ၾကားသိသမွ်

လှိုင် ပါရမီလမ်းမပေါ်က Idol ဘီယာဆိုင် ဗုံးကွဲ

လှိုင် ပါရမီလမ်းမပေါ်က Idol ဘီယာဆိုင် ဗုံးကွဲ

လှိုင် ပါရမီလမ်းမပေါ်က Idol ဘီယာဆိုင် ဗုံးကွဲမှု ယနေ့ညကဖြစ်ပွါးခဲ့ကြောင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုဟာ ယနေ့ဧပြီလ ၁၀ရက်နေ့ ည ၇နာရီ၊၅၀မိနစ်မှာဖြစ်ပွါးခဲ့ပြီး သေဆုံးသူတစ်စုံတစ်ယောက်မျှမရှိကြောင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“လုပ်တာက ကျွန်တော်တို့မဟုတ်ဘူး။ဘယ်အဖွဲ့ကလဲဆိုတာသေချာမသိရသေးဘူး။နန်းထိုက်အောင် စစ်ဆင်ရေးစနေပြီဆိုတော့ UGတွေပွဲစကြမ်းနေပြီပေါ့”ဟု လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လှိုင်ပါရမီလမ်းပေါ်က Idol ဘားကိုလာသည့် ကားတစ်စီးပေါက်ကွဲခဲ့ပြီး တစ်စစီမဖြစ်သွားကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ Idolဘားသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရဲများရောက်ရှိကာ စုံစမ်းစစ်ဆေးနေပြီး ပါရမီလမ်းကို ပိတ်ခြင်းမရှိပဲ လမ်းဖွင့်ပေးထားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“အခုက ကားပါကင်ဗုံးထိတယ်။သူတို့လာတယ်။ကားပိုင်ရှင်နဲ့ အာ့ဘားက ဝန်ထမ်းတွေကို စစ်ခွေးတွေခေါ်မေးနေတယ်။လောလောဆည်​တော့ စစ်ခွေးတွေနဲ့ ရပ်စကားပြောနေတယ်”ဟု လှိုင်ပါရမီလမ်းတွင်နေသည့် ဒေသခံတစ်ဦးကပြောသည်။#MPA

လွိုင္ ပါရမီလမ္းမေပၚက Idol ဘီယာဆိုင္ ဗုံးကြဲ

လွိုင္ ပါရမီလမ္းမေပၚက Idol ဘီယာဆိုင္ ဗုံးကြဲမႈ ယေန႔ညကျဖစ္ပြါးခဲ့ေၾကာင္း လွိုင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေျပာသည္။

အဆိုပါ ဗုံးေပါက္ကြဲမႈဟာ ယေန႔ဧၿပီလ ၁၀ရက္ေန႔ ည ၇နာရီ၊၅၀မိနစ္မွာျဖစ္ပြါးခဲ့ၿပီး ေသဆုံးသူတစ္စုံတစ္ေယာက္မၽွမရွိေၾကာင္း လွိုင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေျပာသည္။

“လုပ္တာက ကၽြန္ေတာ္တို႔မဟုတ္ဘူး။ဘယ္အဖြဲ႕ကလဲဆိုတာေသခ်ာမသိရေသးဘူး။နန္းထိုက္ေအာင္ စစ္ဆင္ေရးစေနၿပီဆိုေတာ့ UGေတြပြဲစၾကမ္းေနၿပီေပါ့”ဟု လွိုင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၏ ရဲေဘာ္တစ္ဦးက ေျပာသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ လွိုင္ပါရမီလမ္းေပၚက Idol ဘားကိုလာသည့္ ကားတစ္စီးေပါက္ကြဲခဲ့ၿပီး တစ္စစီမျဖစ္သြားေၾကာင္း စုံစမ္းသိရသည္။

လက္ရွိမွာ Idolဘားသို႔ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားႏွင့္ ရဲမ်ားေရာက္ရွိကာ စုံစမ္းစစ္ေဆးေနၿပီး ပါရမီလမ္းကို ပိတ္ျခင္းမရွိပဲ လမ္းဖြင့္ေပးထားေၾကာင္း ေဒသခံမ်ားက အတည္ျပဳေျပာဆိုသည္။

“အခုက ကားပါကင္ဗုံးထိတယ္။သူတို႔လာတယ္။ကားပိုင္ရွင္နဲ႔ အာ့ဘားက ဝန္ထမ္းေတြကို စစ္ေခြးေတြေခၚေမးေနတယ္။ေလာေလာဆည္​ေတာ့ စစ္ေခြးေတြနဲ႔ ရပ္စကားေျပာေနတယ္”ဟု လွိုင္ပါရမီလမ္းတြင္ေနသည့္ ေဒသခံတစ္ဦးကေျပာသည္။#MPA