္ဍပ်ကို ပဲခူးခရိုင် PDF က တိုက်ခိုက် မှုပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်တဲ့ ဗဟိုမဏ္ဍပ်ကို ပဲခူးခရိုင် PDF က တိုက်ခိုက် မှုပြုလုပ်

ဧပြီ ၁၄ ၊ ၂၀၂၂

အကြမ်းစစ်ကောင်စီက ခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်တဲ့ ဗဟိုမဏ္ဍပ်ရဲ့ လုံခြုံရေး ရဲဂိတ်ကို ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ပဲခူးခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂) PDF-Bagoက မနေ့က ညနေ ၆ နာရီခွဲအချိန်လောက်မှာ အကြမ်းဖက်စစ်ကောင်စီ ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်တဲ့ ဗဟိုမဏ္ဍပ်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် တပင်ရွှေထီးလမ်း လုံခြုံရေးရဲဂိတ်မှ ရဲတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောက်ဆက်တွဲ ထိခိုက် ဒဏ်ရာရမှုစာရင်းကို အတည်ပြုနေတယ်လို့ ဆိုထားပါတယ်။

ပဲခူးတိုင်း PDF တပ်ရင်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာ ကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စကစကပြုလုပ်မယ့် ပျော်ပွဲရွှင်ပွဲတွေမှာပါဝင်ခြင်း မပြုကြပါဖို့အတွက် လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။

#PVTV

အၾကမ္းဖက္စစ္ေကာင္စီ ဝန္ႀကီးခ်ဳပ္တက္ေရာက္ဖြင့္လွစ္တဲ့ ဗဟိုမ႑ပ္ကို ပဲခူးခရိုင္ PDF က တိုက္ခိုက္ မႈျပဳလုပ္

ဧၿပီ ၁၄ ၊ ၂၀၂၂

အၾကမ္းစစ္ေကာင္စီက ခန႔္ထားတဲ့ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္တက္ေရာက္ဖြင့္လွစ္တဲ့ ဗဟိုမ႑ပ္ရဲ့ လုံျခဳံေရး ရဲဂိတ္ကို ပဲခူးခရိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က မေန႔က တိုက္ခိုက္မႈေတြျပဳလုပ္ခဲ့ပါတယ္။

ပဲခူးခရိုင္တပ္ရင္း(၁) တပ္ခြဲ(၂) PDF-Bagoက မေန႔က ညေန ၆ နာရီခြဲအခ်ိန္ေလာက္မွာ အၾကမ္းဖက္စစ္ေကာင္စီ ခန႔္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ တက္ေရာက္ဖြင့္လွစ္တဲ့ ဗဟိုမ႑ပ္ကို လက္ပစ္ဗုံးနဲ႔ တိုက္ခိုက္ခဲ့တာပါ။

တိုက္ခိုက္မႈေၾကာင့္ တပင္ေရႊထီးလမ္း လုံျခဳံေရးရဲဂိတ္မွ ရဲေတြ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေနာက္ဆက္တြဲ ထိခိုက္ ဒဏ္ရာရမႈစာရင္းကို အတည္ျပဳေနတယ္လို႔ ဆိုထားပါတယ္။

ပဲခူးတိုင္း PDF တပ္ရင္းအေနနဲ႔ အၾကမ္းဖက္စစ္ေကာင္စီေတြကို အရွိန္အဟုန္ျမႇင့္ တိုက္ခိုက္သြားမွာျဖစ္တာ ေၾကာင့္ ျပည္သူေတြအေနနဲ႔ အၾကမ္းဖက္စကစကျပဳလုပ္မယ့္ ေပ်ာ္ပြဲရႊင္ပြဲေတြမွာပါဝင္ျခင္း မျပဳၾကပါဖို႔အတြက္ လည္း တိုက္တြန္းထားတာေတြ႕ရပါတယ္။

#PVTV