ၾကားသိသမွ်

လေးကေ့ကော်မှာ စစ်အုပ်စုလေယာဉ်ပေါ်ကနေ ဓာတုဗုံးလို့ ယူဆရတဲ့ အမှုန့်တွေကြဲချ

လေးကေ့ကော်မှာ စစ်အုပ်စုလေယာဉ်ပေါ်ကနေ ဓာတုဗုံးလို့ ယူဆရတဲ့ အမှုန့်တွေကြဲချ

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လေးကေ့ကော်မြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စု လေယာဉ်ပေါ်ကနေ ဓာတုဗုံးလို့ ယူဆရတဲ့ အဝါရောင်အမှုန့်တွေ ဒီကနေ့ ညနေပိုင်းက ကြဲချသွားတယ်လို့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီနောက် ရဲဘော်အချို့ မူးဝေနေကြပြီး အဲဒီအဝါရောင်အမှုန့်တွေနဲ့ ပတ်သတ်လို့တော့ အတည်မပြုနိုင်သေးလို့ ဆိုပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသရပ်ကွက်တွေမှာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်အုပ်စုတို့ကြား

ဒီနေ့မနက် ၃နာရီကတည်းက ညနေပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လက်ရှိအချိန်ထိ စစ်အုပ်စုဘက်က အယောက် ၄၀ထက်မနည်း ကျဆုံးပြီး တပ်မ(၄၄) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးရမိကာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ PVTV သတင်းဌာနက ဖော်ပြပါတယ်။

Video – Cobra Column
DNA

ေလးေက့ေကာ္မွာ စစ္အုပ္စုေလယာဥ္ေပၚကေန ဓာတုဗုံးလို႔ ယူဆရတဲ့ အမႈန႔္ေတြၾကဲခ်
တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေလးေက့ေကာ္ၿမိဳ႕ေပၚကို အၾကမ္းဖက္စစ္အုပ္စု ေလယာဥ္ေပၚကေန ဓာတုဗုံးလို႔ ယူဆရတဲ့ အဝါေရာင္အမႈန႔္ေတြ ဒီကေန႔ ညေနပိုင္းက ၾကဲခ်သြားတယ္လို႔ ေကာ္ဘရာစစ္ေၾကာင္းအဖြဲ႕က ထုတ္ျပန္ပါတယ္။

အဲဒီေနာက္ ရဲေဘာ္အခ်ိဳ႕ မူးေဝေနၾကၿပီး အဲဒီအဝါေရာင္အမႈန႔္ေတြနဲ႔ ပတ္သတ္လို႔ေတာ့ အတည္မျပဳနိုင္ေသးလို႔ ဆိုပါတယ္။

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေၿမ ေလးေကေကာ္ေဒသရပ္ကြက္ေတြမွာ နယ္ေျမခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ ေရးတပ္မေတာ္-KNLA ပူးေပါင္းတပ္ဖြဲ႕နဲ႔ အၾကမ္းဖက္ စစ္အုပ္စုတို႔ၾကားဒီေန႔မနက္ ၃နာရီကတည္းက ညေနပိုင္းအထိ တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။

လက္ရွိအခ်ိန္ထိ စစ္အုပ္စုဘက္က အေယာက္ ၄၀ထက္မနည္း က်ဆုံးၿပီး တပ္မ(၄၄) က ဗိုလ္ႀကီးအဆင့္ရွိသူတစ္ဦးကို ဖမ္းဆီးရမိကာ၊ လက္နက္ခဲယမ္းေတြလည္း သိမ္းဆည္းရမိထားတယ္လို႔ PVTV သတင္းဌာနက ေဖာ္ျပပါတယ္။

Video – Cobra Column
DNA