ၾကားသိသမွ်

သင်္ကြန်ကာလနဲ့လူတွေရဲ့စိတ်ဓာတ်ကိုချောင်းကြည့်ရင်း…၂၀၂ဝက ကျနော်ရေးခဲ့တဲ့စာစုလေးတွေကိုပြန်ဝေမျှအပ်ပါတယ် ဆိုတဲ့ ဦးကျော်သက်လင်း

သင်္ကြန်ကာလနဲ့လူတွေရဲ့စိတ်ဓာတ်ကို

ချောင်းကြည့်ရင်း…

၂၀၂၀က ကျနော်ရေးခဲ့တဲ့စာစုလေးတွေကိုပြန်ဝေမျှအပ်ပါတယ်။

အထူးသဖြင့် ဒီကာလမှာ

ကျော်သက်လင်းဟာ ကျော်သက်လင်းပိုပီသလာပါတယ်။

ဘယ်သူ့ကိုမှ၊ သေခြာပြောရရင် အမှန်တရားကိုလိုလားသူအခြင်းခြင်း ကိုယ့်လမ်းကိုယ်ရွေးချယ်လျှောက်လှမ်းနေကြသူ ဘယ်သူ့ကိုမျှ

စောင်းမြောင်းပြောဆိုဝေဖန်ခြင်းမပြုပဲ ကိုယ်မှန်တယ်ထင်တာကိုတစိုက်မတ်မတ်လုပ်လျက်ပါ။

အချိန်ဟာ ဖားလားငါးလား ကွဲပြားစေပါလိမ့်မယ်။ကျမ်းမာအောင်ဂရုစိုက်ကြပါ ပြည်သူတို့။


၉.၄.၂၀၂၀
ဆင်းရဲမှုတိုင်းကို ကြံ့ကြံ့ခံ၍ အောင်မြင်အောင် တွန်းလှန်နိုင်ပါစေ…

ဘဝကိုအသတ်ခံရတဲ့အခါ အကြိမ်ကြိမ်ပြန်ထနိုင်ပါစေ…

အသက်ကိုအသတ်ခံရတဲ့အခါ နာမည်ကောင်းကျန်ခဲ့ပါစေ…

အမှားမြင် အမှန်ပြင်လို့ အသက်ကြီးလေ သီလလုံပါစေ..

အများ၏ ယုံကြည်အားကိုးရာ ဖြစ်ပါစေ…

ကိုယ့်လိပ်ပြာကိုယ်လုံလို့ ယုံကြည်မှုရှိသောသူဖြစ်ပါစေ…

အဝတ်အစားကိုလျှော်ဖွတ်သလို မိမိစိတ်ကို နေတိုင်းဖြူစင်

အောင် လျှော်ဖွတ်ဖို့မမေ့ပါနဲ့။


၉.၄.၂၀၂၀

မင်္ဂလာမနက်ခင်းပါခင်ဗျာ…

မမြင်အပ် မကြားအပ် မသိအပ်သည့်အရာများကို

မမြင် မကြား မသိကြပါစေနဲ့။

​သိ မြင် ကြား သိသင့် သည့်အရာများကို သိလွယ် မြင်လွယ် ကြားလွယ်ကြပါစေ။

တစိမ်းဆန်မှ မကူးစက်မယ့်ရောဂါ ကြီး

အမြန်ဆုံးကင်းစင်လွင့်ပျောက်၍ မိသားစုများ အမြန်ဆုံး ပြန်

လည်ဆုံတွေ့နိုင်ကြပါစေ။

မပျော်နိုင်ကြတဲ့ သင်္ကြန်မှာ ကုသိုလ်ရေးတွေအများကြီးလုပ်

ပြီး ကောင်းမှုကုသိုလ်တွေ တပွေ့တပိုက်ကြီးနဲ့ နှစ်သစ်ကိုကြို

နိုင်ကြပါစေ။


နောင်တမရနိုင်သောလမ်းကိုရွေးပြီး ဘဝကို အန္တရာယ်ကင်း

စွာ လျှောက်လှမ်းအောင်မြင်ပျော်ရွှင်နိုင်ကြပါစေ။

#U Kyaw Thet Linn

Zawgyi


ချောင်းကြည့်ရင်း…


အထူးသဖြင့် ဒီကာလမှာ





၉.၄.၂၀၂၀









၉.၄.၂၀၂၀










နိုင်ကြပါစေ။



#U Kyaw Thet Lin