ၾကားသိသမွ်

ခေတ်အဆက်ဆက် ပြည်သူကို ထည့်ခဲ့ကြတဲ့ အနုပညာ ဂျင်းများ

ရှစ်လေးလုံး အရေးအခင်းပြီးတော့

လူတွေက စစ်တပ်ကိုမုန်းကြတာ မုန်းကြတာ

အဲ့ထဲမှာ အနုပညာရှင်ဆိုတဲ့သူတွေ

တယောက်မှမပါဘူးဆိုတာ ယုံ

မယုံလည်း နောက်၂ နှစ်နေတော့

စစ်အစိုးရဝါဒဖြန့်တဲ့📺ပါပီမ ကားကသက်သေ

အဲ့ကားမှာယုနန်ဒါမြင့် ကလည်းအလန်း


ခင်စိုးပိုင်ကလည်းသရုပ်ဆောင်ကောင်းတော့

တောခိုသွားတဲ့ကျောင်းသားတွေကပဲ

အသိဥာဏ်မရှိအစိုးရစေတနာကို

နားမလည်သလို ဖြစ်အောင်ကို

အနုပညာ သမားတွေက ပုံဖော်ပေးကြတာ

ရန်ကင်းမှာ အဲ့ကားရိုက်ပေးတဲ့သူတွေကို

တိုက်ခန်းတောင်ပေးတယ်ကြားတာပဲ

ဟုတ်မဟုတ်တော့မသိ


နောက်နှစ်ကျ ဦးညွန့်ဝင်းကြီးက ထပ်မတယ်🏋️

အဖေနဲ့သားများ ဇာတ်ကားနဲ့

ဇာတ်၀င် သီချင်းတောင် မှတ်မိသေး

သူမပါရင်လေ ဘာတွေများရှေ့ဆက်ဖြစ်ကြမယ်

သူလေမပါချင်ဘူးအခြေအနေမဲ့

သားဆိုးများကြောင့် ဆိုပြီး

ကယ်တင်ရှင်က စစ်တပ်ကိုဖြစ်ရော


ဟီးးး အနုပညာ သမားတွေ ကျေးဇူးလေ

နောက်တော့ တပ်က သူပိုင်မီဒီယာ

မြဝတီကို📺 စ မိတ်ဆက်

ဇာတ်ကားကောင်းတွေပြ

နောက်တော့ စစ်ကားတွေပြ

အဲ့တုန်းက အစကတော့

တကယ့်စစ်ကားကောင်းတွေပါ

ပျဉ်းမငုတ်တို တို့

နှောင်းတမြေ့မြေ့တို့


အဲ့ကနေမှ အောင်မြင်ချင်ရင်

စစ်ကားရိုက် အကယ်ဒမီ ရချင်ရင်

စစ်ကားရိုက်တွေဖြစ်လာရော

လူမင်းဆို စစ်ကားအရိုက်ဆုံး

ကျော်ဟိန်းဆိုလဲ အကယ်ဒမီ လိုချင်လွန်းလို့

ဝေလဲမွှေး ကြွေလဲမွှေးကို မရိုက်ချင်ဘဲ ရိုက်ခဲ့တာ

ညွန့်ဝင်းဆို အဖားကောင်းလွန်းလို့

ငါးဆုရှင်ဖြစ်တော့

အရှက်မရှိ အဲ့ညက သူနဲ့အတူတောင်

သူ့ကျွန်မခံပီ 🦴🦴ဆိုတာ လိုက်အော်ခိုင်းသေး


‌အဲ့ထဲက အနုပညာရှင်တွေက

အဘဘောစမတာ🏋️

နောက် ဆိုကရေးတီးတို့

မြဝတီအငြိမ့်တို့လုပ်ပြီး ပြည်သူကိုဂျင်းထည့်

အဲ့တုန်းက ဆိုကရေးတီးပြိုင်ပွဲဝင်တိုင်း🏅

ဦးခင်ညွှန့် ဘုန်းတော်ဖွဲ့။

အဘကျန်းမာပါစေကပါသေး

🙏လက်အုပ်လေး ချီလို့ပေါ့ဗျာ


မြဝတီ အငြိမ့်က ပထမရတဲ့

မောစ့် တို့ မြင်မြင့်ကြည် အငြိမ့်ဆိုလဲ

ဒေါ်စုကို တိုက်ခိုက်တာ မြင်မကောင်းဘူး

မှတ်မိသေးလားတော့ မသိဘူး

ဒယ်ဒီဂမုန်း ရေးပီး မြင့်မြင့်ကြည်ဆိုတာ

တီဗီက ခဏခဏ ပြတယ်လေ📺

သွေးစွန်းထားတဲ့ ဒို့အဖိုးရဲ့ဓါး

ခေါင်းရင်းထရံမှာရှိပီးသားတို့

သခွပ်ပင်က မီးတကျည်ကျည်

အသံကြားတိုင်းထကြည့်ရတာ

အိပ်ရေးပျက်လှပီတို့

ပြည်သူကို ဝါဒမှိုင်းတိုက်တာ

စားတော့ပြည်သူ့ထမင်းနဲ့

ပြည်သူကို ဂျင်းပြန်ထည့်တာ

အနုပညာသမားတွေဘဲ

စစ်အစိုးရလက်ထက်


🎢🎢တံတားတခုဆောက်လို့ဖွင့်ပွဲလုပ်ရင်

ခုန်တာ ခုန်တာဆိုတာ

အဲ့တံတားပေါ် တက်တက်ပြီး.

တံတာကြီးပြီးပြီး တတားကြီးပြီးပြီနဲ့

တံတားဟိုဘက် ဒီဘက်ပတ်ပြေးလိုက်သေး

တေးရေးက ဂီတစာဆို ဟင်္သာတတမြင့်ငွေ

အဆိုတော် ဖြိုးကြီးအဖေရေးတာ အများဆုံး

အာ့ကြောင့် ပြန်ဝင်ဟောင်း ဦးရဲထွဋ်က

ပေါ်တင်‌ပြောတာ စစ်အစိုးရလက်ထက်က

ပေါ်လစီကားရိုက်ပါရစေ လာပြောတာ

သူ့မှာစာရင်းရှိတယ်ဆိုတော့

ဘယ် အနုပညာရှင်ဆိုတဲ့သူတွေ

စောက်သံထွက်ရဲလဲ အမှန်ဖြစ်​နေတာကိုး

အဲ့တုန်းက စင်ရော်မောင်မောင်ကြီးကတော့

Top ပေါ့ဗျာ သူက တခြားကားသာ

ကောင်းအောင်မရိုက်တတ်တာ ပေါ်လစီဆို အပိုင် နာံမည်ပေးတာကိုက လန်ထွက်နေတာ

ဘာတဲ့ …မိုးယံသို့ လွင့်ပျံစေမည့် ကေသရာဇာတို့၏အားမန်တို့

နှလုံးသားတွင် ကဗည်းတင်မည် ကစ္စပနဒီတို့

အနုပညာရှင်တွေက သူတို့နာမည်ရ

ပိုက်‌ဆံရ ပါမစ်ရ ပီးရော ဆိုပီး

ပြည်သူကို ဂျင်းထည့်လာတာလေ

မရှက်ဘူးပြောကြသေး💰

နိုင်ငံတော် အကျိုးပြုဇာတ်ကားဆိုဘဲ

တဖြေးဖြေးနဲ့ ပြည်သူကလည်း တပ်ကို တဖြေးဖြေးရွံလာ

၂၀၁၀ရွေးကောက်ပွဲလုပ်တော့ အသံသိပ်မထွက်သေးဘူး

အခြေအနေစောင့်ကြည့်သေးတာ

နောက် ကြားဖြတ်ရွေးကောက်ပွဲမှ

ဒေါ်စုကလဲ ၀င်ပြိုင် ပြည်သူကလည်း

ဒေါ်စုဘက်က များမှန်းသိလာတော့။

သူတို့က လူလည်တွေလေ📽️🎥

ပြည်သူဆီက စားလာတာ မနည်းတော့ဘူးဆိုတော့

အရှက်မရှိ ဘတ်စ် ကားပေါ်၀င်ထိုင်ပြီး

ဒီမိုကရေစီ ဆိုပြီး စပြောတော့တာ သူတို့ပဲ ဒီမိုကရေစီရှေ့ဆောင်

မသိရင် NLDအစိုးရကပဲသူတို့ကြောင့် နိုင်သလိုလို

အဲ့ထဲက အဘကနေ မေမေ မှမေမေ

ဒီကြားထဲ စစ်တပ်ကခေါ်ရင် စစ်ကားပြေးရိုက်ပြီး အဘဘောသွားမကြသေး

စစ်ကိုမုန်းလို့ တိုက်ခဲ့သည်တို့ အချစ်နှင်းဆက် သက်နဲ့ကို ဇာတ်လမ်းတွေကသက်သေ

ခန့်စည်သူကြီးဆို စစ်ကားရိုက်ပီးပြီးချင်း

မအလတင်တဲ့ ဘုရားထီးတင်ပွဲမှာ ခန့်ခန့်ကြီးဆို

အကယ်ဒမီလည်း အရင်နဲ့ ခုခေတ်ဘာထူးလို့လဲ

ဗေလုဝ ကြီးဆို သူ့အကြောင်းသူသိလို့

အကယ်ဒမီပေးတာတောင်မလာဘူး

အာ့ကို ဘုတ်အဖွဲ့ဆိုသူတွေကတွေးတာက

ဒီကောင်က ခုအစိုးရ အာဏာရအောင်

လုပ်ပေးတာ သူ့ကိုပေးရင် ငါတို့အတွက်

အကျိုးမယုတ်ဘူးဆိုပီးတွေးတာ။

သူ့တို့ခေါင်းထဲ အနုပညာဆိုတာ မရှိဘူး

အာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူကို ဖားမယ်🦴

ဒါမှ ငါတို့ ထမင်းစားရမယ်ဘဲတွေးတာ

အဲ့အတွေးတွေက ခုနောက်ပေါက်စတွေကပါ လိုက်တွေး ကိုယ်နဲ့သိတဲ့တယောက်ဆို

အရင် ဆို က ရေး တီး ခေတ်ကအဘ အဘ ဆိုတာကြီးဘဲ တမိသားစုလုံး ကြံခိုင်ရေးပုဆိုးနဲ့

ဘာပွဲညာပွဲသွားရင် တရပ်ကွက်လုံးက ဝိုင်းကြည့်ကြတာကို

အယ်မယ်… ပီးလည်းပီးရော သူတို့ရင်ဖတ်မှာဒေါင်းရင်ထိုးနဲ့

သူတို့မှာဂုဏ်တွေယူလို့ အဘတွေကိုမုန်းတာ သူ့တို့လောက်မရှိဘူး

ထောင် ထဲ အနှစ်နှစ်ဆယ်နေခဲ့တဲ့ ကိုမင်းကိုနိုင်တောင် သူ့လောက်မုန်းမှာမဟုတ်ဘူး

ရေးလိုက်ရတဲ့ NLDအစိုးရ ကောင်းကြောင်းဆိုတာကလည်း

ငါကမှ အနုပညာသမားစစ်စစ်ကြီးဆိုတဲ့အထာ💰🤑

အဲလိုနှစ်ဖက်ချွန်ကောင်တွေ များလာတာ👎👎

အနုပညာသမားစစ်စစ်တွေ အတွက်ပြသနာ💩

ပြောသာပြောရတာပါ မြန်မာပြည်မှာကလဲ💸

အနုပညာ အနုပညာနဲ့ ထမင်းဝဖို့ ပါမစ်ရဖို့ အနုပညာဆိုတာကို ဗန်းပြပြီး

အဘဘောမနေတဲ့သူတွေက အများသားဆိုတော့🥱🥱

ကိုယ်တွေပြည်သူတွေဘဲ😤

ဝဋ်ကြွေးကြီးတာပါလေ🤕🤕

တိုင်ပြည်ဂျောက်ထဲကျဖို့ လက်နှစ်လုံးလိုလို့ကယ်ပေးလိုက်တာကျေးဇူးဆပ်ရတာကြီး ၂၆ နှစ်😱

ခုလဲ စစ်အစိုးရက အမျိုးဘာဂျာ ကယ်ပေးလို့ကျေးဇူးဆပ်နေရတာက ၁နှစ်ကျော်😱

ဇာတ်တွေလဲနာပါ့😭😭😭

တော်သေးတယ်🤭🤭

အခု စကစရွာလည်နေလို့😜😜

မဟုတ်ရင်🦚🦚🦚

မိုးယံသို့ လွင့်ပျံစေမည့်ပျူစောထီး တို့၏ အားမန်တို့

ဘဘဘောသာ ဆက်၍မမည်တို့ လိုပေါကားတွေ ထွက်လာမလားမသိ😜😜၊😁😁😁

ဖီလင်🥔🧅🧄 အနုပညာဂျင်း💰🤑

credit