ၾကားသိသမွ်

ပင်လည်ဘူးကို စစ်ကောင်စီလေကြောင်းဖြင့် ၅ရက်ဆက်တိုက်ခိုက်၊ PDF များ ပင်လည်ဘူးကို သိမ်းလိုက်ပြီဟု သတင်းထွက်

ပင်လည်ဘူးကို စစ်ကောင်စီလေကြောင်းဖြင့် ၅ရက်ဆက်တိုက်ခိုက်၊ PDF များ ပင်လည်ဘူးကို သိမ်းလိုက်ပြီဟု သတင်းထွက်

မဲခေါင်၊ ဧပြီ ၁၂

အာဏာသိမ်းစစ်တပ်က ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဧပြီလ ၇ရက်မှ ၁၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၅ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာတွင် တိုက်လေယာဉ်ရော ရဟတ်ယာဉ်ပါအသုံးပြုတိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့် လူလည်းချထားကြောင်း၊ ရဟတ်ယာဉ်ဖြင့်လာရောက်ချထားသည့် စစ်ကောင်စီတပ်သားများတွင် ပျူစောထီးများသာ အများဆုံးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လေကြောင်းကနေ ပစ်တဲ့ ၅ရက်မှာ ပင်လည်ဘူးမြို့ထဲကို ဗုံး ၂ခါကျဲချတယ်။ ရဟတ်ယာဉ်နဲ့ကတော့ လာပြီးတော့ ပစ်လည်း ပစ်တယ်၊ လူလည်းချတယ်။ ဆက်တိုက်ပဲ” ဟု ၎င်းက ပြောသည်။

ဒေသတွင်း သတင်းများအရ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိပ်ပိုက်ထားပြီဖြစ်သည့်အတွက် ယခုကဲ့သို့ စစ်ကောင်စီက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကြားသိရကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ၅ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

“လေယာဉ်နဲ့လာပစ်တာကတော့ ဆက်တိုက်ပဲ။ ဒါကြောင့် PDF တွေဘက်ကလည်း လေယာဉ်အတက်အဆင်း သတင်းတွေကို ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှများများ ပေးပို့ကြဖို့ တောင်းဆိုကြတယ်။ အင်တာနက်တွေလည်း ဖြတ်ထားတော့ သတင်းရရှိမှုအပိုင်းမှာ အခက်အခဲရှိနေတယ်” ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ထို့ပြင် ကောလင်းခရိုင်အောက်ဘက်ရှိ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးဘက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ – LPDF အနေဖြင့်လည်း စစ်ကောင်စီတပ်များကို တတ်နိုင်သမျှ လမ်းကြောဖြတ်တောက်ပေးရန် ၎င်းက တောင်းဆိုသည်။

မတ်လဆန်းပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုကို အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မတ်လ ၂၇ရက်ကစတင်ကာ တိုက်ပွဲပြင်းထန်နေသည်။

ပင္လည္ဘူးကို စစ္ေကာင္စီေလေၾကာင္းျဖင့္ ၅ရက္ဆက္တိုက္ခိုက္၊ PDF မ်ား ပင္လည္ဘူးကို သိမ္းလိုက္ၿပီဟု သတင္းထြက္

မဲေခါင္၊ ဧၿပီ ၁၂

အာဏာသိမ္းစစ္တပ္က ေကာလင္းခရိုင္၊ ပင္လည္ဘူးၿမိဳ႕ကို ဧၿပီလ ၇ရက္မွ ၁၁ရက္အထိ ေလေၾကာင္းတိုက္ခိုက္မႈ ၅ရက္ဆက္တိုက္ ျပဳလုပ္ခဲ့ေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

စစ္ေကာင္စီက ေလေၾကာင္းမွတိုက္ခိုက္ရာတြင္ တိုက္ေလယာဥ္ေရာ ရဟတ္ယာဥ္ပါအသုံးျပဳတိုက္ခိုက္ၿပီး ရဟတ္ယာဥ္ျဖင့္ လူလည္းခ်ထားေၾကာင္း၊ ရဟတ္ယာဥ္ျဖင့္လာေရာက္ခ်ထားသည့္ စစ္ေကာင္စီတပ္သားမ်ားတြင္ ပ်ဴေစာထီးမ်ားသာ အမ်ားဆုံးျဖစ္ေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“ေလေၾကာင္းကေန ပစ္တဲ့ ၅ရက္မွာ ပင္လည္ဘူးၿမိဳ႕ထဲကို ဗုံး ၂ခါက်ဲခ်တယ္။ ရဟတ္ယာဥ္နဲ႔ကေတာ့ လာၿပီးေတာ့ ပစ္လည္း ပစ္တယ္၊ လူလည္းခ်တယ္။ ဆက္တိုက္ပဲ” ဟု ၎က ေျပာသည္။

ေဒသတြင္း သတင္းမ်ားအရ ပင္လည္ဘူးၿမိဳ႕ကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား သိပ္ပိုက္ထားၿပီျဖစ္သည့္အတြက္ ယခုကဲ့သို႔ စစ္ေကာင္စီက တိုက္ခိုက္ေနျခင္းျဖစ္သည္ဟု ၾကားသိရေၾကာင္းလည္း အဆိုပါ သတင္းရင္းျမစ္ကေျပာသည္။

ပင္လည္ဘူး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦး၏ ေျပာၾကားခ်က္အရ ၅ရက္ဆက္တိုက္ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ PDF တပ္ဖြဲ႕ဝင္တစ္ဦး က်ဆုံးသြားေၾကာင္း သိရသည္။

“ေလယာဥ္နဲ႔လာပစ္တာကေတာ့ ဆက္တိုက္ပဲ။ ဒါေၾကာင့္ PDF ေတြဘက္ကလည္း ေလယာဥ္အတက္အဆင္း သတင္းေတြကို ျပည္သူေတြအေနနဲ႔ တတ္နိုင္သမၽွမ်ားမ်ား ေပးပို႔ၾကဖို႔ ေတာင္းဆိုၾကတယ္။ အင္တာနက္ေတြလည္း ျဖတ္ထားေတာ့ သတင္းရရွိမႈအပိုင္းမွာ အခက္အခဲရွိေနတယ္” ဟု အဆိုပါ နီးစပ္သူက ေျပာသည္။

ထို႔ျပင္ ေကာလင္းခရိုင္ေအာက္ဘက္ရွိ စစ္ကိုင္းတိုင္းေအာက္ပိုင္းႏွင့္ မႏၲေလးဘက္ရွိ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္မ်ား – LPDF အေနျဖင့္လည္း စစ္ေကာင္စီတပ္မ်ားကို တတ္နိုင္သမၽွ လမ္းေၾကာျဖတ္ေတာက္ေပးရန္ ၎က ေတာင္းဆိုသည္။

မတ္လဆန္းပိုင္းမွ စတင္ကာ စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕နယ္အမ်ားစုကို အင္တာနက္ႏွင့္ ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ထားၿပီး စစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား မတ္လ ၂၇ရက္ကစတင္ကာ တိုက္ပြဲျပင္းထန္ေနသည္။