ၾကားသိသမွ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးချက်ချင်းထုတ်ပြန်ရန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် ၏ ထုတ်ပြန်ချက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးချက်ချင်းထုတ်ပြန်ရန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် ၏ ထုတ်ပြန်ချက်

၂၀၂၂ ဧပြီ ၁၁

၂၀၂၂ မြန်မာနှစ်သစ်ကူး – သင်္ကြန်အခါသမယ ထုတ်ပြန်ချက်သဝဏ်လွှာ

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါသည်။


သင်္ကြန်ဆိုသည်မှာ နှစ်ဟောင်းမှ အဆိုးအညစ်တို့ကိုဆေးကြောသန့်စင်သည့် အခါသမယတစ်ခု ဖြစ်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာပြည်သူများသည် စဉ်းစားတွေးထင်ရန်မဖြစ်နိုင်လောက်သည့် ဒုက္ခသုက္ခများကို ရင်ဆိုင်အံတုခဲ့ကြပြီး စစ်အာဏာရှင်အဖွဲ့

အစည်းကို ဆန့်ကျင်ရာတွင် ထူးချွန်ပြောင်မြောက်သည့် သူရသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပြသခဲ့ကြပါသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်အဖွဲ့ကျူးလွန်ခဲ့သည့်

အကြမ်းဖက်မှုများနှင့် ဆက်စပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် ဆက််လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရန်နှင့် ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေး ရရှိရန် အကူအညီပေးရာတွင် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင် ရှိပါသည်။

ယခုကဲ့သို့အခက်အခဲကာလတွင် မြန်မာပြည်သူအားလုံးအတွက် မိမိတို့၏နွေးထွေးသောမေတ္တာကို အလေးထားပို့သလိုက်ပါသည်။

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္႐ုံးခ်က္ခ်င္းထုတ္ျပန္ရန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ေဂ် ဘလင္ကင္ ၏ ထုတ္ျပန္ခ်က္

၂၀၂၂ ဧၿပီ ၁၁

၂၀၂၂ ျမန္မာႏွစ္သစ္ကူး – သၾကၤန္အခါသမယ ထုတ္ျပန္ခ်က္သဝဏ္လႊာ

ျမန္မာႏွစ္သစ္ကူး သၾကၤန္အခါသမယတြင္ ျမန္မာျပည္သူမ်ားေကာင္းျခင္းမဂၤလာမ်ားႏွင့္ ျပည့္စုံပါေစေၾကာင္း အေမရိကန္ျပည္ေထာင္စုကိုယ္စား မိမိေျပာၾကားလိုပါသည္။

သၾကၤန္ဆိုသည္မွာ ႏွစ္ေဟာင္းမွ အဆိုးအညစ္တို႔ကိုေဆးေၾကာသန္႔စင္သည့္ အခါသမယတစ္ခု ျဖစ္ပါသည္။ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္မွ စ၍ ျမန္မာျပည္သူမ်ားသည္ စဥ္းစားေတြးထင္ရန္မျဖစ္နိုင္ေလာက္သည့္ ဒုကၡသုကၡမ်ားကို ရင္ဆိုင္အံတုခဲ့ၾကၿပီး စစ္အာဏာရွင္အဖြဲ႕အစည္းကို ဆန္႔က်င္ရာတြင္ ထူးခၽြန္ေျပာင္ေျမာက္သည့္ သူရသတၱိႏွင့္ ႀကံ့ႀကံ့ခံနိုင္စြမ္းတို႔ကို ျပသခဲ့ၾကပါသည္။

အေမရိကန္ျပည္ေထာင္စုသည္ ျမန္မာျပည္သူတို႔ႏွင့္အတူတကြ ဆက္လက္ ရပ္တည္သြားမည္ျဖစ္ၿပီး အာဏာသိမ္းမႈႏွင့္ စစ္အာဏာရွင္အဖြဲ႕က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္မႈမ်ားႏွင့္ ဆက္စပ္ၿပီး တာဝန္ယူမႈ တာဝန္ခံမႈရွိေစရန္အတြက္ ဆက္္လက္ေဆာင္ရြက္သြားမည္ ျဖစ္ပါသည္။

ျမန္မာနိုင္ငံတြင္ အားလုံးပါဝင္နိုင္သည့္ ဒီမိုကေရစီစနစ္ ျပန္လည္ေဖာ္ေဆာင္ရန္ႏွင့္ ေရရွည္တည္တံ့မည့္ၿငိမ္းခ်မ္းေရး ရရွိရန္ အကူအညီေပးရာတြင္ အေမရိကန္ျပည္ေထာင္စု၏ သံႏၷိ႒ာန္မွာ ခိုင္က်ည္ျမဲၿမံလ်က္ပင္ ရွိပါသည္။

ယခုကဲ့သို႔အခက္အခဲကာလတြင္ ျမန္မာျပည္သူအားလုံးအတြက္ မိမိတို႔၏ေႏြးေထြးေသာေမတၱာကို အေလးထားပို႔သလိုက္ပါသည္။