ၾကားသိသမွ်

“လေးကေ့ကော်တိုက်ပွဲနှင့် မျက်ခုံးလှုပ်နေသော လေတပ်မိသားစုများ “

“လေးကေ့ကော်တိုက်ပွဲနှင့် မျက်ခုံးလှုပ်နေသော လေတပ်မိသားစုများ ”

ထိုင်းနယ်စပ်က ကရင်လက်နက်ကိုင်တွေကို မြန်မာစစ်တပ်ကနေ လေကြောင်းတိုက်ခိုက်မှု့တွေ လုပ်နေတယ်လို့ ရိုက်တာသတင်းထောက်က အသိပေးထားပါတယ် ။ ဘန်ကောက်ပိုစ့်က ကရင်လက်နက်ကိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောတောနီကို ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ် ။

မြန်မာစစ်ကောင်စီဟာ ကရင်ပြည်နယ်က လေးကေ့ကော်မြို့ကို လေကြောင်းတိုက်ခိုက်မှု့တွေ လုပ်ခဲ့တာပါ ။ ထိုင်းနယ်စပ်နဲ့ ၁၀ မိုင်သာဝေးတဲ့နေရာပါ ။ ည ၁၁ နာရီခန့်မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ် ။

လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကြရပါတယ် ။ မြန်မာစစ်ကောင်စီနဲ့ KNU အဖွဲ့တွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ ။

ဒုက္ခသည်ပေါင်း ၄၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ် ။ အပြစ်မဲ့ပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် လေယာဉ်မပျံသန်းရေးဇုံအဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုနေတာ ကြာနေပါပြီလို့ စောတောနီက ရိုက်တာကိုပြောထားပါတယ် ။


သုံးသပ်ရရင်တော့ ……၊ လေးကေ့ကော်ကို အပြတ်ချေမှုန်းနေတာဟာ ပြည်တွင်းကနေ လက်နက်ကိုင်ဖို့ ၊ စီဒီအမ်ဝင်လို့ ၊ လွတ်မြောက်ရာနယ်မြေကို ရောက်လာသူတွေ အများစုနေတဲ့အတွက် လေကြောင်းကနေပါ တိုက်ယူနေရတာပါ ။ နိုင်ငံတကာက အထာက်အပံ့တွေဟာလည်း လေးကေ့ကော်က အဓိကကျပါတယ် ။

ဒါ့အပြင် ဒီရက်ပိုင်းမှာ သတင်းတွေပျံ့နေတဲ့ မြန်မာသတင်းတွေထဲမှာ လေကြောင်းလက်နက်ကိုင်တွေကို ဆုကြေးငွေတွေထုတ်ပြီး NUG က စည်းရုံးထားတယ်ဆိုတာ ကြားရပါတယ် ။ ပြည်ပရောက် တော်လှန်ရေးသမားတွေကလည်း လေယာဉ်ပစ်လက်နက်တွေရဖို့ ရန်ပုံငွေရှာနေကြပါတယ် ။ စစ်ကောင်စီဟာ ဒီသတင်းတွေအတွက် ကျောချမ်းနေမှာ မလွဲပါဘူး ။


အခြေအနေဟာ တစ်နှစ်ကျော်သက်တမ်းမှာ ဘက်စုံသုံး လက်ဝှေ့ပွဲလိုပြောရရင် အပေါ်ကနေ ချုပ်ကွက်နဲ့ အပိုင်ချုပ်ထားတဲ့ စစ်ကောင်စီဟာ အချိန်ကာလတစ်ခုမှာတော့ မျက်နှာကို ကြမ်းနဲ့ကပ်ပြီး အသက်ရှုရခက်အောင် အချုပ်ခံရတဲ့ အခြေအနေကို ရောက်လာပါတယ် ။

နိုင်ငံတကာအသိအမှတ်ပြုမှု့ မခံရသလို ၊ အဓိကအရေးကြီးတဲ့ ပြည်သူတွေရဲ့ အားပေးမှု့မခံရပါဘူး ။ စစ်ကောင်စီလက်နက်ကိုင်တွေဟာ ဒီအခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်လာပုံပါပဲ ။

အကြမ်းဖက်သမားနဲ့ မဆွေးနွေးဘူးဆိုတဲ့ စစ်ကောင်စီဟာ သူတို့မိသားစုတွေ လွတ်မြောက်ဖို့အတွက် သူတို့ကိုယ်တိုင်ကပဲ ငြိမ်းချမ်းရေး ၊ ဆွေးနွေးရေးတွေ ကမ်းလှမ်းလာလိမ့်မယ်လို့ သုံးသပ်ချင်ပါတယ် ။ ဒါကတော့ စာရေးသူရဲ့ ခန့်မှန်း သုံးသပ်ချက်ပါ ။ လက်ခံတာ ၊ လက်မခံတာက NUG နဲ့ ပြည်သူ့ဆန္ဒအတိုင်းပါ ။

ဘကြီးအောင် LA
11 April , 2022

“ေလးေက့ေကာ္တိုက္ပြဲႏွင့္ မ်က္ခုံးလႈပ္ေနေသာ ေလတပ္မိသားစုမ်ား ”

ထိုင္းနယ္စပ္က ကရင္လက္နက္ကိုင္ေတြကို ျမန္မာစစ္တပ္ကေန ေလေၾကာင္းတိုက္ခိုက္မႈ႔ေတြ လုပ္ေနတယ္လို႔ ရိုက္တာသတင္းေထာက္က အသိေပးထားပါတယ္ ။ ဘန္ေကာက္ပိုစ့္က ကရင္လက္နက္ကိုင္အဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ေစာေတာနီကို ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ပါတယ္ ။

ျမန္မာစစ္ေကာင္စီဟာ ကရင္ျပည္နယ္က ေလးေက့ေကာ္ၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္မႈ႔ေတြ လုပ္ခဲ့တာပါ ။ ထိုင္းနယ္စပ္နဲ႔ ၁၀ မိုင္သာေဝးတဲ့ေနရာပါ ။ ည ၁၁ နာရီခန္႔မွာ ေပါက္ကြဲသံေတြ ၾကားရတယ္လို႔ ရိုက္တာသတင္းေထာက္က ေျပာပါတယ္ ။

ေလေၾကာင္းကေန တိုက္ခိုက္တဲ့အတြက္ ေဒသခံျပည္သူေတြဟာ ထိုင္းနိုင္ငံဘက္ကို ထြက္ေျပးၾကရပါတယ္ ။ ျမန္မာစစ္ေကာင္စီနဲ႔ KNU အဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့တစ္ပတ္ကစၿပီး တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ ။

ဒုကၡသည္ေပါင္း ၄၂၀၀ ေက်ာ္ ထိုင္းနိုင္ငံဘက္ကို ထြက္ေျပးလာတယ္လို႔ ထိုင္းနိုင္ငံျခားေရးဌာနက ေျပာပါတယ္ ။ အျပစ္မဲ့ျပည္သူေတြဟာ ေလေၾကာင္းတိုက္ခိုက္ခံရတဲ့အတြက္ ေလယာဥ္မပ်ံသန္းေရးဇုံအျဖစ္ သတ္မွတ္ေပးဖို႔ နိုင္ငံတကာအသိုင္းအဝိုင္းကို ေတာင္းဆိုေနတာ ၾကာေနပါၿပီလို႔ ေစာေတာနီက ရိုက္တာကိုေျပာထားပါတယ္ ။

သုံးသပ္ရရင္ေတာ့ ……၊ ေလးေက့ေကာ္ကို အျပတ္ေခ်မႈန္းေနတာဟာ ျပည္တြင္းကေန လက္နက္ကိုင္ဖို႔ ၊ စီဒီအမ္ဝင္လို႔ ၊ လြတ္ေျမာက္ရာနယ္ေျမကို ေရာက္လာသူေတြ အမ်ားစုေနတဲ့အတြက္ ေလေၾကာင္းကေနပါ တိုက္ယူေနရတာပါ ။ နိုင္ငံတကာက အထာက္အပံ့ေတြဟာလည္း ေလးေက့ေကာ္က အဓိကက်ပါတယ္ ။

ဒါ့အျပင္ ဒီရက္ပိုင္းမွာ သတင္းေတြပ်ံ႕ေနတဲ့ ျမန္မာသတင္းေတြထဲမွာ ေလေၾကာင္းလက္နက္ကိုင္ေတြကို ဆုေၾကးေငြေတြထုတ္ၿပီး NUG က စည္း႐ုံးထားတယ္ဆိုတာ ၾကားရပါတယ္ ။ ျပည္ပေရာက္ ေတာ္လွန္ေရးသမားေတြကလည္း ေလယာဥ္ပစ္လက္နက္ေတြရဖို႔ ရန္ပုံေငြရွာေနၾကပါတယ္ ။ စစ္ေကာင္စီဟာ ဒီသတင္းေတြအတြက္ ေက်ာခ်မ္းေနမွာ မလြဲပါဘူး ။

အေျခအေနဟာ တစ္ႏွစ္ေက်ာ္သက္တမ္းမွာ ဘက္စုံသုံး လက္ေဝွ႕ပြဲလိုေျပာရရင္ အေပၚကေန ခ်ဳပ္ကြက္နဲ႔ အပိုင္ခ်ဳပ္ထားတဲ့ စစ္ေကာင္စီဟာ အခ်ိန္ကာလတစ္ခုမွာေတာ့ မ်က္ႏွာကို ၾကမ္းနဲ႔ကပ္ၿပီး အသက္ရႈရခက္ေအာင္ အခ်ဳပ္ခံရတဲ့ အေျခအေနကို ေရာက္လာပါတယ္ ။

နိုင္ငံတကာအသိအမွတ္ျပဳမႈ႔ မခံရသလို ၊ အဓိကအေရးႀကီးတဲ့ ျပည္သူေတြရဲ့ အားေပးမႈ႔မခံရပါဘူး ။ စစ္ေကာင္စီလက္နက္ကိုင္ေတြဟာ ဒီအေျခအေနကို ေကာင္းေကာင္းႀကီး သေဘာေပါက္လာပုံပါပဲ ။

အၾကမ္းဖက္သမားနဲ႔ မေဆြးေႏြးဘူးဆိုတဲ့ စစ္ေကာင္စီဟာ သူတို႔မိသားစုေတြ လြတ္ေျမာက္ဖို႔အတြက္ သူတို႔ကိုယ္တိုင္ကပဲ ၿငိမ္းခ်မ္းေရး ၊ ေဆြးေႏြးေရးေတြ ကမ္းလွမ္းလာလိမ့္မယ္လို႔ သုံးသပ္ခ်င္ပါတယ္ ။ ဒါကေတာ့ စာေရးသူရဲ့ ခန္႔မွန္း သုံးသပ္ခ်က္ပါ ။ လက္ခံတာ ၊ လက္မခံတာက NUG နဲ႔ ျပည္သူ႔ဆႏၵအတိုင္းပါ ။

ဘႀကီးေအာင္ LA
11 April , 2022