ၾကားသိသမွ်

ရန်ကုန်တွင် မြို့နယ်ဆိုင်ရာ စစ်တပ်ဗိုလ်မှူးနှင့် ရှော့တိုက်ဒုံးများ အပစ်ခံရမှုများနှင့် ပက်သက်ပြီး စစ်တပ်ထောက်ခံသူအချင်းချင်း စီမံခန့်ခွဲမှုကို အပြစ်တင်ဝေဖန်နေကြ

ရန်ကုန်တွင် မြို့နယ်ဆိုင်ရာ စစ်တပ်ဗိုလ်မှူးနှင့် ရှော့တိုက်ဒုံးများ အပစ်ခံရမှုများနှင့် ပက်သက်ပြီး စစ်တပ်ထောက်ခံသူအချင်းချင်း စီမံခန့်ခွဲမှုကို အပြစ်တင်ဝေဖန်နေကြ

ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်

လက်ရှိ ရန်ကုန်မြို့အတွင်း လမ်းမတော်မြို့နယ်တွင် စစ်တပ်အရာရှိ ဗိုလ်မှူးကို ပစ်သတ်မှု၊ မင်္ဂလာဒုံတွင် ရှော့တိုက်ဒုံး အတိုက်ခံရမှု၊ စစ်တပ်၏ ထိပ်ပိုင်းအရာရှိ အိမ်ရာဝင်း လုံခြုံရေးဂိတ်များကို ပစ်ခတ်ခံရမှု အပါအဝင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ အသတ်ခံရမှုကို အကာအကွယ် မပေးနိုင်သည့်အတွက် အာဏာသိမ်း စစ်ကောင်စီ၏ စီမံဆောင်ရွက်နေမှုအပေါ် ထောက်ခံသူများပင် ဝေဖန်အပြစ်တင်လာနေကြကြောင်း သိရသည်။

လက်ရှိ မြေပြင်တွင် စစ်တပ်ကို ထောက်ခံပေးနေသူများအပေါ် စစ်တပ်မှ လုံခြုံရေးဆိုင်ရာ အပြည့်အဝ အကာကွယ် မပေးနိုင်သည့်အပြင် တချို့ဖြစ်ရပ်များတွင် နယ်မြေအတွင်း သတင်းလုံခြုံရေး စည်းပေါက်နေသည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေကြောင်း၊ မိမိတို့က သတင်းတခု ပေးပို့လိုက်ပြီးနောက် ထိုသတင်းဖြစ်စဉ်နှင့် သက်ဆိုင်သူများ ကိုယ်ရောင်ဖျောက်နိုင်ရန်ကိုပင် တပ်တွင်းမှပင် သတင်းလုံခြုံရေးကို မထိန်းသိမ်းနိုင်သဖြင့် ၎င်းတို့ထွက်ပြေးလွတ်မြောက်သည့် ဖြစ်ရပ်များဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ပျူစောထီးအဖွဲ့ ဦးဆောင်သူတဦးက ဧရာဝတီတိုင်းမ်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

‘စစ်တပ်အနေနဲ့ အောက်ခြေက လူတွေကို မကြည့်တော့ဘူးလား။ သူနာမည်ရအောင်သာ ကြိုးစားနေတယ်။ ဒီပြဿနာကို သူက စမွှေးခဲ့တာ။ အောက်ခြေမှာ အသက်တွေ ပေးနေရတာ များနေပြီ။ သူပြောတော့ တရားဥပဒေ စိုးမိုးရေးတဲ့။ အခုကြည့်။ သူ့လူတွေတောင်မှ သူအကာအကွယ်မပေးနိုင်ဘူးဆိုရင်တော့ ကျနော်တို့လည်း တောခိုလိုက်ရတော့မှာလား။ ကျနော်တို့လည်း အသက်တွေဗျ။ ဘယ်နေ့ လာအသတ်ခံရမလဲဆိုတာကို ကျနော်တို့ စိတ်ပူနေကြရပြီ’ ဟု တောင်ဒဂုံမြို့နယ်ရှိ လူမိုက်ခေါင်းဆောင်တဦးလည်းဖြစ်သူ၊ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တဦးက ဆိုသည်။

မိမိတို့အနေဖြင့် စစ်တပ်ကို ထောက်ခံကာ စစ်တပ်နောက်လိုက်နေသည့်အခြေအနေတချို့ကို ပြန်လည်သုံးသပ်ရပြီး လက်ရှိအချိန်တွင် အာဏာသိမ်း စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များသာ ထိခိုက်သေဆုံးသည့်ဖြစ်ရပ် မဖြစ်ပဲ အောက်ခြေရှိ စစ်သားများ၊ ရဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသာ ဖြစ်ပေါ်နေသည့် အခြေအနေအပေါ် စိတ်ပျက်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၏ စီမံမှုများနှင့်တကွ စစ်တပ်၏ လက်ရှိဆောင်ရွက်နေမှုများသည် တိုင်းပြည်ကို အဆိုးဆုံး အခြေအနေကို တွန်းပို့နေကြောင်း၊ ယခင် စစ်ခေါင်းဆောင် ဦးသန်းရွှေအနေဖြင့် မိမိယုံကြည်ရသည့်သူဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ကိုပင် ခန့်အပ်တာဝန်ပေး ထားခဲ့သည်က မှားယွင်းနေပြီဟု ယူဆရဖွယ်ရှိကြောင်း သူက ဆက်ပြောသည်။

‘ဒီမင်းအောင်လှိုင်ကို မထားသင့်တော့ဘူး။ တပ်ထောက်ခံပွဲ လုပ်ခဲ့တဲ့ သူတွေက စစ်သားတွေလား၊ နိုင်ငံရေး သမားတွေလား။

ယောင်ခြောက်ဆယ်လုပ်နေတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အနုနည်းနဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေရဲ့ အင်အားတွေကို ဖြုန်းနေတာပဲ။ တပ်ပြိုကွဲရေးကို သူကိုယ်တိုင်ဖန်တီးနေတာပဲ’ ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း စစ်တပ်ကို တော်လှန်နေသည့် အင်အားစုများက ‘ပျံလွှားအောင်’ စစ်ဆင်ရေးအဖြစ် ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှ ၂ဝ၂၂ ခုနှစ် ဧပြီ ၇ ရက်နေ့အတွင်း အကြမ်းဖက် စစ်တပ်၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ပစ်မှတ်ပေါင်း ၁ဝ၂၈ ခုကို ၇ လအတာအတွင်း တော်လှန် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယခုတွင် ‘ပျံလွှားအောင်’ စစ်ဆင်ရေးကို ရပ်တန့်ကာ ‘နန်းထိုက်အောင်’ စစ်ဆင်ရေးအဖြစ် အသစ်ထပ်မံ စီမံပြီး ဧပြီလ ၈ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ၃ ရက်တာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များ၏ စစ်ရေး ပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာသည်မှာ ၁ဝ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကောင်စီကို ထောက်ခံနေသည့် စီးပွားရေး ပစ်မှတ်တချို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

ရန္ကုန္တြင္ ၿမိဳ႕နယ္ဆိုင္ရာ စစ္တပ္ဗိုလ္မႉးႏွင့္ ေရွာ့တိုက္ဒုံးမ်ား အပစ္ခံရမႈမ်ားႏွင့္ ပက္သက္ၿပီး စစ္တပ္ေထာက္ခံသူအခ်င္းခ်င္း စီမံခန႔္ခြဲမႈကို အျပစ္တင္ေဝဖန္ေနၾက

ဧရာဝတီတိုင္းမ္
ဧၿပီလ ၁၁ ရက္

လက္ရွိ ရန္ကုန္ၿမိဳ႕အတြင္း လမ္းမေတာ္ၿမိဳ႕နယ္တြင္ စစ္တပ္အရာရွိ ဗိုလ္မႉးကို ပစ္သတ္မႈ၊ မဂၤလာဒုံတြင္ ေရွာ့တိုက္ဒုံး အတိုက္ခံရမႈ၊ စစ္တပ္၏ ထိပ္ပိုင္းအရာရွိ အိမ္ရာဝင္း လုံျခဳံေရးဂိတ္မ်ားကို ပစ္ခတ္ခံရမႈ အပါအဝင္ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ တာဝန္ရွိသူမ်ား အသတ္ခံရမႈကို အကာအကြယ္ မေပးနိုင္သည့္အတြက္ အာဏာသိမ္း စစ္ေကာင္စီ၏ စီမံေဆာင္ရြက္ေနမႈအေပၚ ေထာက္ခံသူမ်ားပင္ ေဝဖန္အျပစ္တင္လာေနၾကေၾကာင္း သိရသည္။

လက္ရွိ ေျမျပင္တြင္ စစ္တပ္ကို ေထာက္ခံေပးေနသူမ်ားအေပၚ စစ္တပ္မွ လုံျခဳံေရးဆိုင္ရာ အျပည့္အဝ အကာကြယ္ မေပးနိုင္သည့္အျပင္ တခ်ိဳ႕ျဖစ္ရပ္မ်ားတြင္ နယ္ေျမအတြင္း သတင္းလုံျခဳံေရး စည္းေပါက္ေနသည့္ ျဖစ္ရပ္မ်ား ျဖစ္ေပၚေနေၾကာင္း၊ မိမိတို႔က သတင္းတခု ေပးပို႔လိုက္ၿပီးေနာက္ ထိုသတင္းျဖစ္စဥ္ႏွင့္ သက္ဆိုင္သူမ်ား ကိုယ္ေရာင္ေဖ်ာက္နိုင္ရန္ကိုပင္ တပ္တြင္းမွပင္ သတင္းလုံျခဳံေရးကို မထိန္းသိမ္းနိုင္သျဖင့္ ၎တို႔ထြက္ေျပးလြတ္ေျမာက္သည့္ ျဖစ္ရပ္မ်ားျဖစ္ေပၚေနေၾကာင္း ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ပ်ဴေစာထီးအဖြဲ႕ ဦးေဆာင္သူတဦးက ဧရာဝတီတိုင္းမ္သို႔ တယ္လီဖုန္းျဖင့္ ဆက္သြယ္ရာတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

‘စစ္တပ္အေနနဲ႔ ေအာက္ေျခက လူေတြကို မၾကည့္ေတာ့ဘူးလား။ သူနာမည္ရေအာင္သာ ႀကိဳးစားေနတယ္။ ဒီျပႆနာကို သူက စေမႊးခဲ့တာ။ ေအာက္ေျခမွာ အသက္ေတြ ေပးေနရတာ မ်ားေနၿပီ။ သူေျပာေတာ့ တရားဥပေဒ စိုးမိုးေရးတဲ့။ အခုၾကည့္။ သူ႔လူေတြေတာင္မွ သူအကာအကြယ္မေပးနိုင္ဘူးဆိုရင္ေတာ့ က်ေနာ္တို႔လည္း ေတာခိုလိုက္ရေတာ့မွာလား။ က်ေနာ္တို႔လည္း အသက္ေတြဗ်။ ဘယ္ေန႔ လာအသတ္ခံရမလဲဆိုတာကို က်ေနာ္တို႔ စိတ္ပူေနၾကရၿပီ’ ဟု ေတာင္ဒဂုံၿမိဳ႕နယ္ရွိ လူမိုက္ေခါင္းေဆာင္တဦးလည္းျဖစ္သူ၊ ပ်ဴေစာထီးအဖြဲ႕ ေခါင္းေဆာင္တဦးက ဆိုသည္။

မိမိတို႔အေနျဖင့္ စစ္တပ္ကို ေထာက္ခံကာ စစ္တပ္ေနာက္လိုက္ေနသည့္အေျခအေနတခ်ိဳ႕ကို ျပန္လည္သုံးသပ္ရၿပီး လက္ရွိအခ်ိန္တြင္ အာဏာသိမ္း စစ္တပ္၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ားသာ ထိခိုက္ေသဆုံးသည့္ျဖစ္ရပ္ မျဖစ္ပဲ ေအာက္ေျခရွိ စစ္သားမ်ား၊ ရဲမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားသာ ျဖစ္ေပၚေနသည့္ အေျခအေနအေပၚ စိတ္ပ်က္ေနေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး တဦးက ေျပာသည္။

ကာကြယ္ေရး ဦးစီးခ်ဳပ္ မင္းေအာင္လွိုင္၏ စီမံမႈမ်ားႏွင့္တကြ စစ္တပ္၏ လက္ရွိေဆာင္ရြက္ေနမႈမ်ားသည္ တိုင္းျပည္ကို အဆိုးဆုံး အေျခအေနကို တြန္းပို႔ေနေၾကာင္း၊ ယခင္ စစ္ေခါင္းေဆာင္ ဦးသန္းေရႊအေနျဖင့္ မိမိယုံၾကည္ရသည့္သူျဖစ္သည့္ ကာကြယ္ေရး ဦးစီးခ်ဳပ္ မင္းေအာင္လွိုင္ကိုပင္ ခန႔္အပ္တာဝန္ေပး ထားခဲ့သည္က မွားယြင္းေနၿပီဟု ယူဆရဖြယ္ရွိေၾကာင္း သူက ဆက္ေျပာသည္။

‘ဒီမင္းေအာင္လွိုင္ကို မထားသင့္ေတာ့ဘူး။ တပ္ေထာက္ခံပြဲ လုပ္ခဲ့တဲ့ သူေတြက စစ္သားေတြလား၊ နိုင္ငံေရး သမားေတြလား။ ေယာင္ေျခာက္ဆယ္လုပ္ေနတယ္။ ဒီအတိုင္းသာ ဆက္သြားမယ္ဆိုရင္ေတာ့ အႏုနည္းနဲ႔ ကိုယ့္တပ္ဖြဲ႕ဝင္ေတြရဲ့ အင္အားေတြကို ျဖဳန္းေနတာပဲ။ တပ္ၿပိဳကြဲေရးကို သူကိုယ္တိုင္ဖန္တီးေနတာပဲ’ ဟု သူက ဆိုသည္။

ရန္ကုန္တိုင္းအတြင္း စစ္တပ္ကို ေတာ္လွန္ေနသည့္ အင္အားစုမ်ားက ‘ပ်ံလႊားေအာင္’ စစ္ဆင္ေရးအျဖစ္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာ ၇ ရက္မွ ၂ဝ၂၂ ခုႏွစ္ ဧၿပီ ၇ ရက္ေန႔အတြင္း အၾကမ္းဖက္ စစ္တပ္၏ အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ စီးပြားေရး ပစ္မွတ္ေပါင္း ၁ဝ၂၈ ခုကို ၇ လအတာအတြင္း ေတာ္လွန္ တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ထို႔အျပင္ ယခုတြင္ ‘ပ်ံလႊားေအာင္’ စစ္ဆင္ေရးကို ရပ္တန႔္ကာ ‘နန္းထိုက္ေအာင္’ စစ္ဆင္ေရးအျဖစ္ အသစ္ထပ္မံ စီမံၿပီး ဧၿပီလ ၈ ရက္ေန႔မွ ၁ဝ ရက္ေန႔အထိ ၃ ရက္တာအတြင္း အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ား၏ စစ္ေရး ပစ္မွတ္မ်ားကို အဓိက ပစ္မွတ္ထား တိုက္ခိုက္လာသည္မွာ ၁ဝ ႀကိမ္အထိ ရွိခဲ့ၿပီး စစ္ေကာင္စီကို ေထာက္ခံေနသည့္ စီးပြားေရး ပစ္မွတ္တခ်ိဳ႕ကိုလည္း ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၾကသည္။