ၾကားသိသမွ်

တော်လှန်သင်္ကြန် အိမ်မှာနေပြီး Dance Challenge အစီအစဉ်မှာပါဝင်ကြဖို့ ဖိတ်ခေါ်

တော်လှန်သင်္ကြန် အိမ်မှာနေပြီး Dance Challenge အစီအစဉ်မှာပါဝင်ကြဖို့ ဖိတ်ခေါ်

ဧပြီ ၁၃ ၊ ၂၀၂၂

တော်လှန်သင်္ကြန်ကာလအချိန်မှာ အိမ်ထဲမှာ နေကြပြီးတော့ Dance Challenge အစီအစဉ်မှာ ပါဝင်ကြဖို့အတွက် ဖိတ်ခေါ်တဲ့ ကမ်ပိန်းတစ်ခုကို စတင်ပြုလုပ်နေပါပြီ။


ကမ်ပိန်းပြုလုပ်တဲ့သူတွေက “တော်လှန်သင်္ကြန်ကာလ အိမ်မှာ အေးဆေးနေပြီး အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ဖို့ ဒီ Dance Challenge မှာ ပါ၀င်လိုက်ကြရအောင်။

Dance Challenge မှာ ပါ၀င်ချင်မယ်ဆိုရင်တော့ မိမိ ကထားတဲ့ Video File ကို ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထားပြီး WOIOW ရဲ့ Official Facebook Page Messenger ကနေ ပေးပို့လို့ရပါတယ်။” ဆိုပြီး ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။


ပေးပို့လာတဲ့ Dance Challenge တွေကို WOIOW ရဲ့ Social Media Platforms တွေမှာ အမှတ်တရ ပြန်တင်ပေးသွားမှာလို့လည်းဖော်ပြထားပါတယ်။

WOIOW ရဲ့ Official Facebook Page ကတော့ https://www.facebook.com/WOIOW.Official/ ဖြစ်ပါတယ်။

၀တ်စုံ Costume အနေနဲ့ အကြံပြုလိုတာကတော့ ဆန္ဒပြတုန်းကလို စိတ်ခံစားမှုလေး ပြန်ဖြစ်အောင် ၂၀၂၁ နွေဦးတော်လှန်ရေး အစောပိုင်းကာလက ဆန္ဒပြပွဲတွေမှာ ‌ရှေ့တန်းက ကာကွယ်ပေးခဲ့တဲ့ Defense Team တွေရဲ့ ၀တ်စားဆင်ယင်ပုံ၀တ်ကြဖို့ အကြံပြုလိုတယ်ဆိုပြီးတော့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။


တော်လှန်သင်္ကြန်မှာ လူငယ်သဘာ၀ ‘’PDF Power’’ Hardstyle Remix နဲ့ ကခုန်ပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ကြဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
#PVTV

ေတာ္လွန္သၾကၤန္ အိမ္မွာေနၿပီး Dance Challenge အစီအစဥ္မွာပါဝင္ၾကဖို႔ ဖိတ္ေခၚ

ဧၿပီ ၁၃ ၊ ၂၀၂၂

ေတာ္လွန္သၾကၤန္ကာလအခ်ိန္မွာ အိမ္ထဲမွာ ေနၾကၿပီးေတာ့ Dance Challenge အစီအစဥ္မွာ ပါဝင္ၾကဖို႔အတြက္ ဖိတ္ေခၚတဲ့ ကမ္ပိန္းတစ္ခုကို စတင္ျပဳလုပ္ေနပါၿပီ။

ကမ္ပိန္းျပဳလုပ္တဲ့သူေတြက “ေတာ္လွန္သၾကၤန္ကာလ အိမ္မွာ ေအးေဆးေနၿပီး အၾကမ္းဖက္ စစ္ေကာင္စီကို ေတာ္လွန္ဖို႔ ဒီ Dance Challenge မွာ ပါ၀င္လိုက္ၾကရေအာင္။

Dance Challenge မွာ ပါ၀င္ခ်င္မယ္ဆိုရင္ေတာ့ မိမိ ကထားတဲ့ Video File ကို ဧၿပီလ ၃၀ရက္ေန႔ ေနာက္ဆုံးထားၿပီး WOIOW ရဲ့ Official Facebook Page Messenger ကေန ေပးပို႔လို႔ရပါတယ္။” ဆိုၿပီး ဖိတ္ေခၚထားတာျဖစ္ပါတယ္။

ေပးပို႔လာတဲ့ Dance Challenge ေတြကို WOIOW ရဲ့ Social Media Platforms ေတြမွာ အမွတ္တရ ျပန္တင္ေပးသြားမွာလို႔လည္းေဖာ္ျပထားပါတယ္။

WOIOW ရဲ့ Official Facebook Page ကေတာ့ https://www.facebook.com/WOIOW.Official/ ျဖစ္ပါတယ္။

၀တ္စုံ Costume အေနနဲ႔ အႀကံျပဳလိုတာကေတာ့ ဆႏၵျပတုန္းကလို စိတ္ခံစားမႈေလး ျပန္ျဖစ္ေအာင္ ၂၀၂၁ ေႏြဦးေတာ္လွန္ေရး အေစာပိုင္းကာလက ဆႏၵျပပြဲေတြမွာ ‌ေရွ႕တန္းက ကာကြယ္ေပးခဲ့တဲ့ Defense Team ေတြရဲ့ ၀တ္စားဆင္ယင္ပုံ၀တ္ၾကဖို႔ အႀကံျပဳလိုတယ္ဆိုၿပီးေတာ့လည္း ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ေတာ္လွန္သၾကၤန္မွာ လူငယ္သဘာ၀ ‘’PDF Power’’ Hardstyle Remix နဲ႔ ကခုန္ၿပီး အၾကမ္းဖက္စစ္ေကာင္စီကို ေတာ္လွန္ၾကဖို႔အတြက္လည္း တိုက္တြန္းထားတာ ေတြ႕ရပါတယ္။

#PVTV