ၾကားသိသမွ်

‘’အတ္တ’’ ကြောင့် ဝေဖန်မှုတွေ ရှိခဲ့တဲ့ ပန်ဆယ်လို

‘’အတ္တ’’ ကြောင့် ဝေဖန်မှုတွေ ရှိခဲ့တဲ့ ပန်ဆယ်လို

ဧပြီ ၁၁

အမေရိကန်မှာ ပြုလုပ်တဲ့ တော်လှန်သင်္ကြန်ပွဲတခုမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဘွန်းတွေကို သွားရောက် ရောင်းချတဲ့ မပန်ဆယ်လိုကို သီချင်းဆိုဖို့ အဲဒီမြို့ခံ အဖွဲ့က အတင်း တောင်းဆိုတာကြောင့် ‘’အတ္တ’’ ဆိုတဲ့ သီချင်းဆိုခဲ့ကြောင်း သိရပါတယ်။


အခုလို သီဆိုမှုကြောင့် နိုင်ငံခြားမှာ သင်္ကြန်ပွဲကျင်းပပြီး ပျော်ရွှင်နေကြတယ်ဆိုတဲ့ ဝေဖန်မှု‌တွေ ရှိနေသလို ဒါဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေ အတွက် လုပ်တဲ့ သင်္ကြန်ပွဲဆိုပြီး ထောက်ခံသူတွေလည်း ရှိကြပါတယ်။


ဝေဖန်သူတွေထဲမှာ စစ်ကောင်စီ ထောက်ခံသူတွေလည်းပါ တာကြောင့် မပန်ဆန်လိုက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ အခုလို တုန့်ပြန်ပြောကြားလိုက်ပါတယ်။


‘’အေး…. အဖွဲ့တွေ အတွက် ရံပုံငွေရဖို့ သီချင်းဆိုရမယ် ဆိုလည်း ဆိုရမှာပဲ။ ကရမယ်ဆိုလည်း ကရမှာပဲ။ တော်လှန်ရေးဆိုတာ ပျော်လို့ လုပ်နေတာ မဟုတ်ဘူး။ နင်တို့ဘက်က ဘောမတွေလို အားအားယားယား စင်ပေါ်တက်ဒွန့်နေတာ မဟုတ်ဘူး’’ ဆိုပြီး တုန့်ပြန်ထားတာ ဖြစ်ပါတယ်။

#THN f j

‘’အတၱ’’ ေၾကာင့္ ေဝဖန္မႈေတြ ရွိခဲ့တဲ့ ပန္ဆယ္လို
ဧၿပီ ၁၁

အေမရိကန္မွာ ျပဳလုပ္တဲ့ ေတာ္လွန္သၾကၤန္ပြဲတခုမွာ အမ်ိဳးသား ညီညြတ္ေရး အစိုးရ NUG ဘြန္းေတြကို သြားေရာက္ ေရာင္းခ်တဲ့ မပန္ဆယ္လိုကို သီခ်င္းဆိုဖို႔ အဲဒီၿမိဳ႕ခံ အဖြဲ႕က အတင္း ေတာင္းဆိုတာေၾကာင့္ ‘’အတၱ’’ ဆိုတဲ့ သီခ်င္းဆိုခဲ့ေၾကာင္း သိရပါတယ္။


အခုလို သီဆိုမႈေၾကာင့္ နိုင္ငံျခားမွာ သၾကၤန္ပြဲက်င္းပၿပီး ေပ်ာ္ရႊင္ေနၾကတယ္ဆိုတဲ့ ေဝဖန္မႈ‌ေတြ ရွိေနသလို ဒါဟာ ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြ အတြက္ လုပ္တဲ့ သၾကၤန္ပြဲဆိုၿပီး ေထာက္ခံသူေတြလည္း ရွိၾကပါတယ္။


ေဝဖန္သူေတြထဲမွာ စစ္ေကာင္စီ ေထာက္ခံသူေတြလည္းပါ တာေၾကာင့္ မပန္ဆန္လိုက သူ႔ရဲ့ ေဖ့စ္ဘြတ္ကေန အခုလို တုန႔္ျပန္ေျပာၾကားလိုက္ပါတယ္။

‘’ေအး…. အဖြဲ႕ေတြ အတြက္ ရံပုံေငြရဖို႔ သီခ်င္းဆိုရမယ္ ဆိုလည္း ဆိုရမွာပဲ။ ကရမယ္ဆိုလည္း ကရမွာပဲ။ ေတာ္လွန္ေရးဆိုတာ ေပ်ာ္လို႔ လုပ္ေနတာ မဟုတ္ဘူး။ နင္တို႔ဘက္က ေဘာမေတြလို အားအားယားယား စင္ေပၚတက္ဒြန္႔ေနတာ မဟုတ္ဘူး’’ ဆိုၿပီး တုန႔္ျပန္ထားတာ ျဖစ္ပါတယ္။

#THN f j