ၾကားသိသမွ်

အမြန်လမ်းမိုင်တိုင် ၁၅၈ မှာ သူရရွှေမန်းပိုင် Elite Express အပါအဝင် ကား ၅ စီးဆင့်တိုက်

အမြန်လမ်းမိုင်တိုင် ၁၅၈ မှာ သူရရွှေမန်းပိုင် Elite Express အပါအဝင် ကား ၅ စီးဆင့်တိုက်

ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၅၈ မှာ ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်က ကား ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ဘက် မိုင်တိုင် ၁၅၈ မှာ သူရရွှေမန်းပိုင်တဲ့ Elite Express ခရီးသည်တင် Express အပါအဝင် Express ၂ စီးနဲ့ အိမ်စီးကား ၃ စီးဆင့် တိုက်ခဲ့တာလို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။


” မိုင်တိုင် ၁၅၈ မှာ တိုက်တာ ခုနလေးကမှတိုက်တာ။ ရန်ကုန်-မန္တလေးဘက်ခြမ်းမှာ သိပ်မကြာသေးဘူး။ ရန်ကုန်ကနေ နေပြည်တော်ဆင်းတဲ့ Eliteနဲ့ ရွှေမန္တလေးလည်းပါတယ်။ Express ၂စီးနဲ့ ကားလေး ၃ စီး ။ ကားလေးတစီးကတော့ တော်တော်ပျက်သွားတယ်။

လူထိတာတွေဘာတွေတော့ မသိဘူး ” လို့ မျက်မြင်တွေ့ရှိသူ ခရီးသွားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။


ဧပြီ ၉ ရက်နေ့ကစလို့ သင်္ကြန်ကာလရုံးပိတ်ရက်တွေ ဖြစ်တာကြောင့် နေရပ်ပြန်သူတွေနဲ့ ခရီးသွားလာမှုတွေကြောင့် လမ်းတွေပေါ်မှာကားသွားလာမှုတွေ များပြားနေခဲ့တာပါ။

ဧပြီ ၉ညရက်နေ့ကဘဲ တွံတေးတံတားအဆင်းမှာ ကား ၆ စီးဆင့်တိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ – CJ

အျမန္လမ္းမိုင္တိုင္ ၁၅၈ မွာ သူရေရႊမန္းပိုင္ Elite Express အပါအဝင္ ကား ၅ စီးဆင့္တိုက္

ဧရာဝတီတိုင္းမ္
ဧၿပီ ၁၁ ရက္

ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္ ၁၅၈ မွာ ဒီကေန႔ ေန႔လည္ပိုင္း ၁ နာရီဝန္းက်င္က ကား ၅ စီးဆင့္တိုက္မႈျဖစ္ပြားခဲ့တယ္လို႔ ခရီးသြားျပည္သူေတြဆီက သိရပါတယ္။

ရန္ကုန္ကေန ေနျပည္ေတာ္ကိုသြားတဲ့ဘက္ မိုင္တိုင္ ၁၅၈ မွာ သူရေရႊမန္းပိုင္တဲ့ Elite Express ခရီးသည္တင္ Express အပါအဝင္ Express ၂ စီးနဲ႔ အိမ္စီးကား ၃ စီးဆင့္ တိုက္ခဲ့တာလို႔မ်က္ျမင္ေတြ႕ရွိသူေတြကေျပာပါတယ္။

” မိုင္တိုင္ ၁၅၈ မွာ တိုက္တာ ခုနေလးကမွတိုက္တာ။ ရန္ကုန္-မႏၲေလးဘက္ျခမ္းမွာ သိပ္မၾကာေသးဘူး။ ရန္ကုန္ကေန ေနျပည္ေတာ္ဆင္းတဲ့ Eliteနဲ႔ ေရႊမႏၲေလးလည္းပါတယ္။ Express ၂စီးနဲ႔ ကားေလး ၃ စီး ။ ကားေလးတစီးကေတာ့ ေတာ္ေတာ္ပ်က္သြားတယ္။

လူထိတာေတြဘာေတြေတာ့ မသိဘူး ” လို႔ မ်က္ျမင္ေတြ႕ရွိသူ ခရီးသြားတဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ဧၿပီ ၉ ရက္ေန႔ကစလို႔ သၾကၤန္ကာလ႐ုံးပိတ္ရက္ေတြ ျဖစ္တာေၾကာင့္ ေနရပ္ျပန္သူေတြနဲ႔ ခရီးသြားလာမႈေတြေၾကာင့္ လမ္းေတြေပၚမွာကားသြားလာမႈေတြ မ်ားျပားေနခဲ့တာပါ။

ဧၿပီ ၉ညရက္ေန႔ကဘဲ တြံေတးတံတားအဆင္းမွာ ကား ၆ စီးဆင့္တိုက္ခဲ့လို႔ ထိခိုက္ဒဏ္ရာရရွိမႈေတြရွိခဲ့တယ္လို႔သိရပါတယ္။
ဓာတ္ပုံ – CJ