ၾကားသိသမွ်

တောင်ကြီးသင်္ကြန်ဗဟိုမဏ္ဍပ်၌ ‌ဖျော်‌ဖြေရန် KTV အမျိုးသမီးဆိုရှင် ၁၂ဦးထက်မနည်း ခေါ်ယူထား

တောင်ကြီးသင်္ကြန်ဗဟိုမဏ္ဍပ်၌ ‌ဖျော်‌ဖြေရန် KTV အမျိုးသမီးဆိုရှင် ၁၂ဦးထက်မနည်း ခေါ်ယူထား

မဲခေါင်၊ ဧပြီ ၁၃

အာဏာသိမ်းစစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့က တောင်ကြီးမြို့တွင် ပြုလုပ်နေသည့် သင်္ကြန်ဗဟိုမဏ္ဍပ်၌ ဖျော်‌ဖြေရန် KTVမှ အမျိုးသမီးအဆိုရှင် ၁၂ဦးထက်မနည်းကို ခေါ်ယူထားကြောင်း စစ်တပ်တွင်းသတင်းရင်းြမစ်များထံမှ သိရသည်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ၎င်းတို့ရုံးနှင့် ပြည်နယ်လွှတ်တော်ရုံးကြားတွင် သင်္ကြန်​ရေကစားဗဟိုမဏ္ဍပ် ဆောက်လုပ်ထားပြီး ယနေ့ညနေပိုင်း၌ ဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး ယင်းမဏ္ဍပ်တွင် သီချင်းသီဆိုဖျော်‌ဖြေရန်အတွက အေးသာယာမြို့ရှိ KTV၂ခုမှ မိန်းကလေးအဆိုရှင် ၇ဦးခေါ်ယူနှင့် တောင်ကြီးမြို့ရှိ KTVတစ်ခုမှ အမျိုးသမီးအဆိုရှင် ၅ဦး ထက်မနည်းအားခေါ်ယူထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စရဖ‌က ခေါ်ပေးရတာ၊ ညပိုင်းတွေကြရင် အကြိုအပို့လည်း သူတို့လုပ်ပေးရမယ်လို့ ပြောတယ်။ အေးသာယာက၇ယောက်၊ တောင်ကြီးက ၅ယောက်ထက်မနည်းကိုခေါ်ထားတယ်။ အဓိကတော့ နေ့ခင်းဖက်တွေမှာ သီချင်းဆိုခိုင်းပေါ့။ နီးစပ်ရာတပ်အသိုင်းအဝိုင်းမှာ တက်ဆိုချင်ကြသူတွေရှိပေမယ့် ရုပ်ရည်ကအဆင်မပြေတော့ KTVကပဲ ခေါ်ခိုင်းထားတာ”ဟု ‌၎င်းကပြောသည်။

ထို့အပြင် အဆိုပါသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲအတွက် တောင်ကြီးမြို့ပေါ်တစ်ရပ်ကွက်လျှင် ရန်ပုံငွေ ၅ သိန်းပေးပြီး ၂၅ ဦးစီတက်ခိုင်းထားပြီး ယိမ်းအဖွဲ့၂၁ဖွဲ့အား ဖျော်ဖြေရန် ခေါ်ယူထားကြောင်း သိရသည်။

လုံခြုံရေးတင်းကြပ်စွာဖြင့်ပြုလုပ်မည့် အဆိုပါ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်၊ ညနေ ၅ နာရီတွင်ပြုလုပ်မည်ဖြစ်ပြီး ပိတ်ပွဲကို သင်္ကြန်အတက်နေ့ ဖြစ်သည့် ဧပြီလ ၁၆ ရက်၊ ညနေ ၅ နာရီတွင်ပြုလုပ်မည်ဖြစ်ကာ ညနေ ၄ နာရီခွဲအရောက် နေရာယူရန် ခေါ်ယူထားကြောင်း သိရသည်။

ေတာင္ႀကီးသၾကၤန္ဗဟိုမ႑ပ္၌ ‌ေဖ်ာ္‌ေျဖရန္ KTV အမ်ိဳးသမီးဆိုရွင္ ၁၂ဦးထက္မနည္း ေခၚယူထား

မဲေခါင္၊ ဧၿပီ ၁၃

အာဏာသိမ္းစစ္ေကာင္စီခန႔္ ျပည္နယ္အစိုးရအဖြဲ႕က ေတာင္ႀကီးၿမိဳ႕တြင္ ျပဳလုပ္ေနသည့္ သၾကၤန္ဗဟိုမ႑ပ္၌ ေဖ်ာ္‌ေျဖရန္ KTVမွ အမ်ိဳးသမီးအဆိုရွင္ ၁၂ဦးထက္မနည္းကို ေခၚယူထားေၾကာင္း စစ္တပ္တြင္းသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ၎တို႔႐ုံးႏွင့္ ျပည္နယ္လႊတ္ေတာ္႐ုံးၾကားတြင္ သၾကၤန္​ေရကစားဗဟိုမ႑ပ္ ေဆာက္လုပ္ထားၿပီး ယေန႔ညေနပိုင္း၌ ဖြင့္ပြဲက်င္းပမည္ျဖစ္ၿပီး ယင္းမ႑ပ္တြင္ သီခ်င္းသီဆိုေဖ်ာ္‌ေျဖရန္အတြက ေအးသာယာၿမိဳ႕ရွိ KTV၂ခုမွ မိန္းကေလးအဆိုရွင္ ၇ဦးေခၚယူႏွင့္ ေတာင္ႀကီးၿမိဳ႕ရွိ KTVတစ္ခုမွ အမ်ိဳးသမီးအဆိုရွင္ ၅ဦး ထက္မနည္းအားေခၚယူထားေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“စရဖ‌က ေခၚေပးရတာ၊ ညပိုင္းေတြၾကရင္ အႀကိဳအပို႔လည္း သူတို႔လုပ္ေပးရမယ္လို႔ ေျပာတယ္။ ေအးသာယာက၇ေယာက္၊ ေတာင္ႀကီးက ၅ေယာက္ထက္မနည္းကိုေခၚထားတယ္။ အဓိကေတာ့ ေန႔ခင္းဖက္ေတြမွာ သီခ်င္းဆိုခိုင္းေပါ့။ နီးစပ္ရာတပ္အသိုင္းအဝိုင္းမွာ တက္ဆိုခ်င္ၾကသူေတြရွိေပမယ့္ ႐ုပ္ရည္ကအဆင္မေျပေတာ့ KTVကပဲ ေခၚခိုင္းထားတာ”ဟု ‌၎ကေျပာသည္။

ထို႔အျပင္ အဆိုပါသၾကၤန္ဗဟိုမ႑ပ္ဖြင့္ပြဲ/ပိတ္ပြဲအတြက္ ေတာင္ႀကီးၿမိဳ႕ေပၚတစ္ရပ္ကြက္လၽွင္ ရန္ပုံေငြ ၅ သိန္းေပးၿပီး ၂၅ ဦးစီတက္ခိုင္းထားၿပီး ယိမ္းအဖြဲ႕၂၁ဖြဲ႕အား ေဖ်ာ္ေျဖရန္ ေခၚယူထားေၾကာင္း သိရသည္။

လုံျခဳံေရးတင္းၾကပ္စြာျဖင့္ျပဳလုပ္မည့္ အဆိုပါ ဗဟိုမ႑ပ္ဖြင့္ပြဲကို သၾကၤန္အႀကိဳေန႔ျဖစ္သည့္ ဧၿပီလ ၁၃ ရက္၊ ညေန ၅ နာရီတြင္ျပဳလုပ္မည္ျဖစ္ၿပီး ပိတ္ပြဲကို သၾကၤန္အတက္ေန႔ ျဖစ္သည့္ ဧၿပီလ ၁၆ ရက္၊ ညေန ၅ နာရီတြင္ျပဳလုပ္မည္ျဖစ္ကာ ညေန ၄ နာရီခြဲအေရာက္ ေနရာယူရန္ ေခၚယူထားေၾကာင္း သိရသည္။