ၾကားသိသမွ်

သရုပ်ဆောင် ယဥ်လတ်က ဆေးရုံတက်နေတဲ့ စစ်ကောင် စီတပ်သားလူနာတွေကို သွားရောက်ဖျော်ဖြေ

သရုပ်ဆောင် ယဥ်လတ်က ဆေးရုံတက်နေတဲ့ စစ်ကောင် စီတပ်သားလူနာတွေကို သွားရောက်ဖျော်ဖြေ

ဧရာဝတီတိုင်းမ်

ဧပြီ ၁၂ ရက်

စစ်တပ်ဂုဏ်ပြုဇာတ်ကားများ အများဆုံးရိုက်ကူးသည့် သရုပ်ဆောင် ယဥ်လတ်က ဒီကနေ့ ဧပြီ ၁၂ ရက်မနက်ပိုင်းက စစ်ဆေးရုံတက်ရောက်နေတဲ့ စစ်ကောင်စီတပ် သား လူနာတွေကို သင်္ကြန်သီချင်းတွေနဲ့ သွားရောက်ဖျော်ဖြေခဲ့တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။


စစ်ကိုင်းတိုင်း၊မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(အလုံတပ်မြို့) အမှတ်( ၄) တပ်မတော်ဆေး ရုံ၊ ကုတင် ၃၀၀( တဆရ ၄/၃၀၀) စစ်ဆေးရုံမှာသွား ရောက်ဖျော်ဖြေခဲ့တာလို့ သိရပါတယ် ။


အဲ့ဒီစစ်ဆေးရုံမှာ တက်ရောက်နေတဲ့ စစ်ကောင်စီတပ် သားတွေဟာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင် အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာပြင်း ထန်သူများ တက်ရောက်ကုသနေတာလို့ မုံရွာစစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။

သရုပ်ဆောင် ယဥ်လတ် ဟာ စစ်တပ်ဂုဏ်ပြုဇာတ်ကား အဓိကထားရိုက်ကူးသည့် သရုပ်ဆောင်တဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့်နီးစပ်သူတဦးဖြစ်ကာ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီကပေးအပ်သည့် လူမှုထူးချွန်ဆုကိုလည်းရရှိထားသူဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း ရန်ကုန်မြို့ရှိ ၄င်းနေထိုင်ရာအိမ် ခြံဝန်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သ႐ုပ္ေဆာင္ ယဥ္လတ္က ေဆး႐ုံတက္ေနတဲ့ စစ္ေကာင္ စီတပ္သားလူနာေတြကို သြားေရာက္ေဖ်ာ္ေျဖ

ဧရာဝတီတိုင္းမ္
ဧၿပီ ၁၂ ရက္

စစ္တပ္ဂုဏ္ျပဳဇာတ္ကားမ်ား အမ်ားဆုံးရိုက္ကူးသည့္ သ႐ုပ္ေဆာင္ ယဥ္လတ္က ဒီကေန႔ ဧၿပီ ၁၂ ရက္မနက္ပိုင္းက စစ္ေဆး႐ုံတက္ေရာက္ေနတဲ့ စစ္ေကာင္စီတပ္ သား လူနာေတြကို သၾကၤန္သီခ်င္းေတြနဲ႔ သြားေရာက္ေဖ်ာ္ေျဖခဲ့တယ္လို႔ စစ္ေကာင္စီတပ္အသိုင္းအဝိုင္းထံကသိရပါတယ္။

စစ္ကိုင္းတိုင္း၊မုံရြာၿမိဳ႕အ​ေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(အလုံတပ္ၿမိဳ႕) အမွတ္( ၄) တပ္မေတာ္ေဆး ႐ုံ၊ ကုတင္ ၃၀၀( တဆရ ၄/၃၀၀) စစ္ေဆး႐ုံမွာသြား ေရာက္ေဖ်ာ္ေျဖခဲ့တာလို႔ သိရပါတယ္ ။

အဲ့ဒီစစ္ေဆး႐ုံမွာ တက္ေရာက္ေနတဲ့ စစ္ေကာင္စီတပ္ သားေတြဟာ စစ္ကိုင္းတိုင္းအတြင္းက ေတာ္လွန္ေရးအင္ အားစုေတြနဲ႔တိုက္ပြဲျဖစ္ပြားၿပီး ထိခိုက္ဒဏ္ရာျပင္း ထန္သူမ်ား တက္ေရာက္ကုသေနတာလို႔ မုံရြာစစ္ေကာင္စီတပ္အသိုင္းအဝိုင္းထံကသိရပါတယ္။

သ႐ုပ္ေဆာင္ ယဥ္လတ္ ဟာ စစ္တပ္ဂုဏ္ျပဳဇာတ္ကား အဓိကထားရိုက္ကူးသည့္ သ႐ုပ္ေဆာင္တဦးျဖစ္ၿပီး စစ္ေကာင္စီတပ္ႏွင့္နီးစပ္သူတဦးျဖစ္ကာ ၿပီးခဲ့သည့္ မတ္လ ၂၇ ရက္ေန႔က စစ္ေကာင္စီကေပးအပ္သည့္ လူမႈထူးခၽြန္ဆုကိုလည္းရရွိထားသူျဖစ္သည္။

ၿပီးခဲ့သည့္ ႏွစ္အတြင္းကလည္း ရန္ကုန္ၿမိဳ႕ရွိ ၄င္းေနထိုင္ရာအိမ္ ၿခံဝန္းအတြင္းဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။