ၾကားသိသမွ်

ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲတော်ကျင်းပ

ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲတော်ကျင်းပ (ဓါတ်ပုံသတင်း)

ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်က ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့ မနေ့က (ဧပြီလ ၁၁ရက်) ကနီနယ်မြေ -၁ မှာ ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ပါတယ်။

ကနီနယ်မြေ -၁ မှာ ကျင်းပတဲ့ ပညာရေးစုံညီပွဲတော်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ NUGအစိုးရ ၊ ပညာရေးဝန်ကြီးဌာန၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးအစီအစဉ်ဖော်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဟာ ကနီမြို့နယ်အတွင်းမှာ NUGအစိုးရရဲ့ ကြားကာလပညာရေးအစီအစဉ်တွေကိုအကောင်အထည်ဖော်နေပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစီအစဉ်နဲ့ ကျေးရွာအခြေပြုစာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားပို့ချပေးနေပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲထုတ်ပြန်ချက်တွေအရ ကနီမြို့နယ်အတွင်းက ပညာရေးဝန်ထမ်း ၂၃၀ကျော် CDMပြု့လုပ်ပြီး ဘုတ်အဖွဲ့ထဲပူးပေါင်းပါဝင်လာသလို တခြားမြို့နယ်တွေက ပညာရေးဝန်ထမ်း၁၀ဦးလည်း CDMပြု့လုပ်ပူးပေါင်းခဲ့ကြတယ်လို့ဆိုပါတယ်။#RiSE News

ဓါတ်ပုံ -Board of Kani Education

ကနီၿမိဳ႕နယ္ပညာေရးဘုတ္အဖြဲ႕က ေက်းရြာေပါင္းစုံ ပညာေရးစုံညီပြဲေတာ္က်င္းပ (ဓါတ္ပုံသတင္း)

ဧၿပီ ၁၂

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္မွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)၊ ပညာေရးဝန္ႀကီးဌာနလက္ေအာက္က ကနီၿမိဳ႕နယ္ပညာေရးဘုတ္အဖြဲ႕အေနနဲ႔ မေန႔က (ဧၿပီလ ၁၁ရက္) ကနီနယ္ေၿမ -၁ မွာ ေက်းရြာေပါင္းစုံ ပညာေရးစုံညီပြဲေတာ္က်င္းပခဲ့ပါတယ္။

ကနီနယ္ေၿမ -၁ မွာ က်င္းပတဲ့ ပညာေရးစုံညီပြဲေတာ္ကို ကနီၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ NUGအစိုးရ ၊ ပညာေရးဝန္ႀကီးဌာန၊ ကနီၿမိဳ႕နယ္ပညာေရးဘုတ္အဖြဲ႕တို႔ ပူးေပါင္းက်င္းပတာျဖစ္ၿပီး ဒါဟာ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ရဲ့ ၾကားကာလပညာေရးအစီအစဥ္ေဖာ္ေဆာင္မႈေတြထဲက တစ္ခုျဖစ္ပါတယ္။

ကနီၿမိဳ႕နယ္ပညာေရးဘုတ္အဖြဲ႕ဟာ ကနီၿမိဳ႕နယ္အတြင္းမွာ NUGအစိုးရရဲ့ ၾကားကာလပညာေရးအစီအစဥ္ေတြကိုအေကာင္အထည္ေဖာ္ေနၿပီး ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အစီအစဥ္နဲ႔ ေက်းရြာအေျချပဳစာသင္ေက်ာင္းေတြ ဖြင့္လွစ္သင္ၾကားပို႔ခ်ေပးေနပါတယ္။

ၿပီးခဲ့တဲ့ မတ္လအတြင္းက ကနီၿမိဳ႕နယ္ပညာေရးဘုတ္အဖြဲ႕ရဲထုတ္ျပန္ခ်က္ေတြအရ ကနီၿမိဳ႕နယ္အတြင္းက ပညာေရးဝန္ထမ္း ၂၃၀ေက်ာ္ CDMျပဳ႕လုပ္ၿပီး ဘုတ္အဖြဲ႕ထဲပူးေပါင္းပါဝင္လာသလို တျခားၿမိဳ႕နယ္ေတြက ပညာေရးဝန္ထမ္း၁၀ဦးလည္း CDMျပဳ႕လုပ္ပူးေပါင္းခဲ့ၾကတယ္လို႔ဆိုပါတယ္။#RiSE News

ဓါတ္ပုံ -Board of Kani Education