ၾကားသိသမွ်

အကြိမ်ကြိမ်အမုန်းခံပြီး တိုင်းပြည်ကာကွယ်နေတာလို အာဏာသိမ်းခေါင်းဆောင်ပြော

အကြိမ်ကြိမ်အမုန်းခံပြီး တိုင်းပြည်ကာကွယ်နေတာလို တပ်ချုပ်ပြော

ဧပြီလ ၁၁ ရက်

တပ်မတော်က အကြိမ်ကြိမ်အခါခါအမုန်းခံပြီး တိုင်းပြည်ကို ကာကွယ်နေရတာ ဖြစ်တယ်လို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိင်က ပြောပါတယ်။ လားရှိးတပ်နယ်က အရာရှိ စစ်သည် မိသားစုဝင်တွေနဲ့ တွေ့ချိန်မှာ အခုလိုပြောခဲ့တာပါ။

“အကြိမ်ကြိမ်အခါခါအမုန်းခံပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ရကြောင်း၊ တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေနဲ့အညီသာထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရကြောင်း၊ယခင်က ဖြစ်ပေါ်ခဲ့တဲ့ အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်းစာယူဆောင်ရွက်နေပြီး နာကြည်းချက်များကို သားစဉ်မြေးဆက် မပါစေရေး သည်းခံစိတ်မွေးနေကြောင်း” တပ်ချုပ်မင်းအောင်လှိင်ကပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြေရှင်းရာမှာလည်း သွေးထွက်သံယိုမှုအနည်းဆုံး ဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်နေပြီး တာဝန်ယူထားရတဲ့အဖွဲ့တွေကို ထိန်းသိမ်းရမယ်လို့ သူကပြော ပါသေး တယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံအစိုးရက မဲမသမာမှုလုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်တွေကိုပေးခဲ့တယ်လို့လည်း သိရပါတယ်။

“ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖမ်းဆီးပြီးအတင်းနေရာလု ပြည်သူတွေကို ကြိုက်သလိုသတ်နေတဲ့ သွေးစွန်းပေနေတဲ့ လက်တွေနဲ့ လူတွေ ရဲ့တပ်ပျက်နေတာ သိသာနေတယ် ကယောင်ခြောက်ခြားတွေဖြစ်နေတာပါ” လို့ CDM အရာရှိတစ်ယောက်က သံလွင်တိုင်းမ် ကိုပြော ပါတယ်။

လက်ရှိအချိန်မှာတော့ တပ်မတော်က CDM ဝင်လာတဲ့ အရာရှိနဲ့တခြားအဆင့် (၂၀၀၀) ကျော်ရှိနေတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ တိုင်းရင်းသားနယ်မြေတွေကို အကြီးစားထိုးစစ်တွေနဲ့ အင်အားသုံးတိုက်ခိုက်တာ တွေလုပ်ဆောင်နေသလို လက်နက်ကြီး၊လေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်တာတွေလည်း အာဏာသိမ်းစစ်တပ်က လုပ်ဆောင်နေပါတယ်။#သံလွင်တိုင်းမ်

အႀကိမ္ႀကိမ္အမုန္းခံၿပီး တိုင္းျပည္ကာကြယ္ေနတာလို တပ္ခ်ဳပ္ေျပာ

ဧၿပီလ ၁၁ ရက္

တပ္မေတာ္က အႀကိမ္ႀကိမ္အခါခါအမုန္းခံၿပီး တိုင္းျပည္ကို ကာကြယ္ေနရတာ ျဖစ္တယ္လို အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လွိင္က ေျပာပါတယ္။ လားရွိးတပ္နယ္က အရာရွိ စစ္သည္ မိသားစုဝင္ေတြနဲ႔ ေတြ႕ခ်ိန္မွာ အခုလိုေျပာခဲ့တာပါ။

“အႀကိမ္ႀကိမ္အခါခါအမုန္းခံၿပီး တိုင္းျပည္ကို ကာကြယ္ခဲ့ရေၾကာင္း၊ တိုင္းျပည္တည္ၿငိမ္ေရးကို ေဆာင္ရြက္တဲ့ေနရာမွာ ဥပေဒနဲ႔အညီသာထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ေနရေၾကာင္း၊ယခင္က ျဖစ္ေပၚခဲ့တဲ့ အာဃာတမ်ား မျဖစ္ေပၚေစေရးကို သင္ခန္းစာယူေဆာင္ရြက္ေနၿပီး နာၾကည္းခ်က္မ်ားကို သားစဥ္ေျမးဆက္ မပါေစေရး သည္းခံစိတ္ေမြးေနေၾကာင္း” တပ္ခ်ဳပ္မင္းေအာင္လွိင္ကေျပာပါတယ္။

ဒါ့အျပင္ ပဋိပကၡေျဖရွင္းရာမွာလည္း ေသြးထြက္သံယိုမႈအနည္းဆုံး ျဖစ္ေအာင္ ထိန္းသိမ္း ေဆာင္ရြက္ေနၿပီး တာဝန္ယူထားရတဲ့အဖြဲ႕ေတြကို ထိန္းသိမ္းရမယ္လို႔ သူကေျပာ ပါေသး တယ္။

၂၀၂၀ ေရြးေကာက္ပြဲမွာ ေရြးေကာက္ခံအစိုးရက မဲမသမာမႈလုပ္တယ္ဆိုတဲ့ အေၾကာင္း ျပခ်က္ေတြကိုေပးခဲ့တယ္လို႔လည္း သိရပါတယ္။

“ျပည္သူတင္ေျမႇာက္ထားတဲ့ အစိုးရကို လက္နက္အားကိုးနဲ႔ ဖမ္းဆီးၿပီးအတင္းေနရာလု ျပည္သူေတြကို ႀကိဳက္သလိုသတ္ေနတဲ့ ေသြးစြန္းေပေနတဲ့ လက္ေတြနဲ႔ လူေတြ ရဲ့တပ္ပ်က္ေနတာ သိသာေနတယ္ ကေယာင္ေျခာက္ျခားေတြျဖစ္ေနတာပါ” လို႔ CDM အရာရွိတစ္ေယာက္က သံလြင္တိုင္းမ္ ကိုေျပာ ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ တပ္မေတာ္က CDM ဝင္လာတဲ့ အရာရွိနဲ႔တျခားအဆင့္ (၂၀၀၀) ေက်ာ္ရွိေနတယ္လို႔ ျပည္သူ႔ရင္ခြင္အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ တိုင္းရင္းသားနယ္ေျမေတြကို အႀကီးစားထိုးစစ္ေတြနဲ႔ အင္အားသုံးတိုက္ခိုက္တာ ေတြလုပ္ေဆာင္ေနသလို လက္နက္ႀကီး၊ေလယာဥ္ေတြအသုံးျပဳၿပီး တိုက္ခိုက္တာေတြလည္း အာဏာသိမ္းစစ္တပ္က လုပ္ေဆာင္ေနပါတယ္။#သံလွင်တိုင်းမ်