ၾကားသိသမွ်

နိုင်ငံ့စီးပွားရေး ပြည်သူ့လက်ဝယ်ရှိဖို့ ပြည်သူပိုင်သိမ်းရတာဟု စစ်ခေါင်းဆောင်ပြော

နိုင်ငံ့စီးပွားရေး ပြည်သူ့လက်ဝယ်ရှိဖို့ ပြည်သူပိုင်သိမ်းရတာဟု စစ်ခေါင်းဆောင်ပြော

သင်္ကြန် ဆိုသော ဝေါ်ဟာရသည် ပါဠိ နှင့် သက္ကတ ဘာသာ တို့မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ကူးပြောင်းခြင်းဟု အကြမ်းဖျင်းအားဖြင့် အဓိပ္ပါယ် ရပေသည်။

မြန်မာတို့ အတွက် တနှစ်တာ ကုန်ဆုံး၍ ပိတောက်ပန်းများ နှင့် အတူ နှစ်သစ်ကို ကြိုဆိုရမည့် လ လည်း ဖြစ်သည်။

ထိုသို့ ကြိုဆိုသည့် သင်္ကြန် ရေသဘင် ပွဲသည် ပွဲတော်များထဲတွင် အစည်ကားဆုံး၊ အကြီးကျယ်ဆုံးသော ပွဲတော်ကြီး ဖြစ်သည် လှည်းနေလှေအောင်း မြင်းဇောင်းပါ မကျန် အားလုံး ပါဝင်ဆင်နွှဲကြသည်၊ ဘုရားကျောင်းကန်များတွင် ဥပုဒ် သီတင်းသီလ ဆောက်တည်ကြသည်။

သို့သော် ယခုနှစ်သည်ကား မြန်မာတမျိုးသားလုံးမှ ဘိုးစဉ်ဘောင်ဆက် အထွတ်အမြတ်ထားကာ ကျင်းပခဲ့သည့် သင်္ကြန်ပွဲကို ပထမဆုံး အကြိမ် ပေလျာလကန် ပြုရန် တညီတညွတိ တည်း ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။


ပြည်သူများ အဖို့က အလွန်တရာ မှ ရက်စက်ကြမ်းကြုပ် ပါသည် ဆိုသော ဖက်ဆစ် ဂျပန်များပင် ဩချရမတတ် ဆိုးဝါးလှသည့် လက်နက်ကိုင် အဖွဲ့၏ အုပ်ချုပ်မှု အောက် ရောက်နေကြရပြီ ဖြစ်သည်။

ထို့အတူ မိမိတို့ ဘဝများသည်လည်း မည်သို့မျှ လုံခြုံမှု မရှိတော့သည့်အပြင် ရှေ့ရေး အတွက် မသေချာ မရေရာမှု များ နှင့် ပြည့်နှက်နေချိန်တွင် အခွင့်ထူးခံလူတန်းစားများ မှ လွဲ၍ မည်သူသည် ပျော်ရွှင်နိုင်အံ့ပေမည်နည်း။

၎င်းတို့လက်အောက်တွင် ဘုရားကျောင်းကန်သို့ပင် စိတ်ဖြောင့်လက်ဖြောင့် မသွားရဲအောင် ဖြစ်နေရသည်။ မန္တလေး ကဲ့သို့ မြို့ကြီးပြကြီးတွင်ပင် ခရစ်ယာန် ဘုရားကျောင်းကြီးအား စစ်ကောင်စီ ပါးကွက်သားများက ဝင်ရောက်စီးနင်းကြခြင်း၊ ဖျာပုံတွင် ဘုန်းကြီး ကျောင်းဝင်းအတွင်း ဝင်ရောက်၍ တရားထိုင်နေသည့် သံဃာတော်များ၊ လူများအား တက်တူး ရှာမည် ဆိုကာ အင်္ကျီ လှန်ပြခိုင်းသည် ဆိုသော သတင်းများကို တုန်လှုပ်ဖွယ် သိမြင်ကြားသိလာနေရပြီ ဖြစ်သည်။

စစ်တပ်သည် ပြည်သူတို့၏ စိတ်ခံစားမှုများကို မည်သည့်အခါမျှ စာနာ နားလည်မှု မရှိသူများ ပီပီ ၎င်းတို့ လုပ်ချင်သည်ကို ဖြစ်မြောက်အောင် လုပ်ရန် အတင်းအဓမ္မ လုပ်ကြတော့မည်သာ ဖြစ်သည်။ ဤသည်ကလည်း ၎င်းတို့သည် တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ် နိုင်နေပြီ ဖြစ်ကြောင်း အိမ်နီးချင်း နိုင်ငံကြီးအား ပြသလို၍ ဖြစ်သည်၊ အဆိုပါ အိမ်နီးချင်း နိုင်ငံကြီး၏ အစောင့်ရှောက်ခံ ဘဝနှင့် နေသွားရန်ပင် ကြံစည်လာနေကြပြီ ဖြစ်သည်။

မိမိတို့မှ ၎င်းတို့ ထိုသို့ကြံစည်နေသည်ကို လုံးဝမထောက်ခံ၊ ကန့်ကွက်ကြောင်းအား စစ်ကောင်စီ ဖက်မှ လောင်းကြေးထပ်ထားသည့် အိမ်နီးချင်း နိုင်ငံကြီးအား အထင်အရှား ပြသနိုင်မည့် အခွင့်အရေးက သင်္ကြန် ကို ကျီးနှင့် ဖုတ်ဖုတ် ဖြစ်အောင် လုပ်ပစ်လိုက်ခြင်းပင် ဖြစ်သည်၊ ထို့အတွက် ပြည်သူများ တတပ်တအား ဖြင့် အိမ်ထဲက အိမ်ပြင် မထွက်ကြခြင်း ဖြင့် ကူညီမှသာ ဖြစ်မည်။

သိုမှသာ လမ်းမတော်ကဲ့ သို့ သတင်းကောင်းများ ဖန်တီးပေးနေသူများလည်း အားရှိလာကြမည် ဖြစ်သည်။
နေပြည်တော်တွင် ၁၀၇ မမ မရောက်နိုင်သည့် မိုင်ပေါင်းများစွာ အကွာတွင် အစောင့် အထပ်ထပ် ချကာ မင်းအောင်လှိုင်သည်နေကာမျက်မှန်ကြီး တကားကား နှင့် ရေသဘင်ပွဲ ဆင်နွှဲတော့မည် ဖြစ်သည်။

၎င်း အဖို့က မည်သို့မျှ အန္တရာယ် ရှိမည် မဟုတ်သော်လည်းသူ့ဆန်စား ရဲရပေတော့မည် ဟူသော လက်‌ အောက် ငယ်သားများ၊ ကပ်ပါး လူတန်းစားများ အဖို့ကတော့ လာမည့်ဘေး ပြေးတွေ့ မည်ဆိုကာ ရင်တမမ ဖြင့် သင်္ကြန်ရက်များကို ဖြတ်သန်းကြရပေတော့မည် သာ ဖြစ်သည်။

ဤသည်ကလည်း ရန်ကုန်တွင် အခိုင်အမာ ဖွဲ့စည်းထားပြီး ဖြစ်သော မြေအောက်တော်လှန်ရေး PDF အဖွဲ့မှ စစ်ကောင်စီ လက်ပါးစေများ ပျော်မြူးကြမည့် သင်္ကြန် မဏ္ဏပ်များကို တိုက်ခိုက်သွားမည်ဟု အတိအလင်း ထုတ်ပြန်ကြေညာလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ပြည်သူများ ထိခိုက်မှု မရှိအောင် ရှောင်ရှားကြရန်လည်း တိုက်တွန်းထားပေသည်။

ဒါ့အပြင် နိုင်ငံရဲ့စီးပွားရေးကဏ္ဍ ပြည်သူ့လက်၀ယ်ရှိစေရေးအတွက် ပြည်သူပိုင်သိမ်းသည်များ ဆောင်ရွက်ခဲ့ရခြင်းဖြစ်တယ်လို့ လားရှိုးမြို့မှာရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့ကပြောလိုက်ပါတယ်။

စစ်တပ်အနေနဲ့ အကြိမ်ကြိမ်အခါခါ အမုန်းခံပြီး တိုင်းပြည်ကိုကာကွယ်ပေးနေတာဖြစ်ကြောင်းနဲ့ နာကျည်းချက်များသားစဉ်‌မြေးဆက် မပါစေရေးအတွက် သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့လည်း လီဆယ်ပြောဆိုခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု ရုံးချုပ်မှ ပြီးခဲ့သည့် ခုနှစ်လ အတွင်း အကြမ်းဖက် စစ်တပ်၏ ပစ်မှတ်များကို ၁,၁၂၈ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

လက်ရှိတွင် ပြည်သူတရပ်လုံး ပျော်မြူးနေကြခြင်းမရှိကြ၊ စိတ်လက် မချမ်းမြေ့ ဖြစ်နေကြရသည်က အထင်အရှားပင်၊ တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်နိူင်မှ၊ သူပြုတ်ကိုယ်ပြုတ် အပြုတ်ဖြုတ်နိုင်မှသာ ထိုအဖြစ်ဆိုးကြီးမှ ရုန်းထွက်နိုင်မည် ဖြစ်သည်၊ တော်လှန်ရေးကြီးလည်း အောင်မြင်ရန် တဖြေး‌ဖြေး နီးကပ်လာနေပြီ ဖြစ်၍ တချက်လောက် အားစိုက်ပြီး ညီညွတ်စွာ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းလိုက်ရပါသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
Hla Soewai