ၾကားသိသမွ်

မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေသူကို ကန့်ကွက်သူအား ဦးဇခုန်တိန့်ယိန်းရဲ့ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး

မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေသူကို ကန့်ကွက်သူအား ဦးဇခုန်တိန့်ယိန်းရဲ့ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး

12 April 2022-Kachinwaves

ချီဖွေမြို့နယ်ချမ်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာအတွင်း မြေရှားသတ္တု(Rare Earth) ရှာဖွေမှု ကန့်ကွက်သူကို ဧပြီလ ၁၁ရက်နေ့ နံနက် ၉နာရီခန့်တွင် ဦးဇခုန်းတိန့်ယိန်းရဲ့ ပြည်သူ့စစ်(၆)ဦးခန့် က လာရောက်ဖမ်းဆီးခဲ့ပြီး လဂွေကျေးရွာ ပြည်သူ့စစ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

“အခု ပြဿနာဖြစ်နေတာက မြေရှား ရှာဖွေ စမ်းသပ်တဲ့အဖွဲ့နဲ့ ကန့်သတ်တဲ့အဖွဲ နှစ်ဖွဲ့ဖြစ်နေကြတာ ဖမ်းတဲ့အဖွဲ့က သူတို့ရှာဖွေမဲ့အဖွဲ့ ဖမ်းတယ်ဆိုတော့ သူတို့ အဲ့ကိစ္စအတွက်ကြောင့်ပဲဟုတ်တယ်”ဟု ဒေသခံတဦးက ပြောသည်။


ထွန်းရှိန် နုဇွန်ဘော် ကျေးရွာအတွင်း မြေရှားသတ္တု ရှာဖွေလေ့လာ စမ်းသပ် တူးဖော်ထုတ်လုပ်လျှင် ဒေသအတွင်း မြေယာ၊ သောက်သုံးရေများ ဆုံးရှုံးသွားမည်ဖြစ်သည့်အတွက် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ရှာဖွေစမ်းသပ်လို့ တွေ့တယ်ဆိုရင်တော့ တူးဖော်ရမယ် တူးဖော်ရင်တော့ ကျွန်တော်တို့ ဒေသခံတွေ မြေယာတွေ ရွာသောက်သုံးရေတွေ စားကျက်မြေတွေ ရွှေ့ပြောင်း တောင်ယာတွေ ဆုံးရှုံးရမှာ အဲ့တာကြောင့် ကန့်ကွက်နေကြတာ “ ဟု ပြောသည်။


မြေရှားသတ္တုတူးဖော်နေသော ချီဖွေမြို့နယ် ပန်ဝါဒေသက ဒေသခံများသောက်သုံးကြသည့်ရေကို ဓာတ်ခွဲစစ်ဆေးကြည့်ရာ ၎င်းသောက်သုံးရေမှာ အဆိပ်သင့်ကြောင်း အဖြေရသည်ဟု သုသေတနေလုပ်ခဲ့သည့် ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတဖွဲ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူသည် အုပ်စုအတွင်း မြေရှားတူးဖော်ရေးကို အလိုမရှိ ကန့်ကွက်ရာတွင် ပါဝင်လှုပ်ရှားနေသူ တဦး ဖြစ်ကြောင်း သိရသည်။
ထွန်းရှိန် နုဇွန်ဘော်ကျေးရွာတွင် မြေရှား သတ္တုရှာဖွေခြင်း မရှိသေးသော်လည်း ရှာဖွေစမ်းသပ်ချင်နေသူများ ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်နေသည့် ဒေသတခုမှာ အာဏာသိမ်းစစ်တပ်နှင့် ၄င်း၏ လက်အောက်ခံ တပ်ဖွဲ့လည်းဖြစ်၊ အကျိုးတူစီးပွားဖက်များလည်းဖြစ်သည့် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များက ကြီးစိုးနေသော ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ (၁) ဖြစ်သည်။


တရုတ်နိုင်ငံတွင်း တရားမဝင် မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းခွင်များကို စည်းကမ်းတင်းကြပ်လိုက်သော ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ မြေရှားသတ္တု ထုတ်လုပ်နိုင်မှု ပမာဏမှာ ၂၀၁၆ – ၂၀၁၉ ခုနှစ်အတွင်း တူးဖော်ထုတ်လုပ်မှုသည် ၂၀၁၁ – ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် (၈၈)ဆခန့် ပိုများလာခဲ့သည်။

USGS ၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်တွင် တကမ္ဘာလုံး၏မြေရှားထွက်ရှိမှု ပမာဏမှာ တန်ချိန် ၂၄၀,၀၀၀ ရှိခဲ့သည်။ ပထမအများဆုံးဖြစ်သည့် တရုတ်မှထွက်ရှိသည့်တန်ချိန်မှာ ၁၄၀,၀၀၀၊ ဒုတိယအများဆုံးဖြစ်သည့် အမေရိကန်တွင် တန်ချိန် ၃၈,၀၀၀ နှင့် တတိယအများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် တန်ချိန် ၃၀,၀၀၀ ထွက်ရှိခဲ့ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ #photo-ပုံဟောင်းများ

ေျမရွားသတၱဳတူးေဖာ္ရန္ ျပင္ဆင္ေနသူကို ကန္႔ကြက္သူအား ဦးဇခုန္တိန႔္ယိန္းရဲ့ျပည္သူ႔စစ္အဖြဲ႕က ဖမ္းဆီး

12 April 2022-Kachinwaves

ခ်ီေဖြၿမိဳ႕နယ္ခ်မ္းေမာ္ခုန္းေဒသ ထြန္းရွိန္ေက်းရြာအတြင္း ေျမရွားသတၱဳ(Rare Earth) ရွာေဖြမႈ ကန႔္ကြက္သူကို ဧၿပီလ ၁၁ရက္ေန႔ နံနက္ ၉နာရီခန႔္တြင္ ဦးဇခုန္းတိန႔္ယိန္းရဲ့ ျပည္သူ႔စစ္(၆)ဦးခန႔္ က လာေရာက္ဖမ္းဆီးခဲ့ၿပီး လေဂြေက်းရြာ ျပည္သူ႔စစ္စခန္းသို႔ ေခၚေဆာင္သြားေၾကာင္း ေဒသခံတဦးက ေျပာသည္။

“အခု ျပႆနာျဖစ္ေနတာက ေျမရွား ရွာေဖြ စမ္းသပ္တဲ့အဖြဲ႕နဲ႔ ကန႔္သတ္တဲ့အဖြဲ ႏွစ္ဖြဲ႕ျဖစ္ေနၾကတာ ဖမ္းတဲ့အဖြဲ႕က သူတို႔ရွာေဖြမဲ့အဖြဲ႕ ဖမ္းတယ္ဆိုေတာ့ သူတို႔ အဲ့ကိစၥအတြက္ေၾကာင့္ပဲဟုတ္တယ္”ဟု ေဒသခံတဦးက ေျပာသည္။

ထြန္းရွိန္ ႏုဇြန္ေဘာ္ ေက်းရြာအတြင္း ေျမရွားသတၱဳ ရွာေဖြေလ့လာ စမ္းသပ္ တူးေဖာ္ထုတ္လုပ္လၽွင္ ေဒသအတြင္း ေျမယာ၊ ေသာက္သုံးေရမ်ား ဆုံးရႈံးသြားမည္ျဖစ္သည့္အတြက္ ကန႔္ကြက္ေနျခင္းျဖစ္ေၾကာင္း ေဒသခံတဦးက ေျပာသည္။

“ရွာေဖြစမ္းသပ္လို႔ ေတြ႕တယ္ဆိုရင္ေတာ့ တူးေဖာ္ရမယ္ တူးေဖာ္ရင္ေတာ့ ကၽြန္ေတာ္တို႔ ေဒသခံေတြ ေျမယာေတြ ရြာေသာက္သုံးေရေတြ စားက်က္ေျမေတြ ေရႊ႕ေျပာင္း ေတာင္ယာေတြ ဆုံးရႈံးရမွာ အဲ့တာေၾကာင့္ ကန႔္ကြက္ေနၾကတာ “ ဟု ေျပာသည္။

ေျမရွားသတၱဳတူးေဖာ္ေနေသာ ခ်ီေဖြၿမိဳ႕နယ္ ပန္ဝါေဒသက ေဒသခံမ်ားေသာက္သုံးၾကသည့္ေရကို ဓာတ္ခြဲစစ္ေဆးၾကည့္ရာ ၎ေသာက္သုံးေရမွာ အဆိပ္သင့္ေၾကာင္း အေျဖရသည္ဟု သုေသတေနလုပ္ခဲ့သည့္ ကခ်င္ျပည္နယ္အေျခစိုက္ အရပ္ဖက္အဖြဲ႕အစည္းတဖြဲ႕က ထုတ္ျပန္ထားသည္။

ဖမ္းဆီးခံရသူသည္ အုပ္စုအတြင္း ေျမရွားတူးေဖာ္ေရးကို အလိုမရွိ ကန႔္ကြက္ရာတြင္ ပါဝင္လႈပ္ရွားေနသူ တဦး ျဖစ္ေၾကာင္း သိရသည္။

ထြန္းရွိန္ ႏုဇြန္ေဘာ္ေက်းရြာတြင္ ေျမရွား သတၱဳရွာေဖြျခင္း မရွိေသးေသာ္လည္း ရွာေဖြစမ္းသပ္ခ်င္ေနသူမ်ား ရွိေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္အတြင္း ေျမရွားသတၱဳတူးေဖာ္ေနသည့္ ေဒသတခုမွာ အာဏာသိမ္းစစ္တပ္ႏွင့္ ၄င္း၏ လက္ေအာက္ခံ တပ္ဖြဲ႕လည္းျဖစ္၊ အက်ိဳးတူစီးပြားဖက္မ်ားလည္းျဖစ္သည့္ ျပည္သူ႔စစ္မ်ားႏွင့္ နယ္ျခားေစာင့္တပ္မ်ားက ႀကီးစိုးေနေသာ ကခ်င္ျပည္နယ္ ခ်ီေဖြၿမိဳ႕နယ္ ကခ်င္အထူးေဒသ (၁) ျဖစ္သည္။

တ႐ုတ္နိုင္ငံတြင္း တရားမဝင္ ေျမရွားသတၱဳတူးေဖာ္မႈ လုပ္ငန္းခြင္မ်ားကို စည္းကမ္းတင္းၾကပ္လိုက္ေသာ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းတြင္ ျမန္မာနိုင္ငံ၏ ေျမရွားသတၱဳ ထုတ္လုပ္နိုင္မႈ ပမာဏမွာ ၂၀၁၆ – ၂၀၁၉ ခုႏွစ္အတြင္း တူးေဖာ္ထုတ္လုပ္မႈသည္ ၂၀၁၁ – ၂၀၁၅ ခုႏွစ္အတြင္း ထုတ္လုပ္မႈထက္ (၈၈)ဆခန္႔ ပိုမ်ားလာခဲ့သည္။

USGS ၏ ထုတ္ျပန္ခ်က္အရ ၂၀၂၀ ခုႏွစ္တြင္ တကမၻာလုံး၏ေျမရွားထြက္ရွိမႈ ပမာဏမွာ တန္ခ်ိန္ ၂၄၀,၀၀၀ ရွိခဲ့သည္။ ပထမအမ်ားဆုံးျဖစ္သည့္ တ႐ုတ္မွထြက္ရွိသည့္တန္ခ်ိန္မွာ ၁၄၀,၀၀၀၊ ဒုတိယအမ်ားဆုံးျဖစ္သည့္ အေမရိကန္တြင္ တန္ခ်ိန္ ၃၈,၀၀၀ ႏွင့္ တတိယအမ်ားဆုံးျဖစ္သည့္ ျမန္မာနိုင္ငံတြင္ တန္ခ်ိန္ ၃၀,၀၀၀ ထြက္ရွိခဲ့ေၾကာင္း ခန႔္မွန္းတြက္ခ်က္ထားသည္။#photo-ပုံဟောင်းများ