ၾကားသိသမွ်

လက်ဝှေ့သမား တူးတူးအပါအဝင် ၆ဦး ဖမ်းဆီးခံရဟုသတင်းများထွက်

လက်ဝှေ့သမား တူးတူးအပါအဝင် ၆ဦး ဖမ်းဆီးခံရ

ဧပြီ ၁၂

လက်ဝှေ့ကျော် တူးတူးအပါအဝင် အမျိုးသား ၆ဦး မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်ထဲတွင် ဧပြီလ ၁၁ရက်က အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း တူးတူးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

တူးတူးအပါအဝင် အမျိုးသား ၆ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု ဆိုကာ စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း လက်ဝှေ့လောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဖမ်းခံရတာတော့ဟုတ်တယ်။ ကျန်တဲ့အချက်အလက်တွေတော့ သေသေချာချာ မသိရသေးဘူး” ဟု၎င်းက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်များ၏ ဖော်ပြချက်အရ တူးတူးအပါအဝင် ၆ဦးကို စကုမြို့၊ မင်းချောင်းတံတားအနီး ရွှေအိမ်သစ်စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၅လက်၊ ကျည်ဆံအချို့နှင့် လက်ပစ်ဗုံး ၂လုံးကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်သူ တူးတူးသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် တော်လှန်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။

Photo Credit – MM Times
#မဲခေါင်

လက္ေဝွ႕သမား တူးတူးအပါအဝင္ ၆ဦး ဖမ္းဆီးခံရ

ဧၿပီ ၁၂

လက္ေဝွ႕ေက်ာ္ တူးတူးအပါအဝင္ အမ်ိဳးသား ၆ဦး မေကြးတိုင္း၊ မင္းဘူးခရိုင္၊ စကုၿမိဳ႕နယ္ထဲတြင္ ဧၿပီလ ၁၁ရက္က အာဏာသိမ္းစစ္ေကာင္စီ၏ ဖမ္းဆီးျခင္းခံလိုက္ရေၾကာင္း တူးတူးႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းမွ သိရသည္။

တူးတူးအပါအဝင္ အမ်ိဳးသား ၆ဦးကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားဟု ဆိုကာ စစ္တပ္က ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း လက္ေဝွ႕ေလာကႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

“အဖမ္းခံရတာေတာ့ဟုတ္တယ္။ က်န္တဲ့အခ်က္အလက္ေတြေတာ့ ေသေသခ်ာခ်ာ မသိရေသးဘူး” ဟု၎က ေျပာသည္။

စစ္ေကာင္စီ ဝါဒျဖန႔္မ်ား၏ ေဖာ္ျပခ်က္အရ တူးတူးအပါအဝင္ ၆ဦးကို စကုၿမိဳ႕၊ မင္းေခ်ာင္းတံတားအနီး ေရႊအိမ္သစ္စားေသာက္ဆိုင္တြင္ ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ၎တို႔ႏွင့္အတူ ပစၥတို ၅လက္၊ က်ည္ဆံအခ်ိဳ႕ႏွင့္ လက္ပစ္ဗုံး ၂လုံးကိုပါ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မစ္ဒယ္ဝိတ္တန္းကမၻာ့လက္ေဝွ႕ခ်န္ပီယံ တစ္ဦးျဖစ္သူ တူးတူးသည္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ ေတာ္လွန္ေရးဆႏၵျပပြဲမ်ားတြင္ တက္ႂကြစြာ ပါဝင္ခဲ့သူျဖစ္သည္။

Photo Credit – MM Times
#မဲေခါင္