ၾကားသိသမွ်
ငှက်ကင်မဲ့ Project Dragonfly ရဲ့ 10 ရက်တာ ထင်မှတ်မထားလောက်တဲ့ အံ့သြစရာ ရလဒ်ကို ကြေညာပေးလိုက်ပါပြီ
Project Dragonfly ရဲ့ 10 ရက်တာ Fund Raising Campaign ရလဒ်ကို ကြေညာပေးပါတော့မယ်။
Over 2.2 Millions ရရှိပါတယ်။ ဒေါ်လာ ၆ သိန်းကို မဝံ့မရဲ လုပ်ခဲ့တဲ့ Campaign လေးကနေ ပြည်သူလူထုရဲ့ စိတ်အားထက်သန်မှုနဲ့ အမေရိကန်ဒေါ်လာ ၂၂ သိန်း (2.2 Millions) ရရှိခဲ့ပါတယ်။ အတိအကျအားဖြင့် 2,259,126 USD ပါ။
ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ နှစ်ဦးနှစ်ယောက်တည်းရဲ့ အင်အားမဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ငွေကြေးကိုယ်တွယ်စီမံပေးကြသူများ၊ ငွေကူစုပေးကြ လှုံ့ဆော်ပေးကြသူများနဲ့ စိတ်အားထက်သန်မှုအပြည့် ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းရဲ့ အင်အားတွေပါပဲ။
ငုံ့မခံဘူး၊ တုံ့ပြန်ကြမယ်။
ငါတို့က လေထဲမှာ၊ ငါတို့ကို ဘယ်သူမှ ထိလို့မရဆိုတဲ့ စိတ်လွတ်လပ်မှုမျိုးကို နည်းနည်းမှ ထပ်မပေးနိုင်တော့ဘူး ဆိုတာပဲ။
ကင်မယ်။
ကင်ကိုကင်မယ်။💪💪💪
ဒေါ်လာ၆ သိန်း။ မြန်မာငွေ သိန်းပေါင်းတစ်သောင်းသုံးထောင်။ ဆယ်ရက်အတွင်းရှာရမှာဆိုတော့ တစ်နေ့ သိန်းတစ်ထောင့်သုံးရာ။ မဖြစ်နိုင်ဘူးနော်။ အေး… ဖြစ်ရင်လည်း ဖြစ်မှာပါကနေ စခဲ့တာ။
၄၈ နာရီမပြည့်ခင်မှာ သိန်းကိုးထောင်ကျော်။ ၃ ရက်မှာ ဒေါ်လာ ၆ သိန်းရရှိခဲ့တယ်။ ရပ်လိုက်မလား ရပ်လိုက်မလားလို့ တွေးပေမယ့် ဒီပြည်သူရဲ့ စိတ်အားထက်သန်မှုဟာ တားဆီးမရခဲ့။ နောက်ထပ် Next Target တစ်ခုကို ဆက်သွားရအောင်။ 1.2 Millions Challenges လိုက်မယ်။ 1 Million ဆိုလည်း လှပါတယ်ပေါ့။
1.2 Millions အထိရအောင် 1.5 Millions ထိ ခေါ်ထားလိုက်မယ်ကွာ။ မရရင် အရှက်ကွဲမလား ဘာညာ တွေးပူခဲ့ကြတာ။
ပြည်သူတွေက Surprise တိုက်သွားတယ်။ 2.2 Millions ကို Over ဖြစ်သွားသတဲ့။ စာရင်းတွေလုပ်ရင်း ဟုတ်မှ ဟုတ်ပါ့မလား၊ မှားရင် မစိုက်နိုင်ဘူးနော်ဆိုပြီး အခါခါပြန်စစ်။ ဟုတ်တာမှ ဟုတ်ဟုတ် ဟုတ်ဟုတ်နဲ့တောင် နေသေး။
ဒေါ်လာ၆ သိန်းကနေ 2.2 Millions ဆိုတာ ဘယ်လို စိတ်အားထက်သန်မှုလဲ။ ဘယ်လို အနိုင်ပြင်းပြစိတ်လဲ။ ဘယ်သူက ဒီအောင်ပွဲကို တားနိုင်မလဲ။
ဒီလို စိတ်ဓါတ်နဲ့ တိုက်တဲ့ပွဲ
ငါတို့ပဲ နိုင်ရမယ်။💪 ပန်ဆယ်လို
ကင်မယ်။
ကင်ကိုကင်မယ်။💪💪💪
ငါတို့ပဲ နိုင်ရမယ်။💪ပန်ဆယ်လို