ၾကားသိသမွ်

နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် အနုပညာရှင် ၁၅ဦးကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် GSCB တိုက်တွန်း

နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် အနုပညာရှင် ၁၅ဦးကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် GSCB တိုက်တွန်း

People’s Spring

နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပူးပေါင်းသည်ဆို သည့် နာမည်ကြီးအနုပညာရှင် ၁၅ဦးကို လူမှုရေး ပြစ်ဒဏ်ချမှတ်ရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body-GSCB)အဖွဲ့က တိုက်တွန်းသည်။


“ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ”ဟုဆိုကာ စစ်တပ်နှင့် ပူးပေါင်းသော၊ စစ်တပ်နှင့်ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစ အချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော

၊ အစပိုင်းတွင်ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ Social influencer များ လူမှုပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်”ဟု ဧပြီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။


အဆိုပါအနုပညာရှင်များမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ၊ရန်အောင်၊ ခန့်စည်သူ၊ရဲအောင်၊ မြင့်မြတ် ၊ အောင်ရေချမ်း ၊ ဒိန်းဒေါင် ၊ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊နန္ဒာလှိုင် ၊ အေးမြတ်သူ ၊ မယ်လိုဒီ ၊ ဝတ်မှုန်ရွှေရည်နှင့် မိုးစက်ဝိုင်တို့ပါဝင်သည်။


“အဆိုပါအနုပညာရှင်များသည် ပြည်သူ့ဘက်ကို မျက်နှာမမူ၊ ပြည်သူတွေ ကျွေးတဲ့ထမင်းစားပြီး ပြည်သူတွေရဲ့ဒုက္ခကို မစာနာ မထောက်ထားဘဲ ဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးသော၊ ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းသောအလုပ်လုပ်ကိုင်သော၊

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့မရှိသော၊ follower ကျမှာကြောက်၍ အယောင်ဆောင်ဆန္ဒပြခဲ့ကြသော အနုပညာရှင်များသာဖြစ်ကြသည်။”ဟု GSCB ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ေနတိုး၊ စိုင္းစိုင္းခမ္းလွိုင္ႏွင့္ ဝတ္မႈန္ေရႊရည္အပါအဝင္ အႏုပညာရွင္ ၁၅ဦးကို လူမႈေရးျပစ္ဒဏ္ခ်မွတ္ရန္ GSCB တိုက္တြန္း

People’s Spring

ေႏြဦးေတာ္လွန္ေရးတြင္ ပါဝင္ျခင္းမရွိဘဲ အၾကမ္းဖက္စစ္​ေကာင္စီတပ္ႏွင့္ ပူးေပါင္းသည္ဆို သည့္ နာမည္ႀကီးအႏုပညာရွင္ ၁၅ဦးကို လူမႈေရး ျပစ္ဒဏ္ခ်မွတ္ရန္ အေထြေထြသပိတ္ ေပါင္းစပ္ညႇိႏွိုင္းေရးအင္အားစု (General Strike Coordination Body-GSCB)အဖြဲ႕က တိုက္တြန္းသည္။


“ဖက္ဆစ္စစ္တပ္ႏွင့္ပူးေပါင္းသူမွန္သမၽွ ဆန္႔က်င္ၾက”ဟုဆိုကာ စစ္တပ္ႏွင့္ ပူးေပါင္းေသာ၊ စစ္တပ္ႏွင့္ဆက္စပ္ေသာ အသိုင္းအဝိုင္းမ်ားႏွင့္ တြဲဖက္အလုပ္လုပ္ကိုင္ေသာ၊ အာဏာသိမ္းစ အခ်ိန္တည္းက အခုခ်ိန္ထိ စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့ျခင္းမရွိေသာ၊

အစပိုင္းတြင္ပါဝင္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ စစ္တပ္ႏွင့္ပူးေပါင္း တြဲဖက္လုပ္ကိုင္ၾကေသာ အႏုပညာရွင္မ်ား၊ Social influencer မ်ား လူမႈျပစ္ဒဏ္ခ်မွတ္သြားမည္ျဖစ္ပါသည္”ဟု ဧၿပီ ၁၀ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္သည္။


အဆိုပါအႏုပညာရွင္မ်ားမွာ ေနတိုး၊ စိုင္းစိုင္းခမ္းလွိုင္ ၊ရန္ေအာင္၊ ခန္႔စည္သူ၊ရဲေအာင္၊ ျမင့္ျမတ္ ၊ ေအာင္ေရခ်မ္း ၊ ဒိန္းေဒါင္ ၊ စိုးျမတ္သူဇာ ၊ စိုးျမတ္နႏၵာ ၊နႏၵာလွိုင္ ၊ ေအးျမတ္သူ ၊ မယ္လိုဒီ ၊ ဝတ္မႈန္ေရႊရည္ႏွင့္ မိုးစက္ဝိုင္တို႔ပါဝင္သည္။

“အဆိုပါအႏုပညာရွင္မ်ားသည္ ျပည္သူ႔ဘက္ကို မ်က္ႏွာမမူ၊ ျပည္သူေတြ ေကၽြးတဲ့ထမင္းစားၿပီး ျပည္သူေတြရဲ့ဒုကၡကို မစာနာ မေထာက္ထားဘဲ ဖက္ဆစ္စစ္တပ္ကို ေထာက္ခံအားေပးေသာ၊

ဖက္ဆစ္စစ္တပ္ႏွင့္ ပူးေပါင္းေသာအလုပ္လုပ္ကိုင္ေသာ၊ စစ္အာဏာရွင္ဆန္႔က်င္ေရးတြင္ ပါဝင္ခဲ့မရွိေသာ၊ follower က်မွာေၾကာက္၍ အေယာင္ေဆာင္ဆႏၵျပခဲ့ၾကေသာ အႏုပညာရွင္မ်ားသာျဖစ္ၾကသည္။”ဟု GSCB ၏ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။