ၾကားသိသမွ်

တော်လှန်သင်္ကြန်အကြိုအဖြစ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ကောင်ဘဝပြောင်း

တော်လှန်သင်္ကြန်အကြိုအဖြစ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

စစ်ကိုင်း၊ ဧပြီ ၁၃
လူငယ့်ခေတ်

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်မှ မုံရွာသို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်သင်္ကြန် ကြိုဆိုအဖွင့်အနေဖြင့် ဧပြီလ ၁၂ ရက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မြောင်အမျိုးသမီးစစ်သည်တော် M2W တပ်ရင်းမှ သိရသည်။

” ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းရွာကြားမှာ မိုင်းဆွဲတိုက်တာပါ။ မိုင်းကတော့ M2W က ထုတ်လုပ်တဲ့ မိုးပဒေသာ ၂ လုံးဆင့်မိုင်းပါ။ စစ်ရာဇဝတ်ကောင် ၁၀ ကောင်သေတယ် ” ဟု M2W မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မြောင်မြို့နယ်ပြည်သူကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM မှ ဦးဆောင်ပြီး ပြည်သူ့တပ်မတော် မြောင် ၊ ​Myaung Union Army စစ်ကိုင်းခရိုင် တပ်ရင်း ၁ ၊ ၂ တပ်ခွဲ ၃ ၊ Myimu civil revolution force နှင့် Black Eagle Defence force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွင် တစ်ဖက်ပွင့် ၄ လုံး ဖြင့် ရှေ့ထွက်မိုင်းအဖြစ် တိုက်ခိုက်ခဲ့ပြီးနောက် (၂) လုံးဆင့် ၁၀လုံးတွဲ ပဒေသာမိုင်းဖြင့် ထပ်ဆွဲခဲ့ပြီး “စခ ၁၀ ကောင်ဘဝပြောင်းသွားကြောင်း” ပြည်သူ့တပ်မတော်မြောင် က ဧပြီ လ ၁၂ ရက်ညက ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးစစ်သည်တော်များ သည် လည်း ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ေတာ္လွန္သၾကၤန္အႀကိဳအျဖစ္ မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၁၀ ဦး ေသဆုံး

စစ္ကိုင္း၊ ဧၿပီ ၁၃
လူငယ့္ေခတ္

စစ္ကိုင္းတိုင္း ၊ ျမင္းမူၿမိဳ႕နယ္မွ မုံရြာသို႔ ထြက္လာသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ကို ေတာ္လွန္သၾကၤန္ ႀကိဳဆိုအဖြင့္အေနျဖင့္ ဧၿပီလ ၁၂ ရက္က ပေဒသာမိုင္းျဖင့္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁၀ ဦးေသဆုံးခဲ့ေၾကာင္း ေျမာင္အမ်ိဳးသမီးစစ္သည္ေတာ္ M2W တပ္ရင္းမွ သိရသည္။

” ေဂြးပင္ေတာႏွင့္ ဘိုးမင္းႀကီးကင္းရြာၾကားမွာ မိုင္းဆြဲတိုက္တာပါ။ မိုင္းကေတာ့ M2W က ထုတ္လုပ္တဲ့ မိုးပေဒသာ ၂ လုံးဆင့္မိုင္းပါ။ စစ္ရာဇဝတ္ေကာင္ ၁၀ ေကာင္ေသတယ္ ” ဟု M2W မွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္ သို႔ေျပာသည္။

အဆိုပါ မိုင္းဆြဲတိုက္ခိုက္မႈတြင္ ေျမာင္ၿမိဳ႕နယ္ျပည္သူကာကြယ္ေရးႏွင့္လုံျခဳံေရးအဖြဲ႕ CDSOM မွ ဦးေဆာင္ၿပီး ျပည္သူ႔တပ္မေတာ္ ေျမာင္ ၊ ​Myaung Union Army စစ္ကိုင္းခရိုင္ တပ္ရင္း ၁ ၊ ၂ တပ္ခြဲ ၃ ၊ Myimu civil revolution force ႏွင့္ Black Eagle Defence force တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

တိုက္ခိုက္မႈတြင္ တစ္ဖက္ပြင့္ ၄ လုံး ျဖင့္ ေရွ႕ထြက္မိုင္းအျဖစ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ (၂) လုံးဆင့္ ၁၀လုံးတြဲ ပေဒသာမိုင္းျဖင့္ ထပ္ဆြဲခဲ့ၿပီး “စခ ၁၀ ေကာင္ဘဝေျပာင္းသြားေၾကာင္း” ျပည္သူ႔တပ္မေတာ္ေျမာင္ က ဧၿပီ လ ၁၂ ရက္ညက ထုတ္ျပန္သည္။

အဆိုပါ စစ္ဆင္ေရးလုပ္ေဆာင္ခဲ့သည့္ ျပည္သူ႔ကာကြယ္ေရးစစ္သည္ေတာ္မ်ား သည္ လည္း ေဘးကင္းစြာဆုတ္ခြာနိုင္ခဲ့ေၾကာင္း သိရသည္။