ၾကားသိသမွ်

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ရုပ်ပုံ ခေါင်းပြတ်ကိုကိုင်ဆောင်ပြီး ရန်ကုန်မှာ လူငယ်တွေ ဆန္ဒပြ

မင်းအောင်လှိုင်ခေါင်းပြတ်ကို ကိုင်ဆောင်ပြီး ရန်ကုန်မှာ လူငယ်တွေ ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၂
လူငယ့်ခေတ်

ရန်ကုန်မြိုတွင် လူငယ်များက “မြူမှောင်ဝေကင်းအနာဂတ်လင်းမှ ဒီအတာတန်ခူး ဒို့ပြန်ကြူးမယ်” ဟူသော ခေါင်းစည်းစာတန်းနှင့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရုပ်ပုံ ခေါင်းပြတ်ကို ကိုင်ဆွဲကာ ယနေ့ ဧပြီလ ၁၂ ရက်က ပြောက်ကျားချီတက် ဆန္ဒပြခဲ့ကြသည်။


မီးတုတ်များကိုင်ဆောင်ထားသည့် ဆန္ဒပြလူငယ်များက စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်ကို သပိတ်မှောက်သည့်‌အနေဖြင့် အတာအိုးများ ရိုက်ခွဲခြင်း၊ ပိတောက်ပန်းများအပေါ် ဆေးအနီများ ပက်ဖြန်းခြင်း ပြုလုပ်ကြသည်။

တိုင်းပြည်အနာဂတ်မှောင်မိုက်နေချိန်တွင် ပြည်သူလူထုများအနေဖြင့် စစ်အုပ်စုမှ ဝါဒဖြန့်ချီရန် စီစဉ်ကျင်းပမည့် အတုယောင်သင်္ကြန်ကို ပူးပေါင်းဆင်နွှဲခြင်းမပြုရန် ဆန္ဒပြလူငယ်များက တိုက်တွန်းခဲ့သည်။


ထို့အတူ ရန်ကုန်မြို့မှတော်လှန်ရေးအင်အားစု များမှ“Revolution Is Not A Festival” “တော်လှန်ရေးသည်ပွဲတော်မဟုတ်” ဟူသောစာသားနှင့်အတူ စစ်ကောင်စီမှကျင်းပသော လူထုအားအခြေမပြုသည့် သကြင်္န်ပွဲအား ဝင်ရောက်ပါဝင်ဆင်နွှဲခြင်း မပြုကြပါရန် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကြေငြာထားသည်။


ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ထိစပ်စီးပွားရေးအရ အခွန်ငွေများပေးဆောင်ကာ လူငယ်များတော်လှန်ရေးအာရုံထွေပြားစေမည့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် Bar များ၊ Club များ၊ မဏ္ဍပ်များနှင့် Music Festival များပြုလုပ်လျက်ရှိသော ခရိုနီအသိုင်းဝိုင်း၊ စီးပွားရေးသမားများ၊ စစ်ကောင်စီ၏ ဖန်တီးသင်္ကြန်ကို ဝိုင်းဝန်းအားပေးအားမြှောက်ပြုလုပ်မည့် ရေပေါ်ဆီဘောမ အနုပညာရှင်များအားလည်း ဆန့်ကျင့်သပိတ်မှောက်ကြရန် ကျွန်ုပ်တို့အနေဖြင့် အထူးထပ်မံတိုက်တွန်းလိုက်ရသည်ဟု ဖော်ပြထားသည်။


ယနေ့ပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community)၊ Kyimyintine Youths Strike Committee ၊ Revolution Force – RFနှင့် ရန်ကုန်မြို့မှတော်လှန်လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံများ-လူငယ့်ခေတ်

မင္းေအာင္လွိုင္ေခါင္းျပတ္ကို ကိုင္ေဆာင္ၿပီး ရန္ကုန္မွာ လူငယ္ေတြ ဆႏၵျပ

ရန္ကုန္၊ ဧၿပီ ၁၂
လူငယ့္ေခတ္

ရန္ကုန္ၿမိဳတြင္ လူငယ္မ်ားက “ျမဴေမွာင္ေဝကင္းအနာဂတ္လင္းမွ ဒီအတာတန္ခူး ဒို႔ျပန္ၾကဴးမယ္” ဟူေသာ ေခါင္းစည္းစာတန္းႏွင့္ အၾကမ္းဖက္ အာဏာသိမ္းစစ္တပ္ေခါင္းေဆာင္ မင္းေအာင္လွိုင္႐ုပ္ပုံ ေခါင္းျပတ္ကို ကိုင္ဆြဲကာ ယေန႔ ဧၿပီလ ၁၂ ရက္က ေျပာက္က်ားခ်ီတက္ ဆႏၵျပခဲ့ၾကသည္။

မီးတုတ္မ်ားကိုင္ေဆာင္ထားသည့္ ဆႏၵျပလူငယ္မ်ားက စစ္ေကာင္စီ၏ အတုအေယာင္သၾကၤန္ကို သပိတ္ေမွာက္သည့္‌အေနျဖင့္ အတာအိုးမ်ား ရိုက္ခြဲျခင္း၊ ပိေတာက္ပန္းမ်ားအေပၚ ေဆးအနီမ်ား ပက္ျဖန္းျခင္း ျပဳလုပ္ၾကသည္။

တိုင္းျပည္အနာဂတ္ေမွာင္မိုက္ေနခ်ိန္တြင္ ျပည္သူလူထုမ်ားအေနျဖင့္ စစ္အုပ္စုမွ ဝါဒျဖန္႔ခ်ီရန္ စီစဥ္က်င္းပမည့္ အတုေယာင္သၾကၤန္ကို ပူးေပါင္းဆင္ႏႊဲျခင္းမျပဳရန္ ဆႏၵျပလူငယ္မ်ားက တိုက္တြန္းခဲ့သည္။

ထို႔အတူ ရန္ကုန္ၿမိဳ႕မွေတာ္လွန္ေရးအင္အားစု မ်ားမွ“Revolution Is Not A Festival” “ေတာ္လွန္ေရးသည္ပြဲေတာ္မဟုတ္” ဟူေသာစာသားႏွင့္အတူ စစ္ေကာင္စီမွက်င္းပေသာ လူထုအားအေျခမျပဳသည့္ သၾကနၤ္ပြဲအား ဝင္ေရာက္ပါဝင္ဆင္ႏႊဲျခင္း မျပဳၾကပါရန္ ပူးတြဲထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ေၾကျငာထားသည္။

ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီႏွင့္ ထိစပ္စီးပြားေရးအရ အခြန္ေငြမ်ားေပးေဆာင္ကာ လူငယ္မ်ားေတာ္လွန္ေရးအာ႐ုံေထြျပားေစမည့္ ေပ်ာ္ပြဲရႊင္ပြဲမ်ားျဖစ္သည့္ Bar မ်ား၊ Club မ်ား၊ မ႑ပ္မ်ားႏွင့္ Music Festival မ်ားျပဳလုပ္လ်က္ရွိေသာ ခရိုနီအသိုင္းဝိုင္း၊ စီးပြားေရးသမားမ်ား၊ စစ္ေကာင္စီ၏ ဖန္တီးသၾကၤန္ကို ဝိုင္းဝန္းအားေပးအားေျမႇာက္ျပဳလုပ္မည့္ ေရေပၚဆီေဘာမ အႏုပညာရွင္မ်ားအားလည္း ဆန္႔က်င့္သပိတ္ေမွာက္ၾကရန္ ကၽြန္ုပ္တို႔အေနျဖင့္ အထူးထပ္မံတိုက္တြန္းလိုက္ရသည္ဟု ေဖာ္ျပထားသည္။

ယေန႔ေပ်ာက္ၾကားသပိတ္စစ္ေၾကာင္းအား Yangon Revolution Force – YRF (Soft Strike Community)၊ Kyimyintine Youths Strike Committee ၊ Revolution Force – RFႏွင့္ ရန္ကုန္ၿမိဳ႕မွေတာ္လွန္လူငယ္မ်ားက ခ်ီတက္သပိတ္ေမွာက္ခဲ့ျခင္းျဖစ္သည္။

ဓာတ္ပုံမ်ား-လူငယ့္ေခတ္