ၾကားသိသမွ်

နမ့်ဆန်မှာ စစ်ကောင်စီ တပ်သား ၄ ဦး ထွက်ပြေးလွတ် မြောက်

နမ့်ဆန်မှာ စစ်ကောင်စီ တပ်သား ၄ ဦး ထွက်ပြေးလွတ် မြောက်

ဧပြီလ ၁၀ ရက်

ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြိုနယ် နမ့်ခေးကျေးရွာ တပ်စခန်းကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရင်း(၂၅၂)က တပ်သား ၄ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။

၎င်းတို ၄ ဦးစလုံးဟာ တပ်သားအဆင့်ရှိသူတွေဖြစ်ကြပြီး တပ်ထဲမှာ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တာကြောင့် ထွက်ပြေးခဲ့ကြတာလို ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ တပ်သားတစ်ဦးက “အထဲမှာက နေရတာက ကြမ်းတယ်။ ဖိနှိပ်ခံရတယ်။ အပြစ်မရှိလည်း အပြစ်ရှာပြီး ပါးတွေရိုက်တာပဲ။ ကျနော်တိုမှာ ဘာမှပြောပိုင်ခွင့် မရှိဘူး။ လစာက ပုံမှန် ၁ သိန်း ၆ သောင်း ပေးတယ်လို ပြောတယ်။ ဒါပေမဲ့ တစ်လတစ်လေမှ တစ်သိန်းကျော်ရတာ။ အဲဒါကြောင့် ကျနော်တို တိုင်ပင်ပြီး ပြေးကြတာ” လို ပြောပါတယ်။

အဲဒီတပ်သား ၄ ဦးစလုံးဟာ စစ်ကောင်စီတပ်က နည်းအမျိုးမျိုးနဲ့ စစ်သား စုဆောင်းတာ ခံရသူတွေဖြစ်ကြပြီး စစ်သားလုပ်သက် ၁ နှစ်ဝန်းကျင်ရှိကြသူတွေ ဖြစ်ပါတယ်။

“အဓိက ကျနော်တို့က လုံခြုံတဲ့နေရာ တစ်နေရာရာမှာ အလုပ်လုပ်ရရင်ရပြီ။ ထွက်ပြေးလာတုန်းကလည်း လွတ်ရင်ပြီးရောဆိုပြီးပြေးတာ။ သေလည်း မတတ်နိုင်တော့ဘူး။ ကျန်တဲ့လူတွေလည်း ပြေးချင်တဲ့လူတွေ ရှိကြတယ်။ ဒါပေမဲ့ သွားပြီးမညှိရဲဘူး။ သတင်းထွက်ရင် ကျနော်တို့ပါ ကြိုးတုတ်ခံရမှာ” လို့ နောက်ထပ် တပ်သားတစ်ဦးကလည်း ပြောပါတယ်။

တပ်သား ၄ ဦးဟာ သူတို့ စစ်ဝတ်စုံနဲ့ လက်နက်တွေကို စခန်းချထားတဲ့ တဲထဲမှာဘဲ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခေးရွာရှိ စစ်ကောင်စီ တပ်စခန်းမှာ စစ်ကောင်စီတပ်သား ၃ ဦးတစ်ကြိမ် ၂ ဦးတစ်ကြိမ်အပါအဝင် လက်ရှိ ၄ ဦး စုစုပေါင်း ၉ ဦးအထိ ထွက်ပြေးခဲ့ကြပြီး လက်ရှိ အဲဒီစခန်းမှာ (၁၃)ဦးပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလာတဲ့ အဲဒီတပ်သား ၄ ဦးစလုံးဟာ လုံခြုံတဲ့ နေရာတွေမှာ ရှိနေကြပါတယ်။

SPM

နမ့္ဆန္မွာ စစ္ေကာင္စီ တပ္သား ၄ ဦး ထြက္ေျပးလြတ္ ေျမာက္

ဧၿပီလ ၁၀ ရက္

ရွမ္းေျမာက္ တအာင္း(ပေလာင္)ေဒသ နမ့္ဆန္ၿမိဳနယ္ နမ့္ေခးေက်းရြာ တပ္စခန္းကုန္းမွာ တာဝန္က်ေနတဲ့ စစ္ေကာင္စီတပ္ရင္း(၂၅၂)က တပ္သား ၄ ဦးဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၄ ရက္မွာ ထြက္ေျပးလြတ္ေျမာက္ခဲ့ၾကပါတယ္။

၎တို ၄ ဦးစလုံးဟာ တပ္သားအဆင့္ရွိသူေတြျဖစ္ၾကၿပီး တပ္ထဲမွာ ဖိႏွိပ္မႈဒဏ္ကို မခံနိုင္တာေၾကာင့္ ထြက္ေျပးခဲ့ၾကတာလို ဆိုပါတယ္။

ထြက္ေျပးလြတ္ေျမာက္လာခဲ့တဲ့ တပ္သားတစ္ဦးက “အထဲမွာက ေနရတာက ၾကမ္းတယ္။ ဖိႏွိပ္ခံရတယ္။ အျပစ္မရွိလည္း အျပစ္ရွာၿပီး ပါးေတြရိုက္တာပဲ။ က်ေနာ္တိုမွာ ဘာမွေျပာပိုင္ခြင့္ မရွိဘူး။ လစာက ပုံမွန္ ၁ သိန္း ၆ ေသာင္း ေပးတယ္လို ေျပာတယ္။ ဒါေပမဲ့ တစ္လတစ္ေလမွ တစ္သိန္းေက်ာ္ရတာ။ အဲဒါေၾကာင့္ က်ေနာ္တို တိုင္ပင္ၿပီး ေျပးၾကတာ” လို ေျပာပါတယ္။

အဲဒီတပ္သား ၄ ဦးစလုံးဟာ စစ္ေကာင္စီတပ္က နည္းအမ်ိဳးမ်ိဳးနဲ႔ စစ္သား စုေဆာင္းတာ ခံရသူေတြျဖစ္ၾကၿပီး စစ္သားလုပ္သက္ ၁ ႏွစ္ဝန္းက်င္ရွိၾကသူေတြ ျဖစ္ပါတယ္။

“အဓိက က်ေနာ္တို႔က လုံျခဳံတဲ့ေနရာ တစ္ေနရာရာမွာ အလုပ္လုပ္ရရင္ရၿပီ။ ထြက္ေျပးလာတုန္းကလည္း လြတ္ရင္ၿပီးေရာဆိုၿပီးေျပးတာ။ ေသလည္း မတတ္နိုင္ေတာ့ဘူး။ က်န္တဲ့လူေတြလည္း ေျပးခ်င္တဲ့လူေတြ ရွိၾကတယ္။ ဒါေပမဲ့ သြားၿပီးမညႇိရဲဘူး။ သတင္းထြက္ရင္ က်ေနာ္တို႔ပါ ႀကိဳးတုတ္ခံရမွာ” လို႔ ေနာက္ထပ္ တပ္သားတစ္ဦးကလည္း ေျပာပါတယ္။

တပ္သား ၄ ဦးဟာ သူတို႔ စစ္ဝတ္စုံနဲ႔ လက္နက္ေတြကို စခန္းခ်ထားတဲ့ တဲထဲမွာဘဲ ခ်န္ထားခဲ့တယ္လို႔ ဆိုပါတယ္။

နမ့္ေခးရြာရွိ စစ္ေကာင္စီ တပ္စခန္းမွာ စစ္ေကာင္စီတပ္သား ၃ ဦးတစ္ႀကိမ္ ၂ ဦးတစ္ႀကိမ္အပါအဝင္ လက္ရွိ ၄ ဦး စုစုေပါင္း ၉ ဦးအထိ ထြက္ေျပးခဲ့ၾကၿပီး လက္ရွိ အဲဒီစခန္းမွာ (၁၃)ဦးပဲ ရွိေတာ့တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ထြက္ေျပးလာတဲ့ အဲဒီတပ္သား ၄ ဦးစလုံးဟာ လုံျခဳံတဲ့ ေနရာေတြမွာ ရွိေနၾကပါတယ္။

SPM