ၾကားသိသမွ်

ယင်းမာပင်၌ NUG စာသင်ကျောင်း ၅၀ ခန့် ပြန်ဖွင့်

ယင်းမာပင်၌ NUG စာသင်ကျောင်း ၅၀ ခန့် ပြန်ဖွင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လမ်းညွှန်ချက်နဲ့ ကြားကာလပညာရေးအဖြစ် စတင်ဖွင့်လှစ် သင်ကြားပေးနေတဲ့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၅၀ လောက်ရှိနေပြီလို့ ဒေသခံ PDF အဖွဲ့ထံက သိရတယ်။

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တားဆီးနိုင်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းကာ ဖေဖော်ဝါရီ ၄ ရက်ကစလို့ စာသင်ကျောင်းတွေကို စတင်ဖွင့်လှစ်ခဲ့တာလို့ ဒေသခံ PDF အဖွဲ့ ခေါင်းဆောင်ဆရာစံက ဒီဗွီဘီကိုပြောပါတယ်။

“NUG အစိုးရရဲ့ အခြေခံအုတ်မြစ်အဖြစ် အုပ်ချုပ်ရေး ယန္တရားတွေကို အထူး တည်ဆောက်နေပါတယ်။ ယင်းမာပင်မြို့နယ်အတွင်းမှာ လက်ရှိအချိန်အထိ စာသင်ကျောင်းပေါင်း ၅၀ ဝန်းကျင်ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းတက်ရောက်သူ ၈၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

တော်လှန်ရေးကာလ ပညာရေးဖြစ်တဲ့အတွက် အတန်းအောင်ခြင်း မအောင်ခြင်းက အဓိကကျသလား၊ ပညာကအဓိက ကျသလားဆိုတာ တွေးဖို့လိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လပတ်စာမေးပွဲ၊ အတန်းတင်စာမေးပွဲတွေ လုပ်ပေးမဲ့ပေါ်မူတည်ပြီး အောင်မြင်မှုအတိုင်းအတာကို ဖော်ပြပေးမဲ့ အချိန်တခုကို ကျနော်တို့ ယုံကြည်ချက်ရှိသလို မိဘပြည်သူနဲ့ ကျောင်းသားအားလုံး ယုံကြည်ချက်ရှိရှိ ပညာသင်ကြားပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဆရာစံက ပြောပါတယ်။


လက်ရှိ ပထမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားမိဘတဦးက “ကလေးတွေက စာတွေနဲ့ ဝေးနေတာကြာပြီဆိုတော့ အခုလိုကျောင်းတွေ ပြန်ဖွင့်တဲ့အပေါ်မှာ အတိုင်းမသိဝမ်းသာပါတယ်။ ကျမကလေးဆိုရင် ၈ နှစ်ထဲကို ရောက်နေပြီ အခုမှ ပထမတန်း စတက်ရတာဆိုတော့ နောက်တချိန် ကလေးတွေရဲ့ အနာဂတ်က အဆင်ပြေနိုင်ဘူး။ NUG ကဖွင့်ပေးတဲ့ ကျောင်းမျိုးမှာပဲ အေးအေးချမ်းချမ်း ပညာသင်ကြားခွင့်ရစေချင်တာပါ။ စစ်အာဏာရှင်လက်အောက်က ကျောင်းတွေမှာတော့ ဘယ်လိုမှ ကျောင်းမထားချင်ပါဘူး” လို့ ပြောပါတယ်။

အဆိုပါကျောင်းတွေမှာ CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာအတွင်းမှာရှိတဲ့ ၁၀ တန်းအောင်၊ ဘွဲ့ရသူတွေက ပရဟိတအနေနဲ့ ပညာသင်ကြားပေးနေတာဖြစ်ပြီး ကျောင်းတကျောင်းမှာ ဆရာ၊ ဆရာမ ဦးရေ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းတွေကို ၁ နှစ်တာ ယာယီပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်က စစ်အုပ်စု အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်အထိ ပညာရေး ယန္တရား ရပ်နားလုနီးပါး ဖြစ်နေခဲ့တာပါ။DVB

ယင္းမာပင္၌ NUG စာသင္ေက်ာင္း ၅၀ ခန႔္ ျပန္ဖြင့္

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်းရြာတခ်ိဳ႕မွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)ရဲ့ လမ္းညႊန္ခ်က္နဲ႔ ၾကားကာလပညာေရးအျဖစ္ စတင္ဖြင့္လွစ္ သင္ၾကားေပးေနတဲ့ အေျခခံပညာ စာသင္ေက်ာင္းေပါင္း ၅၀ ေလာက္ရွိေနၿပီလို႔ ေဒသခံ PDF အဖြဲ႕ထံက သိရတယ္။

ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ စစ္ေကာင္စီရဲ့အုပ္ခ်ဳပ္ေရးယႏၲရားနဲ႔ စစ္ကၽြန္ပညာေရးကို ဆန႔္က်င္တားဆီးနိုင္ခဲ့ၿပီး ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ဖြဲ႕စည္းကာ ေဖေဖာ္ဝါရီ ၄ ရက္ကစလို႔ စာသင္ေက်ာင္းေတြကို စတင္ဖြင့္လွစ္ခဲ့တာလို႔ ေဒသခံ PDF အဖြဲ႕ ေခါင္းေဆာင္ဆရာစံက ဒီဗြီဘီကိုေျပာပါတယ္။

“NUG အစိုးရရဲ့ အေျခခံအုတ္ျမစ္အျဖစ္ အုပ္ခ်ဳပ္ေရး ယႏၲရားေတြကို အထူး တည္ေဆာက္ေနပါတယ္။ ယင္းမာပင္ၿမိဳ႕နယ္အတြင္းမွာ လက္ရွိအခ်ိန္အထိ စာသင္ေက်ာင္းေပါင္း ၅၀ ဝန္းက်င္ဖြင့္လွစ္ထားနိုင္ၿပီး ေက်ာင္းတက္ေရာက္သူ ၈၀ ရာခိုင္ႏႈန္းအထိ ရွိေနပါတယ္။

ေတာ္လွန္ေရးကာလ ပညာေရးျဖစ္တဲ့အတြက္ အတန္းေအာင္ျခင္း မေအာင္ျခင္းက အဓိကက်သလား၊ ပညာကအဓိက က်သလားဆိုတာ ေတြးဖို႔လိုပါတယ္။ အမ်ိဳးသားညီညြတ္ေရးအစိုးရလက္ေအာက္က ပညာေရးဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္အတိုင္း လပတ္စာေမးပြဲ၊ အတန္းတင္စာေမးပြဲေတြ လုပ္ေပးမဲ့ေပၚမူတည္ၿပီး ေအာင္ျမင္မႈအတိုင္းအတာကို ေဖာ္ျပေပးမဲ့ အခ်ိန္တခုကို က်ေနာ္တို႔ ယုံၾကည္ခ်က္ရွိသလို မိဘျပည္သူနဲ႔ ေက်ာင္းသားအားလုံး ယုံၾကည္ခ်က္ရွိရွိ ပညာသင္ၾကားေပးၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္” ဆရာစံက ေျပာပါတယ္။

လက္ရွိ ပထမတန္းမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားမိဘတဦးက “ကေလးေတြက စာေတြနဲ႔ ေဝးေနတာၾကာၿပီဆိုေတာ့ အခုလိုေက်ာင္းေတြ ျပန္ဖြင့္တဲ့အေပၚမွာ အတိုင္းမသိဝမ္းသာပါတယ္။ က်မကေလးဆိုရင္ ၈ ႏွစ္ထဲကို ေရာက္ေနၿပီ အခုမွ ပထမတန္း စတက္ရတာဆိုေတာ့ ေနာက္တခ်ိန္ ကေလးေတြရဲ့ အနာဂတ္က အဆင္ေျပနိုင္ဘူး။ NUG ကဖြင့္ေပးတဲ့ ေက်ာင္းမ်ိဳးမွာပဲ ေအးေအးခ်မ္းခ်မ္း ပညာသင္ၾကားခြင့္ရေစခ်င္တာပါ။ စစ္အာဏာရွင္လက္ေအာက္က ေက်ာင္းေတြမွာေတာ့ ဘယ္လိုမွ ေက်ာင္းမထားခ်င္ပါဘူး” လို႔ ေျပာပါတယ္။

အဆိုပါေက်ာင္းေတြမွာ CDM ေက်ာင္းဆရာ၊ ဆရာမေတြနဲ႔ ရပ္ရြာအတြင္းမွာရွိတဲ့ ၁၀ တန္းေအာင္၊ ဘြဲ႕ရသူေတြက ပရဟိတအေနနဲ႔ ပညာသင္ၾကားေပးေနတာျဖစ္ၿပီး ေက်ာင္းတေက်ာင္းမွာ ဆရာ၊ ဆရာမ ဦးေရ ၃၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ေရာဂါ ျဖစ္ပြားမႈေၾကာင့္ နိုင္ငံအႏွံ့ရွိ စာသင္ေက်ာင္းေတြကို ၁ ႏွစ္တာ ယာယီပိတ္ထားခဲ့ရၿပီး ၂၀၂၁ ခုႏွစ္က စစ္အုပ္စု အာဏာသိမ္းမႈေၾကာင့္ လက္ရွိအခ်ိန္အထိ ပညာေရး ယႏၲရား ရပ္နားလုနီးပါး ျဖစ္ေနခဲ့တာပါ။DVB