ၾကားသိသမွ်

လူတစ်ရပ်နီးပါးရှိသည့်ဗုံးကြီးများကို ယမန်နေ့က ကရင်ပြည်နယ်အတွင်း စစ်ကောင်စီကြဲချခဲ့

လူတစ်ရပ်နီးပါးရှိသည့်ဗုံးကြီးများကို ယမန်နေ့က ကရင်ပြည်နယ်အတွင်း စစ်ကောင်စီကြဲချခဲ့

လေးကေ့ကော်၊ ဧပြီ (၁၁)

လူငယ့်ခေတ်

ယမန်နေ့ဧပြီလ (၁၀) ရက်နေ့က ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသသို့ စစ်ကောင်စီ လေယာဉ်ဖြင့်ကြဲချခဲ့သည့် ဗုံးများမှာ လူတစ်ရပ်နီးပါးရှိကြောင်း တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် Cobra အဖွဲ့၏ ဓာတ်ပုံများနှင့်တကွထုတ်ပြန်ချက်အရ သိရသည်။

Cobra Column အဖွဲ့က “နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်များမှ ကြဲချသော လေယာဉ်ဗုံး အကြွင်းအကျန်များ၊ လေယာဉ်မှ ပစ်ခတ်ခဲ့သော ကျည်ခွံများ စသည်ဖြင့် သိမ်းဆည်း ရမိပြီး အချို့အား ထုတ်ပြန်အပ်ပါသည်။” ဟု ဖော်ပြခဲ့သည်။


၎င်းတို့ဖော်ပြခဲ့သည့်ပုံများ၌ စစ်ကောင်စီကြဲချခဲ့သည့် ဗုံး၏အခွံများမှာ (၅) ပေဝန်းကျင်ခန့်ရှိသည်ကို တွေ့ရသည်။

ထိုဒေသ၌ ယမန်နေ့က နံနက် (၂) နာရီခွဲအချိန်မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ၊ ခမရ(၂၀၇) က တပ်ရင်းမှူးသက်နိုင်ဦး ဦးစီးသည့် အင်အား ၄၅ ဦးခန့် ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကြောင်းထိုးစဉ် စွယ်တော်ကုန်းနှင့် လက်ခတ်တောင်ရှိအမြှောက်တပ်မှ လက်နက်ကြီးပစ်ကူတစ်ရစပ်ပစ်ကူ ပေးခဲ့ပြီး မြေပြင်စစ်ကြောင်းမှလည်း ၄၀ မမ များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းကသတင်း ထုတ်ပြန်ထားသည်။


ယမန်နေ့တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကြောင်းထိုးလာသည့် ခမရ(၂၀၇)မှ တပ်ခွဲမှူးဗိုလ်ကြီးတင်လင်းနိုင်ကို အရှင်ဖမ်းမိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် စစ်ကြောင်းတစ်ကြောင်းလုံးနီးပါးသေဆုံးခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသော်လည်း လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ကော်ဘရာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအလောင်း (၁၂) လောင်းနှင့် လက်နက် (၉) လက်အပြင် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှစစ်သည်နှစ်ဦး ပြည်သူ့များအတွက် အသက်ပေးလှူသွားရသည်။


အကြမ်းဖက်စစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးများသဖြင့် တိုက်ခိုက်ရေးလေယာဉ် (၂) စီးဖြင့် (၂၂) ကြိမ်ပျံဝဲကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်သူပိုင်နေအိမ် အလုံး (၃၀) ခန့်ပျက်စီးကာ (၅) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကော်ဘရာစစ်ကြောင်းနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသော လေးကေ့ကော်ဒေသကို ယ မန်နေ့ညနေ (၆) နာရီအချိန်က ဓာတုဗုံးဟုယူဆရသည့် ဗုံးများကြဲချသဖြင့် အဝါရောင်အမှုန့်များပျံ့နှံ့ပြီးနောက် စစ် သည်အချို့ မူးဝေသည့် ဝေဒနာများခံစားခဲ့ရသည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

လူတစ္ရပ္နီးပါးရွိသည့္ဗုံးႀကီးမ်ားကို ယမန္ေန႔က ကရင္ျပည္နယ္အတြင္း စစ္ေကာင္စီၾကဲခ်ခဲ့

ေလးေက့ေကာ္၊ ဧၿပီ (၁၁)
လူငယ့္ေခတ္

ယမန္ေန႔ဧၿပီလ (၁၀) ရက္ေန႔က ကရင္ျပည္နယ္၊ ေလးေက့ေကာ္ေဒသသို႔ စစ္ေကာင္စီ ေလယာဥ္ျဖင့္ၾကဲခ်ခဲ့သည့္ ဗုံးမ်ားမွာ လူတစ္ရပ္နီးပါးရွိေၾကာင္း တိုက္ပြဲအတြင္းပါဝင္ခဲ့သည့္ Cobra အဖြဲ႕၏ ဓာတ္ပုံမ်ားႏွင့္တကြထုတ္ျပန္ခ်က္အရ သိရသည္။

Cobra Column အဖြဲ႕က “နယ္ေၿမ ရွင္းလင္းေရး ေဆာင္ရြက္လ်က္ရွိပါသည္။ အၾကမ္းဖက္စစ္ေကာင္စီ၏ ေလယာဥ္မ်ားမွ ၾကဲခ်ေသာ ေလယာဥ္ဗုံး အႂကြင္းအက်န္မ်ား၊ ေလယာဥ္မွ ပစ္ခတ္ခဲ့ေသာ က်ည္ခြံမ်ား စသည္ျဖင့္ သိမ္းဆည္း ရမိၿပီး အခ်ိဳ႕အား ထုတ္ျပန္အပ္ပါသည္။” ဟု ေဖာ္ျပခဲ့သည္။

၎တို႔ေဖာ္ျပခဲ့သည့္ပုံမ်ား၌ စစ္ေကာင္စီၾကဲခ်ခဲ့သည့္ ဗုံး၏အခြံမ်ားမွာ (၅) ေပဝန္းက်င္ခန႔္ရွိသည္ကို ေတြ႕ရသည္။
ထိုေဒသ၌ ယမန္ေန႔က နံနက္ (၂) နာရီခြဲအခ်ိန္မွစတင္ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္မ ၄၄ လက္ေအာက္ခံ၊ ခမရ(၂၀၇) က တပ္ရင္းမႉးသက္နိုင္ဦး ဦးစီးသည့္ အင္အား ၄၅ ဦးခန႔္ က်ဴးေက်ာ္ဝင္ေရာက္ခဲ့သျဖင့္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္။

စစ္ေၾကာင္းထိုးစဥ္ စြယ္ေတာ္ကုန္းႏွင့္ လက္ခတ္ေတာင္ရွိအေျမႇာက္တပ္မွ လက္နက္ႀကီးပစ္ကူတစ္ရစပ္ပစ္ကူ ေပးခဲ့ၿပီး ေျမျပင္စစ္ေၾကာင္းမွလည္း ၄၀ မမ မ်ားျဖင့္ တရစပ္ပစ္ခတ္ခဲ့ေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းကသတင္း ထုတ္ျပန္ထားသည္။

ယမန္ေန႔တစ္ေန႔လုံးနီးပါး တိုက္ပြဲျပင္းထန္ခဲ့ၿပီး စစ္ေၾကာင္းထိုးလာသည့္ ခမရ(၂၀၇)မွ တပ္ခြဲမႉးဗိုလ္ႀကီးတင္လင္းနိုင္ကို အရွင္ဖမ္းမိခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီဘက္မွ တပ္ရင္းမႉးအပါအဝင္ စစ္ေၾကာင္းတစ္ေၾကာင္းလုံးနီးပါးေသဆုံးခဲ့ေၾကာင္း ထည့္သြင္းထုတ္ျပန္ထားေသာ္လည္း လူငယ့္ေခတ္အေနျဖင့္ သီးျခားအတည္မျပဳနိုင္ေသးေပ။

ေကာ္ဘရာစစ္ေၾကာင္းမွ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ရာ အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစအေလာင္း (၁၂) ေလာင္းႏွင့္ လက္နက္ (၉) လက္အျပင္ စစ္အသုံးေဆာင္ပစၥည္းမ်ား သိမ္းဆည္းနိုင္ခဲ့ၿပီး ေကာ္ဘရာစစ္ေၾကာင္းမွစစ္သည္ႏွစ္ဦး ျပည္သူ႔မ်ားအတြက္ အသက္ေပးလႉသြားရသည္။

အၾကမ္းဖက္စစ္ေကာင္စီဘက္က အထိခိုက္အက်အဆုံးမ်ားသျဖင့္ တိုက္ခိုက္ေရးေလယာဥ္ (၂) စီးျဖင့္ (၂၂) ႀကိမ္ပ်ံဝဲကာ ပစ္ခတ္တိုက္ခိုက္ျခင္း၊ ဗုံးၾကဲတိုက္ခိုက္ျခင္းမ်ားျပဳလုပ္ခဲ့သျဖင့္ ျပည္သူပိုင္ေနအိမ္ အလုံး (၃၀) ခန႔္ပ်က္စီးကာ (၅) လုံး မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္စစ္ေကာင္စီက ေကာ္ဘရာစစ္ေၾကာင္းႏွင့္ရင္ဆိုင္တိုက္ပြဲျဖစ္ပြားေနေသာ ေလးေက့ေကာ္ေဒသကို ယ မန္ေန႔ညေန (၆) နာရီအခ်ိန္က ဓာတုဗုံးဟုယူဆရသည့္ ဗုံးမ်ားၾကဲခ်သျဖင့္ အဝါေရာင္အမႈန႔္မ်ားပ်ံ႕ႏွံ့ၿပီးေနာက္ စစ္ သည္အခ်ိဳ႕ မူးေဝသည့္ ေဝဒနာမ်ားခံစားခဲ့ရသည္ဟု ေကာ္ဘရာစစ္ေၾကာင္းက သတင္းထုတ္ျပန္ထားသည္။