ၾကားသိသမွ်

“နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေးအဖြစ် မော်လမြိုင် ၅၆၅ တပ်ထိန်းတပ်ကို ဖောက်ခွဲတိုက်ခိုက်၊စခ ၂ကောင် ငရဲရောက်

“နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေးအဖြစ် မော်လမြိုင် ၅၆၅ တပ်ထိန်းတပ်ကို ဖောက်ခွဲတိုက်ခိုက်၊စခ ၂ကောင် ငရဲရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအမှတ် (၅၆၅) တပ်ထိန်းတပ်ကို မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက် ၄ နာရီ ၄၀ ခန့်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ကောင် ငရဲရောက်ကာ၊ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“မော်လမြိုင်က စစ်ကောင်စီရဲ့ ၅၆၅ တပ်ထိန်းဂိတ်ကို ဒီကနေ့ မနက်စောစောမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးပါ။ ၂ ကောင်တော့ ကြွသွားတယ်ဗျ။ ဒဏ်ရာရတဲ့ အရေအတွက်တော့ မသိရသေးဘူး။ များတော့များမယ်” လို့ မော်လမြိုင် ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စပြီး မြန်မာပြည်တောင်ပိုင်းက မြို့ပြဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ့် “နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေး စတင်ခဲ့တယ်လို့ ဒီစစ်ဆင်ရေးကို ဦးဆောင်နေသူတစ်ဦးက ငွေမောင်းသံကို ပြောပြခဲ့ပါတယ်။

“နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေးကို အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့ဘက်သား တပ်သား၊ ရဲသားတွေနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်နေတာလို့ သိရပေမယ့် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်လိုထောက်ပံ့ကူညီမှု ရခဲ့တယ်ဆိုတာကိုတော့ သူက ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုကို “အပြင်မထွက်၊ ရေမပက် သင်္ကြန်” ကို ကြိုဆိုတဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေကတော့ လုံခြုံတဲ့နေရာကို အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ငွေမောင်းသံကို ပြောပြခဲ့ပါတယ်။

#ငွေမောင်းသံ

“နန္းထိုက္ေအာင္” ၿမိဳ႕ျပစစ္ဆင္ေရးအျဖစ္ ေမာ္လၿမိဳင္ ၅၆၅ တပ္ထိန္းတပ္ကို ေဖာက္ခြဲတိုက္ခိုက္၊စခ ၂ေကာင္ ငရဲေရာက္

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ က်ိဳကၡမီလမ္းမႀကီးေပၚရွိ အၾကမ္းဖက္စစ္ေကာင္စီ လက္ေအာက္ခံအမွတ္ (၅၆၅) တပ္ထိန္းတပ္ကို ေမာ္လၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက ဒီကေန႔ မနက္ ၄ နာရီ ၄၀ ခန႔္မွာ ေဖာက္ခြဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ ဒီေဖာက္ခြဲတိုက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္စစ္သား ၂ ေကာင္ ငရဲေရာက္ကာ၊ အမ်ားအျပား ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

“ေမာ္လၿမိဳင္က စစ္ေကာင္စီရဲ့ ၅၆၅ တပ္ထိန္းဂိတ္ကို ဒီကေန႔ မနက္ေစာေစာမွာ ေဖာက္ခြဲတိုက္ခိုက္ခဲ့တာပါ။ နန္းထိုက္ေအာင္ ၿမိဳ႕ျပစစ္ဆင္ေရးပါ။ ၂ ေကာင္ေတာ့ ႂကြသြားတယ္ဗ်။ ဒဏ္ရာရတဲ့ အေရအတြက္ေတာ့ မသိရေသးဘူး။ မ်ားေတာ့မ်ားမယ္” လို႔ ေမာ္လၿမိဳင္ ပကဖအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက စၿပီး ျမန္မာျပည္ေတာင္ပိုင္းက ၿမိဳ႕ျပေဒသေတြမွာ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ၎တို႔ရဲ့ လက္ပါးေစေတြကို ပစ္မွတ္ထားတိုက္ခိုက္မယ့္ “နန္းထိုက္ေအာင္” ၿမိဳ႕ျပစစ္ဆင္ေရး စတင္ခဲ့တယ္လို႔ ဒီစစ္ဆင္ေရးကို ဦးေဆာင္ေနသူတစ္ဦးက ေငြေမာင္းသံကို ေျပာျပခဲ့ပါတယ္။

“နန္းထိုက္ေအာင္” ၿမိဳ႕ျပစစ္ဆင္ေရးကို အၾကမ္းဖက္စစ္တပ္ရဲ့ ျပည္သူ႔ဘက္သား တပ္သား၊ ရဲသားေတြနဲ႔ အုပ္ခ်ဳပ္ေရးဝန္ထမ္းေတြရဲ့ ပံ့ပိုးကူညီမႈနဲ႔ ေဆာင္ရြက္ေနတာလို႔ သိရေပမယ့္ ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ဘယ္လိုေထာက္ပံ့ကူညီမႈ ရခဲ့တယ္ဆိုတာကိုေတာ့ သူက ေျပာျပဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အခု တိုက္ခိုက္မႈကို “အျပင္မထြက္၊ ေရမပက္ သၾကၤန္” ကို ႀကိဳဆိုတဲ့အေနနဲ႔ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး တိုက္ခိုက္ရာမွာ ပါဝင္ခဲ့တဲ့ ရဲေဘာ္ေတြကေတာ့ လုံျခဳံတဲ့ေနရာကို ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့တယ္လို႔ ေမာ္လၿမိဳင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ခံတစ္ဦးက ေငြေမာင္းသံကို ေျပာျပခဲ့ပါတယ္။

#ေငြေမာင္းသံ