ၾကားသိသမွ်

ကန့်ဘလူPDF တိုက်ပွဲနှင့် စစ်ကောင်စီတပ်မှ ၂၆ ဦးသေပြီး ၁၃ ဦး အရှင်ဖမ်းမိ၊ ဖမ်းမိသူ ၁၃ ဦးတွင် အမျိုးသမီး ၃ ဦးပါဝင်

ကန့်ဘလူPDF တိုက်ပွဲနှင့် စစ်ကောင်စီတပ်မှ ၂၆ ဦးသေပြီး ၁၃ ဦး အရှင်ဖမ်းမိ၊ ဖမ်းမိသူ ၁၃ ဦးတွင် အမျိုးသမီး ၃ ဦးပါဝင်

မဲခေါင်၊ ဧပြီ ၁၁

ကောလင်းခရိုင်ဘက်သို့ တက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ တပ်သား ၂၆ ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်ကို ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာအနီးမှ ဖြတ်စဉ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂၆ ဦး သေဆုံးပြီး ၁၃ ဦးကို အရှင်ဖမ်းမိကြောင်း ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အရှင်ဖမ်းမိတဲ့ ထဲမှာ ထူးဆန်းတာ မိန်းမ ၃ယောက်ပါတယ်။ သူတို့အခေါ် စစ်မေပေါ့။ ဖမ်းမိတဲ့ ၁၃ယောက်လုံးက ပြည်သူ့စစ်တံဆိပ်နဲ့ ပျူစောထီးတွေချည်းပဲ။ စစ်ကြောင်းထဲမှာ စကစ တပ်သားက နည်းနည်းပဲပါပြီး အများစုက ပျူစောထီးတွေလို့သိရတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းမိသည့် အမျိုးသမီး ၃ ဦး၏ ပြောဆိုချက်အရ ၎င်းတို့ကို တူမီးကိုင်ဆောင်ထားသည့် PDF တပ်သားများဖြင့်သာ တိုက်ရမည်ဟု ပြောဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်နဲ့ တပ်ရင်းမှူးလား ဘာလားတော့မသိဘူး တစ်ယောက်နာမည်ကို ဆဲပြီး ပြောနေတာ။ သူတို့ကို တူမီးနဲ့ပဲ တိုက်ရမှာဆိုပြီး ပြောပြီး လွှတ်လိုက်တာတဲ့။ ပြောပြောပြီး ငိုနေကြတာ” ဟု ၎င်းကပြောသည်။

ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ စစ်တပ်နှင့် ပျူစောထီးများကြားတွင် စစ်ကောင်စီက တဖက်ပိတ်ဝါဒဖြန့်နေပြီး စစ်တိုက်ထွက်ရန် စေလွှတ်ကြောင်း၊ သတင်းဌာနများတွင် ဖော်ပြသည့် စစ်ကောင်စီတပ်၏ သေဆုံးစာရင်းများကို သတင်းမှားများဟု ပြောဆိုကြောင်း အဆိုပါသတင်းရင်းမြစ်၏ ပြောပြချက်အရသိရသည်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ်နေသော်သလည်း ၎င်းတပ်များသာ အထိနာလျှက်ရှိကြောင်း စုံစမ်းသိရသည်။

ကန႔္ဘလူPDF တိုက္ပြဲႏွင့္ စစ္ေကာင္စီတပ္မွ ၂၆ ဦးေသၿပီး ၁၃ ဦး အရွင္ဖမ္းမိ၊ ဖမ္းမိသူ ၁၃ ဦးတြင္ အမ်ိဳးသမီး ၃ ဦးပါဝင္

မဲေခါင္၊ ဧၿပီ ၁၁

ေကာလင္းခရိုင္ဘက္သို႔ တက္ရန္ႀကိဳးစားသည့္ စစ္ေကာင္စီတပ္စစ္ေၾကာင္းႏွင့္ ကန႔္ဘလူျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔ ယေန႔နံနက္အေစာပိုင္းက တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္မွ တပ္သား ၂၆ ဦး ေသဆုံးေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားက မဲေခါင္ကို ေျပာသည္။

ယေန႔နံနက္အေစာပိုင္းတြင္ အင္အား ၁၀၀ ခန႔္ပါသည့္ စစ္ေကာင္စီတပ္စစ္ေၾကာင္းမွ ကန႔္ဘလူၿမိဳ႕နယ္၊ ပင့္သာရြာအနီးမွ ျဖတ္စဥ္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားကာ စစ္ေကာင္စီတပ္သား ၂၆ ဦး ေသဆုံးၿပီး ၁၃ ဦးကို အရွင္ဖမ္းမိေၾကာင္း ကန႔္ဘလူျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“အရွင္ဖမ္းမိတဲ့ ထဲမွာ ထူးဆန္းတာ မိန္းမ ၃ေယာက္ပါတယ္။ သူတို႔အေခၚ စစ္ေမေပါ့။ ဖမ္းမိတဲ့ ၁၃ေယာက္လုံးက ျပည္သူ႔စစ္တံဆိပ္နဲ႔ ပ်ဴေစာထီးေတြခ်ည္းပဲ။ စစ္ေၾကာင္းထဲမွာ စကစ တပ္သားက နည္းနည္းပဲပါၿပီး အမ်ားစုက ပ်ဴေစာထီးေတြလို႔သိရတယ္” ဟု ၎က ေျပာသည္။

ဖမ္းမိသည့္ အမ်ိဳးသမီး ၃ ဦး၏ ေျပာဆိုခ်က္အရ ၎တို႔ကို တူမီးကိုင္ေဆာင္ထားသည့္ PDF တပ္သားမ်ားျဖင့္သာ တိုက္ရမည္ဟု ေျပာဆိုကာ ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“မင္းေအာင္လွိုင္နဲ႔ တပ္ရင္းမႉးလား ဘာလားေတာ့မသိဘူး တစ္ေယာက္နာမည္ကို ဆဲၿပီး ေျပာေနတာ။ သူတို႔ကို တူမီးနဲ႔ပဲ တိုက္ရမွာဆိုၿပီး ေျပာၿပီး လႊတ္လိုက္တာတဲ့။ ေျပာေျပာၿပီး ငိုေနၾကတာ” ဟု ၎ကေျပာသည္။

ဖမ္းမိသူမ်ား၏ ထြက္ဆိုခ်က္အရ စစ္တပ္ႏွင့္ ပ်ဴေစာထီးမ်ားၾကားတြင္ စစ္ေကာင္စီက တဖက္ပိတ္ဝါဒျဖန႔္ေနၿပီး စစ္တိုက္ထြက္ရန္ ေစလႊတ္ေၾကာင္း၊ သတင္းဌာနမ်ားတြင္ ေဖာ္ျပသည့္ စစ္ေကာင္စီတပ္၏ ေသဆုံးစာရင္းမ်ားကို သတင္းမွားမ်ားဟု ေျပာဆိုေၾကာင္း အဆိုပါသတင္းရင္းျမစ္၏ ေျပာျပခ်က္အရသိရသည္။

စစ္ကိုင္းတိုင္းအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ရန္အတြက္ စစ္ေကာင္စီက အင္တာနက္လိုင္းႏွင့္ ဖုန္းလိုင္းမ်ားကို ျဖတ္ေတာက္ထားၿပီး ေလေၾကာင္းတိုက္ခိုက္မႈမ်ား အမ်ားအျပား ျပဳလုပ္ေနေသာ္သလည္း ၎တပ္မ်ားသာ အထိနာလၽွက္ရွိေၾကာင္း စုံစမ္းသိရသည္။