ၾကားသိသမွ်

မြောက်ဒဂုံ ပြည်​ထောင်စုလမ်းမ​ပေါ်တွင် စစ်​ကောင်စီတပ်ကို ပ​ဒေသာမိုင်းအလုံး၂ဝဖြင့် တိုက်ခိုက်မှုဖြစ်စဉ်

မြောက်ဒဂုံ ပြည်​ထောင်စုလမ်းမ​ပေါ်တွင် စစ်​ကောင်စီတပ်ကို ပ​ဒေသာမိုင်းအလုံး၂၀ဖြင့် တိုက်ခိုက်ခဲ့ဟု Little Hreoesအဖွဲ့ အသိ​ပေး

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်၌ စစ်​ကောင်စီတပ်အား ပဒေသာမိုင်းအလုံး ၂၀ဖြင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ Little Heroesက ယနေ့(ဧပြီ ၁၂ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၁၁ ရက်) ည ၇နာရီကစ၍ UG Urban Gurellia Defence Force အပါအဝင် မဟာမိတ်ညီကိုရဲ​ဘော်အဖွဲ့များသည် မိုင်တစ်ကြိမ် စတင်ဖောက်ခွဲကာ မိနစ်အနည်းအငယ်အကြာတွင် သုံးလုံးတွဲ၍ နောက်ထပ်တစ်ကြိမ်ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။


ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့ရာတွင် ပဒေသာမိုင်းနှစ်လုံးဖြင့် ထပ်မံ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်​ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရကာ စစ်ကားထိခိုက်ပျက်စီးခဲ့သည်ဟု Little Heroesက အသိပေးသည်။

“စုစုပေါင်း ခြောက်ကြိမ်ပေါက်တာ ။ပြီးတော့ စခ တွေက သေနတ် ငါးချက် ဖောက်တယ်။၁၀ နာရီကျော်က ပစ်တဲ့နှစ်ချက်တော့ ဆိုင်ကယ် စီးလာတဲ့သူ တွေကိုပစ်တယ်ပြောတယ်။ထိတဲ့သူတော့မရှိဘူး”ဟု ပြည်ထောင်စုလမ်းမအနီးနေထိုင်သူက People’s Springသို့ ပြောသည်။

ဖောက်ခွဲရန်ကျန်ရှိသော မိုင်းများအနက် (၈)လုံးကိုမူ စစ်​ကောင်စီတပ်က ရှာဖွေသိမ်းဆည်းသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


​တော်လှန်​​ရေးအရှိန်မြင့်တင်​နေရာ ပြည်သူများ အနေဖြင့် စစ်​ကား၊ အကြမ်းဖက်စစ်​ကောင်စီတပ်သားများအနီးမသွားလာကြရန် နှင့် မိမိနှင့်သက်ဆိုင်မှုမရှိသည့် အထုပ်များကို ထိ​တွေ့ကိုင်တွယ်ခြင်းများမပြုရန် မြို့ပြပြောက်ကျားအဖွဲ့က သတိပေးသည်။

ယမန်​နေ့ညက ​မြောက်ဒဂုံမြို့နယ်တွင် ​ပေါက်ကွဲသံများဆက်တိုက်ကြားရ၍ လူငယ်မြို့ပြ​ပြောက်ကျား တပ်ဖွဲ့များ ​ဘေးကင်းကြ​စေရန် လူမှုကွန်ရက်တွင် ​ရေးသားခဲ့သည်။ ထိုသို့ ဖြစ်ပြီး​နောက် လျှပ်စစ်မီးလည်း ပြတ်​တောက်သွားသည်ဟု ရန်ကုန်မြို့ခံများက ​ပြောသည်။

Credit-ရဲခေါင်/People’s Spring

Zawgyi

ေျမာက္ဒဂုံ ျပည္​ေထာင္စုလမ္းမ​ေပၚတြင္ စစ္​ေကာင္စီတပ္ကို ပ​ေဒသာမိုင္းအလုံး၂၀ျဖင့္ တိုက္ခိုက္ခဲ့ဟု Little Hreoesအဖြဲ႕ အသိ​ေပး

ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂုံၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမေပၚ၌ စစ္​ေကာင္စီတပ္အား ပေဒသာမိုင္းအလုံး ၂၀ျဖင့္ပစ္မွတ္ထားတိုက္ခိုက္ခဲ့သည္ဟု ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ Little Heroesက ယေန႔(ဧၿပီ ၁၂ ရက္)တြင္ ထုတ္ျပန္သည္။

ယမန္ေန႔(ဧၿပီ ၁၁ ရက္) ည ၇နာရီကစ၍ UG Urban Gurellia Defence Force အပါအဝင္ မဟာမိတ္ညီကိုရဲ​ေဘာ္အဖြဲ႕မ်ားသည္ မိုင္တစ္ႀကိမ္ စတင္ေဖာက္ခြဲကာ မိနစ္အနည္းအငယ္အၾကာတြင္ သုံးလုံးတြဲ၍ ေနာက္ထပ္တစ္ႀကိမ္ေဖာက္ခြဲခဲ့သည္ဟု ဆိုသည္။

ထို႔ေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္က လာေရာက္စစ္ေဆးခဲ့ရာတြင္ ပေဒသာမိုင္းႏွစ္လုံးျဖင့္ ထပ္မံ​ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္ စစ္​ေကာင္စီတပ္သားသုံးဦး ထိခိုက္ဒဏ္ရာရကာ စစ္ကားထိခိုက္ပ်က္စီးခဲ့သည္ဟု Little Heroesက အသိေပးသည္။

“စုစုေပါင္း ေျခာက္ႀကိမ္ေပါက္တာ ။ၿပီးေတာ့ စခ ေတြက ေသနတ္ ငါးခ်က္ ေဖာက္တယ္။၁၀ နာရီေက်ာ္က ပစ္တဲ့ႏွစ္ခ်က္ေတာ့ ဆိုင္ကယ္ စီးလာတဲ့သူ ေတြကိုပစ္တယ္ေျပာတယ္။ထိတဲ့သူေတာ့မရွိဘူး”ဟု ျပည္ေထာင္စုလမ္းမအနီးေနထိုင္သူက People’s Springသို႔ ေျပာသည္။

ေဖာက္ခြဲရန္က်န္ရွိေသာ မိုင္းမ်ားအနက္ (၈)လုံးကိုမူ စစ္​ေကာင္စီတပ္က ရွာေဖြသိမ္းဆည္းသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

​ေတာ္လွန္​​ေရးအရွိန္ျမင့္တင္​ေနရာ ျပည္သူမ်ား အေနျဖင့္ စစ္​ကား၊ အၾကမ္းဖက္စစ္​ေကာင္စီတပ္သားမ်ားအနီးမသြားလာၾကရန္ ႏွင့္ မိမိႏွင့္သက္ဆိုင္မႈမရွိသည့္ အထုပ္မ်ားကို ထိ​ေတြ႕ကိုင္တြယ္ျခင္းမ်ားမျပဳရန္ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕က သတိေပးသည္။

ယမန္​ေန႔ညက ​ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ​ေပါက္ကြဲသံမ်ားဆက္တိုက္ၾကားရ၍ လူငယ္ၿမိဳ႕ျပ​ေျပာက္က်ား တပ္ဖြဲ႕မ်ား ​ေဘးကင္းၾက​ေစရန္ လူမႈကြန္ရက္တြင္ ​ေရးသားခဲ့သည္။ ထိုသို႔ ျဖစ္ၿပီး​ေနာက္ လၽွပ္စစ္မီးလည္း ျပတ္​ေတာက္သြားသည္ဟု ရန္ကုန္ၿမိဳ႕ခံမ်ားက ​ေျပာသည္။

Credit-ရဲေခါင္/People’s Spring